မျက်လုံးရဲ့ဘေးမှာ အသားအရေက မတင်းရင်းတော့ဘဲ သဘာဝအဆီတွေ လျော့နည်းလာတဲ့အခါမှာ အရေးအကြောင်းတွေ ဖြစ်ပေါ်လာပါတယ်။
အသက်ကြီးလာခြင်း၊ မျက်လုံးမှေးပြီးကြည့်ခြင်း၊ ပြုံးရယ်တာများခြင်း စတဲ့အကြောင်းအချက်တွေကြောင့် မျက်လုံးဘေးမှာ အရေးအကြောင်းတွေ ဖြစ်ပေါ်လာပါတယ်။ မျက်လုံးဘေးက အရေးအကြောင်းတွေကို နည်းပါးသွားအောင် ပြုလုပ်လို့ရမယ့် နည်းလမ်းလေးတွေ ရှိပါတယ်။
၁။ အသားအရေကို အစိုဓာတ်ဖြည့်ပါ။
Eye-cream ကို တစ်နေ့နှစ်ကြိမ်ခန့် မျက်လုံးတစ်ဝိုက်မှာ လိမ်းပေးပြီး အစိုဓာတ်ဖြည့်ပါ။ မနက်ခင်း မိတ်ကပ်မလိမ်းခင်မှာ တစ်ခါ၊ ညအိပ်ရာမဝင်ခင်မှာတစ်ခါ လိမ်းပေးနိုင်ပါတယ်။ Eye-cream ကိုဝယ်တဲ့အခါ niacinamide, collagen, vitamin C, retionl, hyaluronic acid, peptides တို့ပါဝင်တာကို ရွေးချယ်သင့်ပါတယ်။
၂။ ခန္ဓာကိုယ်ကို ရေဓာတ်ဖြည့်ပါ။
ခန္ဓာကိုယ်မှာ ရေဓာတ်ပြည့်ဝနေဖို့အတွက် တစ်နေ့ကို အနည်းဆုံး ရေ ၆ခွက်ခန့် သောက်ပေးသင့်ပါတယ်။ သင်က ကော်ဖီသောက်တတ်သူဆိုရင် ရေကို ပိုများများသောက်ပေးပါ။ ကော်ဖီသောက်တာက ခန္ဓာကိုယ်က ရေဓာတ်တွေကို လျော့နည်းသွားစေပါတယ်။
၃။ နေရောင်ခြည်ဒဏ်ကနေ ကာကွယ်ပါ။
အပြင်ထွက်တိုင်းမှာ SPF ၃၀ အနည်းဆုံးပါဝင်တဲ့ snuscreen ကို လိမ်းပေးပါ။ မျက်လုံးအတွက်လည်း ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်ပေးတဲ့ မျက်မှန်ကို တပ်ပေးပါ။
၄။ အိပ်စက်တဲ့ပုံစံ
ဘေးစောင်းအိပ်တတ်သူတွေမှာ မျက်လုံးဘေးအရေးအကြောင်းတွေ ပိုဖြစ်လာပါတယ်။ အဲဒါကြောင့် ဘေးစောင်းမအိပ်ဘဲ ပက်လက်အိပ်တာက အရေးအကြောင်းတွေကို လျော့နည်းစေမှာပါ။ အရေးအကြောင်းတွေ မဖြစ်လာဖို့ ပိုးသားခေါင်းအုံးစွပ်ကိုပဲ အသုံးပြုသင့်ပါတယ်။
၅။ ကြက်ဥ
ကြက်ဥအကာကို အမြှုပ်ထလာတဲ့အထိ ခေါက်ပြီး မျက်လုံးတစ်ဝိုက်အပါအဝင် မျက်နှာတစ်ပြင်လုံးမှာ လိမ်းပေးပါ။ ခြောက်သွေ့သွားတဲ့အခါ နောက်ထပ်တစ်လွှာထပ်ပြီး လိမ်းပေးပါ။
၁၅ မိနစ်ခန့်ကြာပြီးနောက်မှာတော့ ဆပ်ပြာနဲ့ မျက်နှာသစ်လိုက်လို့ရပါပြီ။ တစ်ပတ်ကို ၃ ကြိမ်ခန့်ပြုလုပ်ပေးရင် မျက်နှာက တင်းရင်းလှပပြီး ရေဓာတ်ပြည့်ဝလာမှာပါ။
၆။ သခွားသီး
သခွားသီးလေးတွေကို ပါးပါးလေးတွေ လှီးပြီး မျက်လုံးပေါ်မှာ ကပ်ထားပေးပါ။ ၁၀ မိနစ်ခန့် ထားပြီးနောက်မှာတော့ ခွာလိုက်လို့ရပါပြီ။ သခွားသီးက မျက်နှာအသားအရေကို ရေဓာတ်ဖြည့်ပေးပြီး အရေးအကြောင်းတွေ လျော့ပါးစေပါတယ်။
၇။ မိတ်ကပ်
မျက်ကပ်ရွေးချယ်တဲ့အခါ ဆီလီကွန်ကိုအခြေခံထားတဲ့ ပရိုင်မာကို ရွေးချယ်ပါ။ သူက အရေးအကြောင်းတွေကို ဖုံးပေးပြီး အသားအရေကို ညီညာစေပါတယ်။
အောက်ခံမိတ်ကပ်လိမ်းတဲ့အခါမှာ မိတ်ကပ်ဖော့ကို စိုအောင်ပြုလုပ်ပြီးမှ လိမ်းပါ။ Concealer နဲ့ အောက်ခံမိတ်ကပ်ကို အရမ်းလိမ်းတာ၊ မိတ်ကပ်အထူကြီးတွေ လိမ်းတာက အရေးအကြောင်းတွေ ပိုဖြစ်ပေါ်လာစေပါတယ်။
Zombie (lovemedia)
0 Comments