ခြင်ဆေးခွေမလိုဘဲ ခြင်မလာအောင် အိမ်မှာစိုက်ထားနိုင်တဲ့အပင် (၇) ပင်

ခြင်တွေက ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့သက်ရှိတွေဖြစ်တဲ့အပြင် နားငြီးအောင်လည်း ပြုလုပ်တတ်ပါသေးတယ်။ ခြင်တွေက အန္တရာယ်ရှိတဲ့ ရောဂါပိုးမွှားတွေကိုလည်း သယ်ဆောင်ပါသေးတယ်။

ခြင်တွေ မလာအောင်လို့ ခြင်ဆေးခွေထွန်းတာက ကျန်းမာရေးအတွက် မသင့်တော်ပါဘူး။ အဲဒါကြောင့် အိမ်မှာ ခြင်မလာအောင် စိုက်ထားနိုင်တဲ့အပင်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ လာဗင်ဒါပန်း

လာဗင်ဒါပန်းရဲ့ရနံ့က စိတ်ကိုလန်းဆန်းစေပါတယ်။ ဒါ့အပြင် လာဗင်ဒါပန်းရဲ့ရနံ့ကြောင့် ခြင်တွေလည်း မလာတော့ပါဘူး။ လာဗင်ဒါပန်းမှာ မှိုတွေကို တိုက်ထုတ်နိုင်တဲ့အစွမ်းလည်း ရှိပါတယ်။ လာဗင်ဒါပန်းကို တံခါးနားနဲ့ ပြတင်းပေါက်နားမှာ စိုက်ထားရုံနဲ့ ခြင်အန္တရာယ်ကို ကာကွယ်နိုင်မှာပါ။

၂။ ထပ်တစ်ရာပန်း

ထပ်တစ်ရာပန်းက စိုက်ပျိုးဖို့ လွယ်ကူတဲ့ပန်းတစ်မျိုး ဖြစ်ပါတယ်။ ထပ်တစ်ရာပန်းမှာ ပိုးမွှားတွေကို ပြေးစေတဲ့ thiophenes ပါဝင်ပါတယ်။ အဲဒါကြောင့် ခြင်၊ ပျပိုးအပါအဝင် အင်းဆက်ပိုးမွှားတွေကိုလည်း ကာကွယ်နိုင်ပါတယ်။

၃။ ကြွေပန်း

ကြွေပန်းကို ပန်းအလှဆင်တဲ့နေရာမှာ အသုံးများပါတယ်။ ကြွေပန်းကလည်း ခြင်တွေကိုပြေးစေတဲ့ ပန်းတစ်မျိုးပါပဲ။ ကြွေပန်းက မြန်မြန်ကြီးပြင်းလွယ်ပြီး ရာသီဥတုဒဏ်ကိုလည်း ခံနိုင်ရည်ရှိပါတယ်။ အရမ်းအေးတဲ့ရာသီဥတုမှာတောင် ကြွေပန်းက ရှင်သန်နိုင်ပါတယ်။

၄။ ရို့စ်မေရီ

ရို့စ်မေရီကို ဟင်းခတ်အမွှေးအကြိုင်အဖြစ် အသုံးပြုကြသလို ခြင်ပြေးအောင်လည်း အသုံးပြုကြပါတယ်။ ရို့စ်မေရီပန်းပင်ကို အိမ်တစ်ဝိုက်မှာစိုက်ထားရင် ခြင်တွေ မလာနိုင်တော့ပါဘူး။ ရို့စ်မေရီပန်းရဲ့အရွက်ကို မီးရှို့တဲ့အခါမှာ ကျန်ခဲ့တဲ့ရနံ့ကလည်း ခြင်မလာအောင် ကာကွယ်ပေးပါတယ်။

၅။ ပက်ပါမင့်

ပက်ပါမင့်ကို ဟင်းချက်ပြုတ်တဲ့နေရာမှာ အသုံးများပါတယ်။ ပက်ပါမင့်ဆီက အဖျားကိုတောင် ကျစေနိုင်ပါတယ်။ ဒါ့အပြင် ပက်ပါမင့်အပင်ကို စိုက်ထားရုံနဲ့ ခြင်အန္တရာယ်ကနေ ကာကွယ်ပြီးသား ဖြစ်စေပါတယ်။

၆။ ပင်စိမ်း

ပင်စိမ်းက အရသာရှိတဲ့ဟင်းခတ်အမွှေးအကြိုင်ဖြစ်ရုံတင်မကပါဘူး။ အိမ်မှာ ခြင်မလာအောင် ကာကွယ်ပေးတဲ့အပင်လည်းဖြစ်ပါတယ်။ ပင်စိမ်းရဲ့ရနံ့က အဆိပ်အတောက်ဖြစ်စေတဲ့ခြင်တွေကိုတောင် ဝေးဝေးပြေးစေပါတယ်။

၇။ တောနှံပင်

တောနှံပင်က ကြောင်လေးတွေ ကြိုက်တဲ့အပင်ပါ။ တောနှံပင်က လှပတဲ့အပြင် ခြင်တွေမလာအောင်လည်း ကူညီပေးပါတယ်။ လေ့လာချက်တွေအရ တောနှံပင်က ခြင်ဆေးခွေတွေထက် ၁၀ ဆ ပိုပြီး အစွမ်းထက်ပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments