ခါးဘေးမှာ အဆီတွေ စုဝေးလာစေတဲ့ အဓိကအကြောင်းအရင်း (၅) ခု

ခါးတစ်ဝိုက်မှာ အဆီတွေ စုလာတာက စိတ်အနှောင့်အယှက်ဖြစ်စရာပါ။ အပြင်သွားခါနီးတိုင်းမှာ အဝတ်အစားတွေက ခါးကျပ်နေတာကြောင့် အပြင်တောင် သွားချင်တော့မှာမဟုတ်ပါဘူး။ အဲဒါကြောင့် ခါးမှာ အဆီတွေစုလာစေတဲ့ အကြောင်းအရင်းတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ စိတ်ဖိစီးမှု

စိတ်ဖိစီးမှုတွေ များတဲ့အခါမှာ ခန္ဓာကိုယ်က ကော်တီဇောဟော်မုန်းတွေ ထွက်ပါတယ်။ ကော်တီဇောဟော်မုန်းတွေ ထွက်တဲ့အခါမှာ အဆီတွေက ဝမ်းဗိုက်တစ်ဝိုက်မှာ စုလာပါတယ်။

ဒါ့အပြင် ကိုယ်အလေးချိန်လည်း တက်လာမှာပါ။ ကော်တီဇောဟော်မုန်းက အစားစားချင်စိတ်ကို ပိုဖြစ်စေလာစေပါတယ်။

၂။ အခြားသော ကျန်းမာရေးပြဿနာများ

ခါးတစ်ဝိုက်မှာ အဆီတွေစုလာတဲ့အကြောင်းအရင်းတွေထဲက တစ်ခုကတော့ Leptin လို့ခေါ်တဲ့ ဟော်မုန်းကြောင့်ပါ။ အဲဒီဟော်မုန်းကြောင့် မျိုးပွားစနစ်မှာ သက်ရောက်မှုရှိလာစေပြီး ခါးတစ်ဝိုက်အဆီတွေ စုလာပါတယ်။

ဒါ့အပြင် ခန္ဓာကိုယ်ရဲ့ဇီဝကမ္မဖြစ်စဉ်ကမောက်ကမဖြစ်တဲ့အခါ၊ သွေးဖိအားတွေများတဲ့အခါ ခါးမှာ အဆီတွေများလာပါတယ်။

၃။ အိပ်ရေးမဝခြင်း

အိပ်ချိန်ပုံမှန်မဟုတ်တာ၊ အိပ်ရာဝင်နောက်ကျတာတို့ကြောင့် သကြားနဲ့အချိုတွေကို ပိုစားချင်လာပါတယ်။ အိပ်ရေးမဝရင် ခန္ဓာကိုယ်လည်း လှုပ်ရှားမှုနည်းလာပါတယ်။ အိပ်ချိန်မလုံလောက်တာကြောင့် စိတ်ဖိစီးမှုတွေပိုများပြီး အစားတွေကို မထိန်းဘဲ စားမိလာတတ်ပါတယ်။

၄။ ကယ်လိုရီများတဲ့အစားအစာများ

တစ်နေ့တာအတွက် လောင်ကျွမ်းနိုင်တဲ့ကယ်လိုရီထက် စားတဲ့ကယ်လိုရီက ပိုများတဲ့အခါ ခန္ဓာကိုယ်မှာ အဆီတွေ တိုးလာမှာပါ။

လှုပ်လှုပ်ရှားရှားမရှိတဲ့နေထိုင်မှုပုံစံက အဆီတွေကို ချေဖျက်ရခက်စေပါတယ်။ ဆီကြော်စာတွေကို လျှော့စားပြီး လှုပ်လှုပ်ရှားရှားနေရင် အဆီတွေက သိသိသာသာ လျော့ကျလာမှာပါ။

၅။ အဆီတွေက ခါးတစ်နေရာမှာပဲ စုဝေးလာတာမဟုတ်ပါဘူး။

အဆီတွေက လက်ချောင်းနဲ့ ခြေချောင်းလေးတွေမှာပါ စုလာပါတယ်။ အဆီတွေများလာတာကြောင့် လက်စွပ်တွေ ဝတ်ရတာလည်း တင်းကျပ်နေမှာပါ။ အဆီတွေက ပေါင်နဲ့ ခြေသလုံးမှာလည်း သိသိသာသာ များလာမှာပါ။

ခါးဘေးမှာ အဆီတွေ စုဝေးမလာစေဖို့ နည်းလမ်းများ

- ခန္ဓာကိုယ်ရဲ့ဇီဝကမ္မဖြစ်စဉ်ကို အားကောင်းစေတဲ့ ငါး၊ သံလွင်ဆီ၊ အသီးအရွက်တွေကို များများစားပါ။

- နေ့စဉ်လေ့ကျင့်ခန်းကို ပုံမှန်ပြုလုပ်ပါ။

- အစားစားပြီးပြီးချင်းမှာ ချက်ချင်းထိုင်တာ၊ လဲလျောင်းတာကို ရှောင်သင့်ပါတယ်။ လမ်းကိုလည်း များများလျှောက်ပေးသင့်ပါတယ်။

- ခါးမြင့်တဲ့ဂျင်းဘောင်းဘီတွေက ဝတ်ရတာအဆင်ပြေပြီး ခါးဘေးမှာ အဆီတွေရှိတာလည်း အရမ်းမသိသာတော့ပါဘူး။

Zombie (lovemedia)

Post a Comment

0 Comments