ဆောင်းရာသီမှာအဖြစ်များတဲ့ လက်သည်းတစ်ဝိုက် အရေပြားနာကျင်တာကို ကာကွယ်နိုင်မယ့်နည်းလမ်းများ

ဆောင်းရာသီမှာ အသားအရေက ခြောက်သွေ့လာပါတယ်။ လက်သည်းတစ်ဝိုက်မှာလည်း အသားအရေခြောက်သွေ့ပြီး အသားစလေးတွေ လှန်လာတဲ့အခါ အရမ်းကို နာကျင်တတ်ပါတယ်။ တစ်ခါတရံ အသားအရေခြောက်တာကြောင့် လက်သည်းတစ်ဝိုက်မှာ သွေးတွေတောင်ထွက်လာတတ်ပါတယ်။

အဲဒါကြောင့် လက်သည်းတစ်ဝိုက်မှာရှိတဲ့အသားအရေမခြောက်သွေ့အောင် ကာကွယ်နိုင်မယ့်နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ လက်သည်းရင်းမှာရှိတဲ့ အရေမာအရစ်

လက်သည်းရင်းမှာရှိတဲ့ အရေမာအရစ်က လက်သည်းကို ဘက်တီးရီးယားတွေမဝင်အောင်၊ ပိုးမွှားတွေ မဝင်အောင် ကာကွယ်ပေးပါတယ်။

လက်သည်းရင်းအရေမာအရစ်က နာကျင်လွယ်တာကြောင့် မဖဲ့လိုက်သင့်ပါဘူး။ ဖဲ့လိုက်တဲ့အခါမှာ ပိုးတွေ အလွယ်တကူဝင်ပြီး နာကျင်ရောင်ရမ်းလာပါတယ်။

၂။ လက်သည်းတစ်ဝိုက် အသားအရေခြောက်သွေ့စေတဲ့ အကြောင်းအရင်းများ

- ရေဓာတ်မပြည့်ဝခြင်း

- လက်သည်းကိုက်ခြင်း

- ဆေးဝါးတွေ သောက်သုံးတာများခြင်း

- ရာသီဥတုအေးခြင်း

- လက်သည်းကို ခဏခဏဆေးဆိုးခြင်း

- လက်သန့်စင်ဆေးရည်ကို မကြာခဏအသုံးပြုခြင်း

- လက်ကို ခဏခဏဆေးခြင်း စတဲ့အကြောင်းအချက်တွေကြောင့် လက်သည်းတစ်ဝိုက်မှာ အသားအရေခြောက်သွေ့လာပါတယ်။

၃။ လက်သည်းတစ်ဝိုက်မှာ အသားအရေမခြောက်သွေ့အောင် ကာကွယ်နိုင်မယ့်အချက်များ

- ရေနွေးထဲမှာ လက်ကို ခဏစိမ်ထးပါ။ အဲဒီအခါ လက်သည်းရင်းအရေမာအရစ်က နူးညံ့လာပြီး လက်သည်းထဲက အညစ်အကြေးတွေလည်း ထွက်သွားပါတယ်။

- ရေဓာတ်ပြည့်စေမယ့် ခရင်မ်တွေကို လက်သည်းတစ်ိုက်မှာ လိမ်းပေးပါ။

- အုန်းဆီလိမ်းတာကလည်း လက်သည်းကို လှပပြီး လက်သည်းတစ်ဝိုက်အသားအရေကို ရေဓာတ်ပြည့်စေပါတယ်။

- လက်သည်းဖျက်ဆေးတွေကို ခဏခဏသုံးတာကို ရှောင်ကြဉ်သင့်ပါတယ်။ Acetone မပါတဲ့ လက်သည်းဖျက်ဆေးတို့ကိုသာ အသုံးပြုသင့်ပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments