သမုဒ္ဒရာဆီကနေ ရိုက်ခတ်လာတဲ့လှိုင်းသံ၊ ပြာလဲ့နေတဲ့ကောင်းကင်၊ လတ်ဆတ်တဲ့လေ၊ ကြည့်လိုက်တဲ့အရာရာတိုင်း လှပနေတဲ့ မော်လ်ဒိုက်ကျွန်းဟာ ကမ္ဘာပေါ်က အလှဆုံးကျွန်းတွေထဲက တစ်ခုအပါအဝင်ပါပဲ။
အဲဒီကျွန်းက ကြယ်ငါးပွင့်အဆင့်ရှိတဲ့ ဟော်တယ်မှာ တည်းခိုခွင့်ရမယ့်အပြင် လစာတွေပါရမယ့်အလုပ်တစ်ခုရှိပါတယ်။
မော်လ်ဒိုက်ကျွန်းမှာရှိတဲ့ ကြယ်ငါးပွင့်အဆင့်ရှိတဲ့ ဟော်တယ်တစ်ခုက စာဖတ်အားကောင်းတဲ့၊ စာအုပ်တွေကို ချစ်မြတ်နိုးတဲ့ စာအုပ်အရောင်းသမားတစ်ယောက်ကို ရှာဖွေနေတာပါ။
အဲဒီဟော်တယ်နာမည်ကတော့ Soneva Fushi လို့ခေါ်ပါတယ်။ Philip Blackwell ဆိုတဲ့သူက ဒီလို ငြင်းရက်စရာမရှိတဲ့အလုပ်အတွက် ဝန်ထမ်းကို ရှာဖွေနေတာပါ။
အလုပ်အတွက် ၃ လစာချုပ် ချုပ်ဆိုရမှာ ဖြစ်ပါတယ်။ ဧည့်သည်တွေအတွက် စာရေးနည်းသင်တန်းကို သင်ကြားပေးရမှာဖြစ်ပြီး ဧည့်သည်ရဲ့ကလေးတွေကိုလည်း ပုံပြင်စာအုပ်တွေ ဖတ်ပြရမှာပါ။ ဒါ့အပြင် အတွေ့အကြုံပေါ်မှာ မူတည်ပြီး ဟော်တယ်အတွက် blog လည်း ရေးပေးရမှာပါ။
အားလပ်ရက်အတောအတွင်း ကမ်းခြေမှာ အပန်းလာဖြေရင်း စာဖတ်ချင်သူတွေ ရှိကြပါတယ်။ ကျွန်းပေါ်မှာလည်း စာအုပ်ဆိုင်တွေ အများကြီး ဖွင့်ထားကြပါတယ်။ အဲဒါကြောင့် Blackwell က စာအုပ်တွေကို ရောင်းပေးဖို့ အရောင်းဝန်ထမ်းကို ရှာဖွေနေရခြင်းပါပဲ။
မော်လ်ဒိုက်ကျွန်းပေါ်က ဟော်တယ်တွေမှာ တစ်ရက်တာနေထိုင်ခက ဒေါ်လာ ၂၆၀၀၀ အထိ ဈေးမြင့်ပါတယ်။ ဒါပေမယ့် စာအုပ်ရောင်းရမယ့်အလုပ်ကို ရသူတွေကတော့ ဟော်တယ်မှာ အခမဲ့နေထိုင်ခွင့်ရမှာပါ။
ကျွန်းပေါ်ကို အင်္ဂလန်က တော်ဝင်မိသားစုတွေက မကြာခဏအလည်လာလေ့ရှိသလို ဟောလိဝုဒ်အကျော်အမော်တွေလည်း လာလေ့ရှိပါတယ်။
ကျွန်းပေါ်မှာ အနားယူရင်း စာအုပ်အမျိုးအစားပေါင်းစုံကို ဖတ်ရတာက ချမ်းသာသူတွေအကြားမှာ ရေပန်းစားနေပါတယ်။ Ebook တွေနဲ့ ဖတ်ရတာနဲ့ ကျွန်းပေါ်၊ ဇိမ်ခံသင်္ဘောပေါ်မှာ စာအုပ်တွေကို အေးအေးဆေးဆေးဖတ်ရတာချင်းက အရသာချင်းမတူနိုင်ပါဘူး။
အဲဒါကြောင့် မော်လ်ဒိုက်လိုကျွန်းမျိုးမှာ အခမဲ့တည်းခိုခွင့်ရမယ့်အပြင် လစာပါရမယ့်အလုပ်မျိုးကို လက်မလွှတ်သင့်ပါဘူးနော်။
Zombie (lovemedia)
0 Comments