လက်သည်းဖျက်ဆေးမပါဘဲ လက်သည်းဆိုးဆေးတွေကို အလွယ်တကူ ဖယ်ရှားနိုင်မယ့်နည်းလမ်း (၈) ခု

လက်သည်းဆိုးထားတာကို ဖျက်ချင်ပေမယ့် လက်သည်းဖျက်ဆေးက အလွယ်တကူမရှိတဲ့အခါ အခက်တွေ့နိုင်ပါတယ်။ အဲဒါကြောင့် လက်သည်းဖျက်ဆေးမရှိဘဲ လက်သည်းဆိုးဆေးတွေကို အလွယ်တကူ ဖယ်ရှားနိုင်မယ့်နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ သွားတိုက်ဆေး

လက်သည်းအပေါ်မှာ သွားတိုက်ဆေးလေးတွေကို တင်ပြီး မိနစ်အနည်းငယ်ကြာအောင် ပွတ်တိုက်ပေးပါ။ ပြီးနောက် လက်သည်းကို အဝတ်စတစ်စနဲ့ သန့်ရှင်းပေးလိုက်တဲ့အခါ လက်သည်းဆိုးဆေးတွေ ပြောင်စင်သွားပါတယ်။

၂။ ရေမွှေး

ရေမွှေးကိုလည်း လက်သည်းဖျက်ဆေးအဖြစ် အသုံးပြုလို့ရပါတယ်။ တစ်ရှူးတစ်စအပေါ်မှာ ရေမွှေးဖျန်းလိုက်ပါ။ အဲဒီတစ်ရှူးနဲ့ လက်သည်းပေါ်ကို ပွတ်တိုက်ပေးလိုက်ရုံပါပဲ။

၃။ သံပုရာခြမ်း

လက်သည်းကို ရေနွေးထဲမှာ ၅ မိနစ်လောက် စိမ်ထားပေးပါ။ သံပုရာခြမ်းလေးတွေကို လှီးပြီး လက်သည်းပေါ်မှာ ပွတ်တိုက်ပေးပါ။ လက်သည်းဆီလေးတွေကို လက်သည်းပေါ်လိမ်းပေးရပါတယ်။

၄။ လက်သန့်စင်ဆေးရည်

လက်သည်းတွေကို လက်သန့်စင်ဆေးရည်ထဲမှာ ခဏလောက်စိမ်ထားလိုက်ပါ။ ပြီးနောက် အဝတ်စလေးနဲ့ လက်သည်းကို ပွတ်တိုက်ပေးရင် လက်သည်းဆိုးဆေးတွေ ပြောင်စင်သွားပါတယ်။

၅။ ဟိုက်ဒရိုဂျင်ပါအောက်ဆိုက်

ဟိုက်ဒရိုဂျင်ပါအောက်ဆိုက်နှစ်ဆ၊ ရေနွေးတစ်ဆတို့ကို ပန်းကန်လုံးတစ်လုံးထဲမှာ ရောမွှေပါ။ အဲဒီပန်းကန်လုံးထဲမှာ လက်သည်းကို ခဏစိမ်ထားပြီးနောက် သန့်ရှင်းရေး လုပ်လိုက်လို့ရပါပြီ။

၆။ ရှာလကာရည်

ရေနွေးထဲမှာ လက်သည်းကို ၁၅ မိနစ်ခန့် စိမ်ထားပါ။ သံပုရာရည်နဲ့ ရှာလကာရည်ကို ဆတူရောလိုက်ပါ။ ရှာလကာရည်ထဲကို ချည်ပိတ်စလေး နှစ်ပြီး လက်သည်းပေါ်မှာ ပွတ်တိုက်ပေးပါ။ ပြီးနောက်မှာတော့ လက်သည်းအတွက် အစိုဓာတ်ဖြည့်ခရင်မ်လိမ်းပေးနိုင်ပါတယ်။

၇။ ချွေးနံ့ပျောက်ဆေး

ချွေးနံ့ပျောက်ဆေးကို လက်သည်းပေါ်မှာ တိုက်ရိုက်ဖျန်းပေးလို့ရပါတယ်။ ဖျန်းပြီးနောက်မှာ လက်သည်းကို ချည်ပိတ်စလေးနဲ့ ပွတ်တိုက်လိုက်ရုံပါပဲ။

၈။ Hair Spray

Hair Spray ကိုလည်း လက်သည်းပေါ်မှာ တိုက်ရိုက်ဖျန်းပေးနိုင်ပါတယ်။ ဖျန်းပြီးပြီးချင်း လက်သည်းကို ချည်ပိတ်စလေးနဲ့ ပွတ်တိုက်ပေးပါ။

Zombie (lovemedia)

Post a Comment

0 Comments