သက်တံရောင်လို့ အရောင်စုံနေတဲ့ပန်းတွေက လူတွေရဲ့နှလုံးသားကို ဖမ်းစားနိုင်ပါတယ်။ သက်တံရောင်စုံပန်းတွေကို ဆိုင်မှာ ရှာဝယ်ဖို့တော့ ခက်ခဲပါတယ်။
ဒါပေမယ့် သက်တံရောင်စုံပန်းကို ကိုယ်တိုင်ပြုလုပ်ဖို့တော့ လွယ်ကူပါတယ်။
လိုအပ်သောပစ္စည်းများ
- ဓားတစ်ချောင်း
- လတ်လတ်ဆတ်လတ်ခူးထားတဲ့ နှင်းဆီပန်းအဖြူများ
- အဝကျဉ်းတဲ့ဖန်ခွက် ၃ လုံး
- အစားအစာဆိုးဆေး အဝါရောင်၊ အနီရောင်၊ အပြာရောင်
ရေ
ပြုလုပ်ပုံ
အဆင့် ၁
နှင်းဆီပန်းအဖြူရောင်ကို ဆိုင်က ဝယ်လာလို့ရသလို ခြံထဲကနေ ခူးလို့လည်းရပါတယ်။ ပန်းက လတ်ဆတ်ဖို့အဓိကပါပဲ။ ဒါ့အပြင် ပန်းက လုံးဝပွင့်နေတာမျိုးမဟုတ်ဘဲ ဖူးနေတဲ့နှင်းဆီပန်းလေးဖြစ်ရမှာပါ။
အဆင့် ၂
နှင်းဆီပန်းရဲ့ရိုးတံက အရမ်းရှည်နေရင် ဓားနဲ့ ဖြတ်လိုက်ပါ။ နှင်းဆီပန်းရဲ့ရိုးတံက ၈လက်မကနေ ၁၂လက်မအထိ ရှည်ဖို့လိုအပ်ပါတယ်။
အဆင့် ၃
ပန်းရဲ့ရိုးတဲကို ဓားထက်ထက်နဲ့ အောက်ခြေကနေ အထက်အထိ ၃ လက်မခန့် အပိုင်း ၃ ပိုင်းခွဲလိုက်ပါ။
အဆင့် ၄
ဖန်ခွက် ၃ ခွက်ထဲမှာ အစားအစာဆိုးဆေးတွေကို ၁၂ စက်စီခန့် ထည့်လိုက်ပါ။ ပြီးနောက် ရေရောပြီး မွှေလိုက်ပါ။
အဆင့် ၅
ပန်းရဲ့ရိုးတံကို ၃ ပိုင်းခွဲပြီးပြီးချင်းမှာပဲ အရောင်ထည့်ထားတဲ့ ဖန်ခွက်တွေထဲကို ဖြည်းဖြည်းချင်း နှစ်ထည့်လိုက်ပါ။
အဆင့် ၆
နှင်းဆီပန်းတွေကို နေရောင်ခြည်တဲ့ နေရာမှာ ထားပေးလိုက်ပါ။ ဒါပေမယ့် အပူချိန်အရမ်းမြင့်တဲ့အခါ၊ အလင်းရောင်အရမ်းများတဲ့အခါမှာ ပန်းတွေက နွမ်းသွားတတ်ပါတယ်။
အဆင့် ၇
နာရီအနည်းငယ်ကြာပြီးနောက်မှာ ပန်းရဲ့ပွင့်ဖတ်လေးတွေက အရောင်ပြောင်းနေတာကို တွေ့ရမှာပါ။ ဒါပေမယ့် တစ်ပတ်ခန့်ကြာအောင် ထားလိုက်ရင်တော့ ရလဒ်က အကောင်းဆုံးပါပဲ။ ပန်းတွေကို အရောင်ထဲမှာ စိမ်ထားစဉ်မှာ ရေဓာတ်ပြည့်အောင် ဖြည့်နေပေးဖို့လည်း လိုအပ်ပါတယ်။
အဆင့် ၈
နှင်းဆီပန်းရဲ့ ပွင့်ဖတ်လေးတွေအားလုံး အရောင်ပြောင်းသွားတဲ့အခါမှာတော့ ရိုးတံလေးတွေကို ဖြတ်ပြီး ရေဖြည့်ထားတဲ့ပန်းအိုးထဲမှာ ထားလိုက်လို့ရပါပြီ။
Zombie (lovemedia)
0 Comments