အိမ်မွေးတိရစ္ဆာန်လေးတွေ ကျန်းမာရေးမကောင်းတဲ့အခါ အရေးပေါ်ကယ်ဆယ်ပေးနိုင်မယ့်နည်းလမ်း (၆) ခု

အိမ်မွေးတိရစ္ဆာန်လေးတွေက မိသားစုဝင်လို ဖြစ်နေတာကြောင့် သူတို့နေမကောင်းတဲ့အခါ ပိုင်ရှင်တွေက အရမ်းစိတ်ပူကြရပါတယ်။ ခွေးလေးတွေ၊ ကြောင်လေးတွေ နေမကောင်းဖြစ်တဲ့အခါမှာ အရေးကြီးဆုံးအရာကတော့ စိတ်တည်တည်ငြိမ်ငြိမ်ထားဖို့ပါပဲ။

အဲဒါကြောင့် ခွေးလေးတွေ၊ ကြောင်လေးတွေရဲ့ အရေးအပေါ်အခြေအနေတွေမှာ အသက်ကယ်နိုင်အောင် ပြုလုပ်သင့်တဲ့အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ နှလုံးခုန်နှုန်းကို စစ်ဆေးပါ။

ခွေးလေးတွေ၊ ကြောင်လေးတွေ အရေးပေါ်ကျန်းမာရေးနဲ့ကြုံတွေ့တဲ့အခါမှာ နှလုံးခုန်နှုန်းကို အရင်ဆုံး စစ်ဆေးကြည့်ပါ။ နှလုံးခုန်နှုန်းကို နှလုံးရဲ့အပေါ်မှာ လက်တင်ပြီးတော့ တိုင်းတာလို့ရပါတယ်။

သွေးခုန်နှုန်းကိုတော့ ခွေးနောက်ခြေထောက်ရဲ့အတွင်းဘက်မှာ တိုင်းတာနိုင်ပြီးတော့ ကြောင်တွေမှာဆိုရင်တော့ ရှေ့လက်ရဲ့အတွင်းဘက်မှာ တိုင်းတာနိုင်ပါတယ်။

ခွေးကြီးတွေမှာဆိုရင် - တစ်မိနစ်ကို နှလုံးခုန်နှုန်း ၆၀ ကနေ ၁၀၀ အထိ

ခွေးငယ်လေးတွေမှာဆိုရင်- တစ်မိနစ်ကို နှလုံးခုန်နှုန်း ၈၀ ကနေ ၁၃၀ အထိ

ကြောင်တွေမှာဆိုရင် -တစ်မိနစ်ကို နှလုံးခုန်နှုန်းက ၁၄၀ ကနေ ၁၈၀ အထိ ရှိတတ်ပါတယ်။

အိမ်မွေးတိရစ္ဆာန်လေးတွေရဲ့ အသက်ရှူနှုန်းကို ရင်ဘတ်မှာ ၁၅ စက္ကန့်လောက် တိုင်းတာပြီး ၄ နဲ့ မြှောက်လိုက်ပါ။

ခွေးတွေမှာ အသက်ရှူနှုန်းက တစ်မိနစ်ကို ၁၀ ကြိမ်ကနေ အကြိမ် ၃၀ အထိ ရှိပါတယ်။ ကြောင်တွေမှာ အသက်ရှူနှုန်းက တစ်မိနစ်ကို အကြိမ် ၂၀ ကနေ အကြိမ် ၄၀ အထိ ရှိပါတယ်။

အပူချိန်တိုင်းတာဖို့အတွက် သာမိုမီတာကို ခွေးလေးတွေ၊ ကြောင်လေးတွေရဲ့ စအိုထဲကို ထည့်လိုက်ပါ။ ခွေးတွေမှာပဲဖြစ်ဖြစ်၊ ကြောင်တွေမှာပဲဖြစ်ဖြစ် သာမုန်အပူချိန်က ၁၀၀.၅ ဒီဂရီဖာရင်ဟိုက်ကနေ ၁၀၂.၅ ဒီဂရီဖာရင်ဟိုက်အထိ ရှိပါတယ်။

၂။ အသက်ရှူကျပ်နေတဲ့အခါ

အိမ်မွေးတိရစ္ဆာန်လေးတွေ အသက်ရှူကျပ်နေတဲ့အခါ

- အသက်ရှူလိုက်တိုင်း အသံအကျယ်ကြီးထွက်နေခြင်း

- ပါးစပ်ကို ကုပ်ခြစ်ခြင်း

- လျှာနဲ့ နှုတ်ခမ်းများ ပြာလာခြင်း စတဲ့လက္ခဏာတွေ ပြလာတတ်ပါတယ်။

ခွေးလေးတွေ၊ ကြောင်လေးတွေမှာ တစ်ခုခုဆို့နင်ပြီးတော့ အသက်ရှူကျပ်နေတဲ့အခါ

- ပါးစပ်ကို ဟပြီးတော့ အထဲမှာ တစ်ခုခုဆို့နင်နေလားဆိုာတ စစ်ဆေးကြည့်ပါ။ ပါးစပ်ထဲမှာ တစ်ုခုခုဆို့နင်နေတဲ့အခါ ဇာဂနာနဲ့ ဖြည်းဖြည်းချင်းဆွဲထုတ်ပါ။ ဆို့နင်နေတဲ့အရာဝတ္တုက ဗိုက်ထဲကို ကျမသွားဖို့ အရေးကြီးပါတယ်။ ဆို့နင်နေတဲ့အရာကို ဆွဲထုတ်ဖို့ ခက်ခဲတဲ့အခါမှာတော့ တိရစ္ဆာန်ဆရာဝန်နဲ့သာ ပြသသင့်ပါတယ်။

