ခေါင်းအုံးရွေးချယ်မှုမှားတဲ့အခါ ခန္ဓာကိုယ်မှာ ဘယ်လိုဆိုးကျိုးတွေ ရလာစေမလဲ

ညဘက်မှာ ကောင်းကောင်းအိပ်ပျော်အောင် ခေါင်းအုံးရွေးချယ်မှုမှန်ကန်စေဖို့က အရေးကြီးပါတယ်။ ရွေးချယ်လိုက်တဲ့ခေါင်းအုံးက မမှန်ကန်တဲ့အခါမှာ အိပ်ရေးပျက်ပြီး အခြားသောကျန်းမာရေးကိုပါ ထိခိုက်လာစေပါတယ်။

၁။ လည်ပင်းနာလာခြင်း

ခေါင်းကို အကြာကြီးစောင်းပြီးအိပ်တဲ့အခါမှာ အိပ်ရတာ အဆင်မပြေဖြစ်လာပါတယ်။ ခေါင်းအုံးက အရမ်းမာနေတာပဲဖြစ်ဖြစ်၊ အရမ်းပျော့နေတာပဲဖြစ်ဖြစ် ခေါင်းစောင်းရတာကြောင့် လည်ပင်းနာလာတတ်ပါတယ်။

ဘေးစောင်းအိပ်တတ်သူတွေအတွက် မထူမပါးခေါင်းအုံးက အဆင်ပြေပြီးတော့ မှောက်အိပ်တတ်သူတွေအတွက်တော့ နူးညံ့တဲ့ခေါင်းအုံးက ပိုကောင်းပါတယ်။

၂။ ကျောနာလာခြင်း

ရွေးချယ်လိုက်တဲ့ခေါင်းအုံးက လည်ပင်း၊ ပုခုံး၊ နောက်ကျောတို့ပါ သက်ရောက်မှုရှိစေပါတယ်။ ခေါင်းအုံးကြောင့် ခန္ဓာကိုယ်အနေအထားမမှန်တဲ့အခါမှာ နောက်ကျောပါ နာကျင်လာပါတယ်။ မှောက်အိပ်တတ်သူတွေအတွက် ပြားနေတဲ့ခေါင်းအုံးကို ရွေးချယ်သင့်ပါတယ်။

ဘေးစောင်းအိပ်တတ်သူတွေအတွက် လည်ပင်းနဲ့ကျောရိုးကို တစ်တန်းတည်းဖြစ်စေမယ့်ခေါင်းအုံးက အကောင်းဆုံးပါ။ ပက်လက်အိပ်တတ်သူတွေအတွက် လည်ပင်းကို အနည်းငယ်ကွေးသွားစေမယ့် ခေါင်းအုံးကို ရွေးချယ်ပါ။

၃။ ခေါင်းကိုက်ခြင်း

ခေါင်းအုံးရွေးချယ်မှုများတဲ့အခါမှာ မကြာခဏခေါင်းကိုက်တတ်လာပါတယ်။ ခေါင်းအုံးကြောင့် လည်ပင်းက အရမ်းကို အားစိုက်လာရပါတယ်။ အဲဒါကြောင့် မနက်အိပ်ရာထတဲ့အခါမှာ ခေါင်းကိုက်နေတတ်ပါတယ်။

၄။ ဓာတ်မတည့်ခြင်း

ခေါင်းအုံးမှာ ဆဲလ်သေတွေ၊ ဖုန်တွေ၊ အဆီတွေ၊ ဘက်တီးရီးယားတွေ ကပ်နေပါတယ်။ ခေါင်းအုံးစွပ်ကို ပုံမှန်မလျှော်ပေးတဲ့အခါမှာ ဓာတ်မတည့်တာကို ခံစားလာရစေပါတယ်။ ဒါ့အပြင် ဝက်ခြံတွေလည်း ပိုဖြစ်လာစေပါတယ်။

၅။ အိပ်မပျော်ခြင်း

ခေါင်းအုံးမှာ ကပ်နေတဲ့ဖုန်တွေကြောင့် ဓာတ်မတည့်တဲ့အခါမှာ၊ ခေါင်းအုံးအဆင်မပြေတာကြောင့် လည်ပင်းနာတဲ့အခါ အိပ်ပျော်ဖို့ ခက်ခဲလာပါတယ်။ အိပ်စက်ချိန်မလုံလောက်ရင် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့အားအင်တွေလည်း ရရှိမှာမဟုတ်ပါဘူး။

အိပ်စက်ချိန်မလုံလောက်တာကြောင့် နေ့ဘက်မှာ အာရုံစိုက်နိုင်မှုတွေ လျော့ကျလာပါတယ်။ သွေးဖိအားတွေတိုးလည်း တိုးလာစေပါတယ်။

၆။ အသားအရေပြဿနာ

မှောက်အိပ်တတ်သူတွေမှာ ခေါင်းအုံးနဲ့မျက်နှာ အမြဲတမ်းထိနေတာကြောင့် အသားအရေပြဿနာတွေကို ကြုံတွေ့ရပါတယ်။ မျက်နှာမှာ ဝက်ခြံတွေလည်း ခဏခဏပေါက်လာပါတယ်။

ဒါကို ကာကွယ်ဖို့အတွက် ခေါင်းအုံးစွပ်ကို ပုံမှန်လျှော်ပေးပါ။ ဘေးစောင်းအိပ်တဲ့အခါမှာလည်း မျက်လုံးဘေးမှာ အရေးအကြောင်းတွေဖြစ်ပေါ်လာပါတယ်။ အဲဒါကြောင့် ပိုးသားခေါင်းအုံးစွပ်က အကောင်းဆုံးပါ။

၇။ ဟောက်ခြင်း

ခေါင်းအုံးအနေအထားမမှန်တာကြောင့် ဟောက်သံက ပိုထွက်လာပါတယ်။ ဖုန်တွေနဲ့ ဓာတ်မတည့်သူဖြစ်ရင် နှာခေါင်းအတွင်းပိုင်းနဲ့ လည်ချောင်းရောင်ရမ်းပြီး အသက်ရှူရတာ အဆင်မပြေဖြစ်လာပါတယ်။ အဲဒီကနေ ဟောက်သံတွေကလည်း ပိုကျယ်လာပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments