အစားအသောက်တွေကို ဝယ်တဲ့အခါ ကုန်ဆုံးရက်၊ ပါဝင်ပစ္စည်း၊ သတိပေးချက်၊ အသုံးပြုပုံတို့ကို အရင်ဆုံးဖတ်ဖို့က အဓိကပါပဲ။ ဒါပေမယ့် အစားအသောက်တွေပေါ်မှာ ရေးထားတဲ့ အညွှန်းတွေနဲ့ အထဲမှာပါဝင်တဲ့အစားအသောက်တွေက အနည်းငယ် ကွာခြားနိုင်ပါတယ်။
၁။ ကလေးအစားအစာတွေမှာ ထင်ထားတာထက် သကြားတွေ ပိုမိုပါဝင်နေပါတယ်။
ကလေးအစားအစာတွေကို ကျန်းမာရေးနဲ့ညီညွတ်ကြောင်း ကြော်ငြာကြပါတယ်။ လက်တွေ့မှာတော့ ကလေးတွေစားတဲ့ အစားအစာတွေမှာ သကြားတွေ အများကြီး ပါဝင်နေတတ်ပါတယ်။
အသီးအနှံအရသာလို့ ရေးထားပေမယ့် လက်တွေ့မှာတော့ သကြားတွေက လူကြီးတွေစားတဲ့ အစားအစာတွေထက်တောင် များနေတတ်ပါတယ်။
၂။ နိုက်ထရိတ်မပါဘူးလို့ ရေးထားပေမယ့်လည်း စိတ်မချရပါဘူး။
အသားတွေကို ဝယ်တဲ့အခါမှာ နိုက်ထရိတ်ကင်းရှင်းကြောင်း ရေးထားတတ်ပါတယ်။ နိုက်ထရိတ်က ကျန်းမာရေးအတွက် အရမ်းကို အန္တရာယ်ရှိပါတယ်။ အသားကင်တွေမှာဆိုရင် ပိုမိုပါဝင်နေတတ်ပါတယ်။
အစားအစာတွေမှာ နိုက်ထရိတ်အပြင် ဆာလဖိတ်၊ ဖော့စဖိတ်၊ BHT, BHA တို့ကင်းရှင်းတဲ့အစားအစာတွေကိုသာ ဝယ်သင့်ပါတယ်။
၃။ "Fat-free" ဆိုတာ အဆီလုံးဝမပါဝင်တာကို မဆိုလိုပါဘူး။
အဆီရှောင်ချင်သူတွေက "Fat-free" လို့ရေးထားတဲ့ အစားအစာတွေကို ရွေးချယ်ကြပါတယ်။ ဒါပေမယ့် "Fat-free" လို့ ရေးထားတဲ့ အစားအစာတွေမှာတောင်အဆီက ၀.၅ ဂရမ်လောက်ပါဝင်နေပါတယ်။
၄။ 100 ရာခိုင်နှုန်းသဘာဝစစ်စစ်လို့ ရေးထားပေမယ့်လည်း သဘာဝမစစ်ပါဘူး။
ကုန်ပစ္စည်းတွေကို ကြော်ငြာတဲ့အခါမှာ ၁၀၀ရာခိုင်နှုန်းသဘာဝစစ်စစ်လို့ ရေးသားထားကြပါတယ်။ လက်တွေ့မှာတော့ သဘာဝမစစ်ဘဲ ကြာရှည်ခံပစ္စည်းတွေ ပါဝင်နေတတ်ပါတယ်။
ဒါ့အပြင် ကုန်ပစ္စည်းတွေမှာ "Light" လို့လည်း ရေးတတ်ကြပါတယ်။ အဲဒီလိုရေးတဲ့ အစားအစာတွေထဲမှာ အချိုတွေ အများကြီးပါဝင်နေပြီး ကျန်းမာရေးနဲ့လည်း မညီညွတ်ပါဘူး။
၅။ ကယ်လိုရီတွေက ထင်ထားတာထက် ပိုမိုပါဝင်နေတတ်ပါတယ်။
အစားအသောက်တွေရဲ့ထုပ်ပိုးမှုမှာ ကယ်လိုရီ ၁၀၀ လောက်ပါဝင်တယ်လို့ ရေးထားပေမယ့်လည်း လက်တွေ့မှာတော့ ကယ်လိုရီက ၁၂၀ ခန့်ပါဝင်နေတာမျိုး၊ ဒီထက်မက ကယ်လိုရီများနေတာမျိုးတို့ ဖြစ်နေတတ်ပါတယ်။
၆။ Cage-free
ကြက်ဥတွေဝယ်တဲ့အခါမှာ Cage-free လို့ရေးထားတတ်ကြပါတယ်။ Cage-free လို့ရေးထားတဲ့အခါ ကြက်ဥတွေက သဘာဝအတိုင်းဥတဲ့ကြက်ဥ၊ အိမ်ကြက်ဥလို့ ဝယ်သူတွေက ထင်သွားတတ်ကြပါတယ်။ တကယ်တော့ ကြက်ဥတိုင်းနီးပါးဟာ တင်းကြပ်တဲ့လှောင်အိမ်ထဲမှာမွေးမြူပြီး ရလာတဲ့ကြက်ဥတွေပါပဲ။
၇။ အစားအစာတိုင်းနီးပါးမှာ အချိုတွေက အများကြီးပါဝင်နေတတ်ပါတယ်။
အစားအစာရဲ့ ပါဝင်ပစ္စည်းတွေမှာ သကြားကို အခြားသောနာမည်အမျိုးမျိုးနဲ့ ရေးထားတတ်ပါတယ်။ သကြားညို၊ အုန်းသကြား၊ အချိုရည်၊ လက်တို့စ်၊ ဖရက်တို့စ်၊ ဂလက်တို့စ်၊ ဂလူးကို့စ်တဲ့နာမည်တွေကလည်း အချိုတွေရဲ့နာမည်တွေပါပဲ။
၈။ ဂျုံနဲ့ပြုလုပ်ထားတယ်လို့ ရေးထားတဲ့ ကျန်းမာရေးအတွက် မသင့်တော်ပါဘူး။
ဂျုံနဲ့ပြုလုပ်တဲ့အစားအစာတွေက နှလုံးရောဂါ၊ အဝလွန်ရောဂါနဲ့ ဆီးချိုရောဂါဖြစ်နိုင်ချေကို လျော့နည်းစေပါတယ်။ ကြော်ငြာတွေမှာတော့ ဂျုံနဲ့ပြုလုပ်ထားတယ်လို့ ရေးထားပေမယ့် အခြားသော အချိုနဲ့ အဆီတွေက ပါဝင်နေဆဲပါပဲ။ အဲဒါကြောင့် ၁၀၀ ရာခိုင်နှုန်း ဂျုံစစ်စစ်လို့ ရေးထားတဲ့ မုန့်တွေကို ဝယ်သင့်ပါတယ်။
Zombie (lovemedia)
0 Comments