- ဆို့နင်နေတဲ့အရာကဖယ်ရှားဖို့ နောက်တစ်နည်းကတော့ ခွေးရဲ့နံရိုးနေရာမှာ လက်ကို ထားလိုက်ပြီး ခပ်မြန်မြန် ဖိပေးပါ။

၃။ အဆိပ်မိတဲ့အခါ

လူသားတွေအတွက် အဆိပ်အတောက်ဖြစ်စေတဲ့အရာတွေက အိမ်မွေးတိရစ္ဆာန်တွေအတွက်လည်း အဆိပ်အတောက်ဖြစ်စေပါတယ်။ သန့်ရှင်းရေးသုံးပစ္စည်းနဲ့ အချို့သော လူအစားအစာတွေက ခွေးလေးတွေ၊ ကြောင်လေးတွေနဲ့ မတည့်ပါဘူး။

ခွေးလေးတွေ၊ ကြောင်လေးတွေ အဆိပ်ဖြစ်စေတဲ့အရာတွေကို စားလာတယ်လို့ သတိထားမိတာနဲ့ သူတို့ရဲ့ နှာခေါင်း၊ ပါးစပ်၊ မျက်လုံးတွေကို ရေနဲ့ဆေးကြောပေးပါ။ အရေပြားကို ဆပ်ပြာနဲ့ဆေးကြောပေးလို့ရပါတယ်။ ပြီးတာနဲ့ တိရစ္ဆာန်ဆရာဝန်ဆီကို မြန်မြန်သွားပြသင့်ပါတယ်။

အိမ်မွေးတိရစ္ဆာန်လေးတွေမှာ အဆိပ်မိလာရင် ခန္ဓာကိုယ်ယိုင်နဲ့သွားတာ၊ သတိလစ်တာ၊ အသက်ကို မောပန်းတကြီးရှူရတာ စတဲ့လက္ခဏာတွေ ပြတတ်ပါတယ်။

အိမ်မွေးတိရစ္ဆာန်လေးတွေရဲ့ အရေးပေါ်အခြေအနေတွေမှာ အသုံးပြုနိုင်ဖို့အတွက် လိင်အမျိုးအစား၊ အသက်၊ ခွေးအမျိုးအစား၊ နာမည်တို့ကို ရေးမှတ်ထားသင့်ပါတယ်။ ဆရာဝန်ကို ပြသဖို့ သူတို့အန်ထားတဲ့အရာတွေကိုလည်း အိတ်အကြည်ထဲမှာ ထည့်ထားလိုက်ပါ။

၄။ လေသင်တုန်းဖြတ်တဲ့အခါ

ခွေးလေးတွေ လေသင်တုန်းဖြတ်သွားတဲ့အခါမှာ

- သူတို့ကို ထိခိုက်စေမယ့်အရာတွေကို ခပ်ဝေးဝေးမှာ ထားလိုက်ပါ။

- ခွေးလေးတွေ လေသင်တုန်းဖြတ်တဲ့ကြာချိန်ကို မှတ်ထားပေးပါ။ ပုံမှန်အားဖြင့် အချိန် ၂ မိနစ်ကနေ ၃ မိနစ်ခန့် ကြာမြင့်ပါတယ်။

- ရပ်သွားတဲ့အခါမှာ ဆရာဝန်ဆီကို မြန်နိုင်သမျှ မြန်မြန်ပြသသင့်ပါတယ်။

၅။ ခြေတွေ၊ လက်တွေကျိုးသွားတဲ့အခါ

ခွေးလေးတွေ၊ ကြောင်လေးတွေ ခြေလက်ကျိုးသွားတဲ့အခါမှာ နာကျင်မှုကြောင့် ဘေးကလူတွေကို ကိုက်တတ်ပါတယ် အဲဒါကြောင့် သူတို့ရဲ့ နှုတ်သီးမှာ အစွပ်စွပ်ထားပေးပါ။

ဆရာဝန်ဆီကို ခေါ်သွားတော့မယ်ဆိုရင် သူတို့ကို စောင်ထဲမှာ ထည့်ပြီး ခေါ်သွားသင့်ပါတယ်။ ခြေတွေ၊ လက်တွေ ကျိုးသွားတဲ့အခါမှာ အိမ်မှာ ဆေးမြီတိုတွေနဲ့ မကုသဘဲ ဆရာဝန်နဲ့သာ ပြသင့်ပါတယ်။

၆။ ခွေးလေးတွေ၊ ကြောင်လေးတွေရဲ့ သွားဖုံးအရောင်

အိမ်မွေးတိရစ္ဆာန်လေးတွေရဲ့ သွားဖုံးအရောင်ကနေ သူတို့ရဲ့ကျန်းမာရေးကို သိနိုင်ပါတယ်။ သွားဖုံးက ပန်းရောင်နဲ့ ပန်းရောင်ဖျော့ဖြစ်နေရင် သွားဖုံးကျန်းမာပြီး သွေးလည်ပတ်မှုလည်း ကောင်းမွန်ပါတယ်။

အဝါရောင်၊ အနီရောင်၊ အပြာရောင်၊ ခရမ်းရောင်၊ အဖြူရောင်၊ မီးခိုးရောင်တို့ ဖြစ်နေရင်တော့ သွားဖုံးမှာ ပြဿနာရှိနေနိုင်ပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments