ဆောင်းရာသီမှာ နှုတ်ခမ်းအက်ကွဲတာကို သက်သာဖို့ အိမ်မှာတင် ပြုလုပ်နိုင်တဲ့ Lip balm

ဆောင်းရာသီရောက်လာပြီဖြစ်တာကြောင့် နှုတ်ခမ်းတွေက ခြောက်သွေ့အက်ကွဲလာပါတယ်။ နှုတ်ခမ်းရေဓာတ်ပြည့်ဖို့၊ စိုပြေနေစေဖို့ Lip balm လေးတွေက အထူးလိုအပ်ပါတယ်။

အဲဒါကြောင့် အိမ်မှာတင် ကိုယ်တိုင် Lip balm ပြုလုပ်နိုင်မယ့်နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

လိုအပ်သောပစ္စည်းများ

- ပျားဖယောင်း ၀.၁၇ အောင်စ

- အုန်းဆီလက်ဖက်ရည်ဇွန်း ၃ ဇွန်း

- vitamin E ၂ တောင့်

- ပျားရည်လက်ဖက်ရည်ဇွန်း၂ ဇွန်း

အခြားပစ္စည်းများ

- ဒန်အိုး

- ဖန်ပန်းကန်လုံး

- ဇွန်း

- Lip balm ကို သိမ်းဆည်းဖို့ ဘူးတစ်လုံး

ပြင်ဆင်ပုံ

၁။ အုန်းဆီနဲ့ပျားဖယောင်းကို အရည်ပျော်သွားအောင် အိုးထဲမှာ အပူပေးပါ။ ဇွန်းနဲ့ ညင်ညင်သာသာ မွှေပေးပါ။

၂။ အုန်းဆီနဲ့ ပျားဖယောင်း အရည်ပျော်သွားတဲ့အခါ ဖန်ပန်းကန်လုံးထဲကို ပြောင်းထဲပြီး အခန်းအပူချိန်မှာ အအေးခံထားပါ။

၃။ ပြီးနောက် ပျားရည်နဲ့ vitamin E ကို ဖောက်ထည့်ပြီး ပျစ်လာတဲ့အထိ၊ နှံ့သွားတဲ့အထိ မွှေပေးပါ။

၄။ Lip balm သိမ်းဆည်းမယ့်ဘူးကို အရက်ပြန်နဲ့ သန့်ရှင်းရေး ပြုလုပ်ပေးပါ။ ရလာတဲ့ Lip balm တွေကို ဘူးထဲမှာ ထည့်ပြီး ခဲသွားတဲ့အထိ စောင့်ပေးပါ။

၅။ Lip balm ခဲသွားအထိ ၁၅ မိနစ်ခန့် စောင့်ပေးပြီးနောက် နှုတ်ခမ်းမှာ လိမ်းပေးလို့ရပါပြီ။

Bonus

Lip balm ကို ရနံ့မွှေးချင်တဲအ့ခါ နှစ်သက်ရာရနံ့ဆီ အနည်းငယ်ကို ထပ်ထည့်နိုင်ပါတယ်။ ဒါ့အပြင် အရောင်လှပဖို့အတွက် အပင်ကနေ ရတဲ့သဘာဝဆိုးဆေးတွေကိုလည်း ထည့်ပေးလို့ရပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments