ဟောလိဝုဒ်က ရုပ်ရှင်ကောင်းတွေအပြင် ချောမောလှပတဲ့သူတွေပါ ပေါ်ထွက်တဲ့နေရာပါ။ အလှအပဆိုတာ ကြည့်ရှုသူရဲ့စိတ်ပေါ်မှာလည်း မူတည်ပြီး ကွဲပြားနိုင်ပါသေးတယ်။ ဒါပေမယ့် သိပ္ပံနည်းအရ ရွှေအချိုးတွေနဲ့ တွက်ချက်ကြည့်တဲ့အခါမှာတော့ တကယ့်ချောမောခန့်ညားမှုတွေကို တွေ့နိုင်ပါတယ်။

Dr.Julian De Silva က ဟောလိဝုဒ်က မင်းသားတွေကို ရွှေအချိုးတွေနဲ့ တွက်ချက်ပြီး ကမ္ဘာပေါ်မှာ အချောဆုံးအမျိုးသား ၉ ယောက်ကို ဖော်ပြခဲ့ပါတယ်။

၉။ Ryan Gosling- 87.48%

Ryan Gosling က အမျိုးသမီးတွေရဲ့အသည်းနှလုံးကို ဖမ်းစားနိုင်တဲ့ ဟောလိဝုဒ်မင်းသားတစ်ယောက်ပါ။ သိပ္ပံနည်းအရ သူ့ရဲ့မျက်နှာမှာ နှာခေါင်းက အလှဆုံးအစိတ်အပိုင်းပါပဲ။ နောက်ထပ် လှတဲ့အစိတ်အပိုင်းကတော့ မေးစေ့ပါ။

၈။ Idris Elba- 88.01%

မေးစေ့၊ နှုတ်ခမ်း၊ မျက်လုံးနှစ်လုံးကြားက အကွာအဝေးတို့ဟာ Idris Elba ရဲ့အလှပဆုံးအစိတ်အပိုင်းတွေပါပဲ။ အနည်းငယ်လှပတဲ့အစိတ်အပိုင်းတွေကတော့ နှာခေါင်းနဲ့ နှုတ်ခမ်းဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

၇။ David Beckham - 88.96%

အသက် ၄၇ နှစ်အရွယ်ရှိတဲ့ David Beckham ကို ရွှေအချိုးတွေနဲ့ တိုင်းတာကြည့်တဲ့အခါ နှုတ်ခေါင်းကနေ နှုတ်ခမ်းအထိက အရမ်းကို ချောမောပြေပြစ်နေတာကို တွေ့ရပါတယ်။ ရွှေအချိုးအရ သူ့ရဲ့နောက်ထပ်လှတဲ့အစိတ်အပိုင်းကတော့ မျက်နှာပုံစံနဲ့ မျက်လုံးအနေအထားပါ။

၆။ Hugh Jackman - 89.64%

အသက် ၅၄ နှစ်အရွယ် X-Men မင်းသားဟောင်း Hugh Jackman ရဲ့ နှာခေါင်းနဲ့ မျက်နှာကျက ၉၇ ရာခိုင်နှုန်းအထိ ချောမောခန့်ညားနေတာပါ။ သူ့ရဲ့အနည်းငယ်လှတဲ့ မျက်နှာအစိတ်အပိုင်းကတော့ နှုတ်ခမ်းပါပဲ။

၅။ George Clooney - 89.91%

George Clooney က အချောမောဆုံးအမျိုးသားအဖြစ် top 5 စာရင်းဝင်လာရတဲ့အကြောင်းအရင်းကတော့ အချိုးကျကျ လှပနေတဲ့ နှာခေါင်းနဲ့ နှုတ်ခမ်းကြောင့်ပါ။ နဖူးနဲ့ မျက်လုံးတွေကတော့ George Clooney ရဲ့ ချောမောမှုအားနည်းတဲ့အစိတ်အပိုင်းတွေထဲမှာ ပါဝင်ပါတယ်။

၄၊။ Brad Pitt - 90.51%

ရွှေအချိုးအရ Brad Pitt ရဲ့ နဖူးနဲ့ မျက်လုံးအနေအထားတို့ဟာ ချောမောမှုအားအကောင်းအဆုံးပါ။ ဒါပေမယ့် ရွှေအချိုးနဲ့ ထွက်ကြည့်တဲ့အခါ နှာခေါင်းနဲ့ နှုတ်ခမ်းက ရမှတ်နည်းနေပါတယ်။

၃။ Bradley Cooper - 91.08%

The Hangover ရုပ်ရှင်ရဲ့ မင်းသားဖြစ်တဲ့ အပြာရောင်မျက်လုံးပိုင်ရှင် Bradley Cooper က ကမ္ဘာ့အချောဆုံးအမျိုးသားတွေထဲမှာ နံပါတ် ၃ စာရင်းဝင်ပါတယ်။

ရွှေအချိုးနဲ့ တွက်ချက်ကြည့်တဲ့အခါ Bradley Cooper ရဲ့ ခန့်ညားမှုအရှိဆုံး မျက်နှာအစိတ်အပိုင်းက မျက်လုံးအနေအထား၊ နှာခေါင်း၊ နှုတ်ခမ်းတို့ဖြစ်ပါတယ်။

၂။ Henry Cavil - 91.64%

အသက် ၃၉ နှစ်အရွယ် ဗြိတိန်မင်းသား Henry Cavilရဲ့ နှုတ်ခမ်းက ၉၇.၁ ရာခိုင်နှုန်းနဲ့ နဖူးက ၉၈ ရာခိုင်နှုန်းအထိ ချောမောနေတာကို တွေ့ရပါတယ်။ သူ့ရဲ့မျက်နှာမှာ ချောမောမှုရာခိုင်နှုန်းနည်းတာကတော့ မေးစေ့ပါပဲ။

၁။ Robert Pattinson - 92.15%

Twilight ရဲ့ မင်းသား Robert Pattinson ကတော့ ကမ္ဘာပေါ်မှာ အချောဆုံးနံပါတ်တစ်အမျိုးသားပါပဲ။ သူ့ရဲ့မျက်နှာမှာ မေးစေ့၊ နဖူး၊ မျက်လုံးအနေအထားတို့က ရွှေအချိုးအရ အမှတ်တွေအများကြီးရနေခဲ့ပါတယ်။ နှုတ်ခမ်းကတော့ ဒုတိယဆွဲဆောင်မှုအရှိဆုံး မျက်နှာအစိတ်အပိုင်းဖြစ်ပါတယ်။

Zombie (lovemedia)