အောင်မြင်တဲ့သူတွေမှာ တူညီတဲ့ကိုယ်ရည်ကိုယ်သွေးတွေရှိတယ်လို့ စိတ်ပညာရှင်တွေက ယုံကြည်ကြပါတယ်။ အဲဒါကြောင့် အောင်မြင်သူတွေရှိတတ်တဲ့ ကိုယ်ရည်ကိုယ်သွေးတွေက ဘယ်လိုမျိုးလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်နော်။
အကောင်းမြင်စိတ်ရှိခြင်း
အကောင်းနဲ့အဆိုး တွဲရှိနေရင်တောင် လူသားတွေရဲ့ ဦးနှောက်က အဆိုးကိုပဲ ရွေးချယ်မြင်တတ်ကြပါတယ်။ အဆိုးမြင်စိတ်က အောင်မြင်မှုနဲ့ ဝေးကွာစေပါတယ်။
အကောင်းမြင်စိတ်ရှိတဲ့သူတွေက အမြဲတမ်း ကောင်းတဲ့ရလဒ်ကိုသာ မျှော်လင့်ပါတယ်။ အကောင်းမြင်စိတ်နဲ့ သင်ခန်းစာတွေယူပြီး မအောင်မြင်မချင်း ကြိုးစားကြပါတယ်။
မဆုတ်မနစ်ကြိုးပမ်းခြင်း
စီးပွားရေး၊ အားကစား၊ ပညာရေး ဘယ်နယ်ပယ်မှာမဆို အောင်မြင်မှုက မဆုတ်မနစ်ကြိုးစားမှုပေါ်မှာ မူတည်နေပါတယ်။ နာမည်ကျော်တွေလည်း ရှုံးနိမ့်ခဲ့ကြဖူးပါတယ်။ ဒါပေမယ့် သူတို့က အခက်အခဲတွေကို ရအောင်ဖြတ်ကျော်ပြီး အောင်မြင်မှုကို ယူခဲ့တာပါ။
အပြုအမူတိုင်းအတွက် တာဝန်ယူခြင်း
အချို့လူတွေရဲ့ အပြုအမူက သူတို့ရဲ့စကားလုံးတွေနဲ့ မကိုက်ညီပါဘူး။ ကတိပေးမယ့် ကတိမတည်တတ်ကြပါဘူး။ အဲဒီလိုလူတွေက အမှားများစွာပြုလုပ်ပြီး တာဝန်လည်း မဲ့တတ်ကြပါတယ်။
အောင်မြင်မယ့်သူက ကတိကို မဖြစ်ဖြစ်အောင်တည်ပြီးတော့ အပြုအမူတိုင်းအတွက် အပြည့်အဝတာဝန်ယူကြပါတယ်။
ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိခြင်း
ယုံကြည်မှုဆိုတာ သံလိုက်လိုပါပဲ။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိတဲ့သူတွေက အခြားသူတွေကို ဆွဲဆောင်နိုင်ပါတယ်။ အဲဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိခြင်းက အဓိကသော့ချက်ပါပဲ။
ခံနိုင်ရည်ရှိခြင်း
အောင်မြင်မှုကို သွားတဲ့လမ်းမှာ ဆုံးရှုံးမှုတွေကို တွေ့ရမှာ အသေအချာပါပဲ။ ဆုံးရှုံးမှုတွေကို ခံနိုင်ရည်မရှိရင် အောင်မြင်ဖို့က ဝေးကွာနေဦးမှာပါပဲ။ ဒါ့အပြင် အောင်မြင်မှုကို ခံနိုင်ရည်မရှိရင်လည်း နောက်ပြန်လှိမ့်ကျနေမှာပါ။
စနစ်ကျခြင်း
အောင်မြင်တဲ့သူတွေက အမြဲတမ်းစနစ်ကျပါတယ်။ သူတို့ရဲ့အချိန်၊ အောင်မြင်မှု၊ ဦးစားပေမယ့်အရာတွေကို အမြဲစီစဉ်ထားတတ်ကြပါတယ်။ ဘယ်တော့မှ ဖရိုဖရဲမပြုလုပ်တတ်ကြပါဘူး။ စနစ်ကျတာကြောင့် အချိန်တွေ၊ လုပ်အားတွေက ပိုထွက်လာပြီး အောင်မြင်မှုနဲ့ ပိုမိုနီးစပ်လာပါတယ်။
အလိုက်သင့်ပြောင်းလဲနိုင်ခြင်း
မတူညီတဲ့အခြေအနေတိုင်းကို အလိုက်သင့်ပြောင်းလဲနေထိုင်တတ်ပြီး အခက်အခဲတွေကို နိုင်နိုင်နင်းနင်း ကိုင်တွယ်ဖြေရှင်းနိုင်တာက အောင်မြင်သူတွေရဲ့ အရည်အချင်းတစ်ရပ်ပါ။
ကိုယ့်ကိုယ်ကိုယ် စည်းကမ်းချမှတ်ခြင်း
စိတ်ကို အလိုလိုက်တာက ရှုံးနိမ့်မှုတွေနဲ့ များစွာတွေ့ကြုံရစေမှာပါ။ ကိုယ့်ကိုယ်ကိုယ် စည်းကမ်းသတ်မှတ်ထားတာက အောင်မြင်ဖို့အတွက်မရှိမဖြစ် လိုအပ်တဲ့ အဓိကအရာပါ။
အမြဲလိုလိုလေ့လာနေခြင်း
အောင်မြင်တဲ့သူတွေက သူတို့ရဲ့အလုပ်နဲ့ သက်ဆိုင်တဲ့အကြောင်းအရာတွေကို အမြဲတမ်းလေ့လာနေတတ်ပါတယ်။ လေ့လာမှုကို ရပ်တန့်ပစ်လိုက်တယ်ဆိုတာလည်း မရှိသလို အကုန်အစင်သိမြောက်ပြီလို့လည်း မခံယူကြပါဘူး။
ပေါင်းသင်းဆက်ဆံရေးကောင်းမွန်ခြင်း
အောင်မြင်မှုဆိုတာ ကိုယ်တစ်ယောက်ရဲ့အားနဲ့ အမြဲတမ်းရချင်မှ ရနိုင်ပါလိမ့်မယ်။ မိတ်ကောင်းဆွေကောင်းရှိခြင်းကလည်း အောင်မြင်မှုရဖို့အတွက် အထောက်အပံ့ကောင်းတစ်ခုပါပဲ။
Zombie (lovemedia)
0 Comments