တစ်ခါတရံမှာ သူငယ်ချင်းတွေမရှိဘဲ တစ်ယောက်တည်းနေထိုင်တာက ဘယ်လိုအကျိုးကျေးဇူးတွေရရှိစေလဲ

ဘဝမှာ အောင်မြင်ဖို့အတွက် မိတ်ဆွေကောင်းက မဖြစ်မနေလိုအပ်ပါတယ်။ သူငယ်ချင်းကောင်း၊ မိတ်ဆွေကောင်းတွေက ပျော်ရွှင်မှုတွေကို ဖန်တီးပေးနိုင်ပါတယ်။

ဒါပေမယ့် လေ့လာချက်တစ်ခုအရ တစ်ခါတရံမှာ သူငယ်ချင်းတစ်ယောက်မှမရှိဘဲ တစ်ယောက်တည်းနေတာက ပိုကောင်းတာကို တွေ့ရှိခဲ့ကြပါတယ်။

တစ်ယောက်တည်းအချိန်ကုန်ဆုံးတာက တီထွင်ဖန်တီးနိုင်မှုတွေကို တိုးမြှင့်ပေးပါတယ်။

အပေါင်းအသင်းတွေနဲ့ အချိန်ကုန်တာများနေတဲ့အခါမှာ တီထွင်ဖန်တီးမှုစွမ်းအားတွေက လျော့လာပါတယ်။ အေးအေးဆေးဆေးစဉ်းစားဖို့အချိန်တွေလည်း နည်းပါးလာပါတယ်။ တစ်ခါတရံ သူငယ်ချင်းမရှိဘဲ နေထိုင်တာက စိတ်အေးနားအေးပြီး အတွေးတွေကိုလည်း ပိုမိုအာရုံစိုက်လာနိုင်ပါတယ်။

ကွဲပြားစွာ ရှုမြင်တတ်လာခြင်း

တစ်ခါတရံမှာ အပေါင်းအသင်းတွေ ပျော်ရွှင်ဖို့အတွက် မိမိရဲ့ဆန္ဒတွေ၊ ခံစားချက်တွေကို နောက်ဆုတ်ပေးရတတ်ပါတယ်။ ဒါပေမယ့် အကြိမ်ပေါင်းများစွာ ထပ်လာတဲ့အခါမှာတော့ ကိုယ့်ကိုယ်ကိုယ်ဖြစ်တည်မှုတွေ ပျောက်လာပါတယ်။

မြင်နေကျအရာတွေကို မတူညီတဲ့အမြင်နဲ့ ကြည့်ဖို့ဆိုတာက အစပိုင်းမှာတော့ခက်ခဲပါတယ်။ ဒါပေမယ့် ကောင်းကျိုးမပေးတဲ့သူငယ်ချင်းတွေနဲ့ အချိန်ဖြုန်းမယ့်အစား တစ်ယောက်တည်း အေးအေးဆေးဆေးနေလိုက်တာက စိတ်ဝင်စားတဲ့အရာတွေ၊ ဝါသနာတွေကို လုပ်ဖို့ အချိန်တွေပိုရလာပါတယ်။

မိမိကို အရေးမစိုက်တဲ့ သူငယ်ချင်းအတုအယောင်တွေက လုံးဝအကျိုးရှိစေမှာမဟုတ်ပါဘူး။

အတုအယောင်သူငယ်ချင်းတွေက သင့်ရဲ့လိုအပ်ချက်တွေ၊ အားငယ်တဲ့အရာတွေကို လုံးဝဂရုစိုက်မှာမဟုတ်ပါဘူး။ သူလိုအပ်တဲ့အချိန်မှာပဲ သင့်နဲ့အပေါင်းအသင်းလုပ်မှာပါ။

အတုအယောင်သူငယ်ချင်းတွေနဲ့ ပတ်သက်လိုက်ရင် တန်ဖိုးရှိတဲ့အချိန်တွေ ကုန်ဆုံးသွားပြီး မကောင်းတဲ့ခံစားချက်တွေနဲ့ စိတ်နာကျင်တာတွေပဲ ကျန်ခဲ့မှာပါ။

ကိုယ့်ကိုယ်ကိုယ်အချိန်ပေးတာက ဘဝမှာ ရွေးချယ်စရာတွေ ပိုများလာစေပါတယ်။

လူအချို့က အခြားသူတွေကျေနပ်ဖို့၊ ပျော်ရွှင်ဖို့အတွက် အချိန်တွေ၊ အင်အားတွေ စိုက်ထုတ်ကြပါတယ်။ ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ဖို့တော့ မေ့လျော့နေကြပါတယ်။

တစ်ခါတရံ သူငယ်ချင်းမရှိဘဲ တစ်ယောက်တည်းနေတာက အချိန်တွေ ပိုထွက်လာပြီး ဘဝအတွက် ရွေးချယ်စရာတွေ ပိုမိုတွေ့လာနိုင်ပါတယ်။

Bonus

နာမည်ကြီးအဆိုတော် Taylor Swift ဟာ ငယ်ငယ်က ကျောင်းမှာ အပေါင်းအသင်းသူငယ်ချင်းမရှိခဲ့ပါဘူး။ ကျောင်းမှာ တစ်ယောက်တည်းနေတဲ့အချိန်တွေများခဲ့တာကြောင့် သီချင်းတွေ စတင်ရေးဖြစ်လာခဲ့ကြောင်း၊ ကျောင်းမှာ ပွဲတွေရှိတဲ့အခါ သူမကလွဲလို့ အားလုံးကို ဖိတ်ခဲ့ကြောင်း၊

တစ်ယောက်တည်းအထီးကျန်ခဲ့ရတာဟာ သီချင်းတွေရေးဖြစ်ဖို့ အကြောင်းအရင်းတစ်ခုဖြစ်လာကြောင်း Taylor Swift က အင်တာဗျူးတစ်ခုမှာ ဖြေကြားဖူးပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments