မိတ်ကပ်တွေ အများကြီး ထူနေအောင် လိမ်းတာထက် ပါးပါးကြည်ကြည်လေးနဲ့ သဘာဝဆန်ဆန်လှနေတာလေက သင့်ကို ပိုပြီး ထင်ရှားစေပါတယ်။
အဲဒါကြောင့် မိတ်ကပ်ပညာရှင်တွေအကြံပေးတဲ့ သဘာဝဆန်ဆန် မိတ်ကပ်ပြင်ဆင်နည်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။
၁။ Foundation အစား BB cream သို့မဟုတ် CC cream ကို လိမ်းပါ။
မိတ်ကပ် Foundation က ညက်ညက်လေးနဲ့ လှတယ်ဆိုပေမယ့် မိတ်ကပ်ထူသလို ခံစားရစေပါတယ်။ ဒါ့အပြင် သဘာဝဆန်တဲ့အလှအပကိုလည်း ရရှိမှာမဟုတ်ပါဘူး။
BB cream သို့မဟုတ် CC cream က မျက်နှာအလှအပကို သဘာဝဆန်ဆန်လှနေစေပြီး မိတ်ကပ်ကွက်တာ၊ ပျက်တာတွေလည်း နည်းပါးသွားစေမှာပါ။
၂။ နှုတ်ခမ်းနီအစား lipbalm ကို အသုံးပြုပါ။
ပေါ့ပေါ့ပါးပါးနဲ့ ရိုးရှင်းတဲ့အလှကို ရဖို့အတွက် lipstick အစား lipbalm ကို အသုံးပြုပါ။ Lipbalm အရောင်တွေက နှုတ်ခမ်းအရောင်နဲ့ ကွာခြားမှုသိပ်မရှိပါဘူး။ နှုတ်ခမ်းကိုလည်း အစိုဓာတ်ဖြည့်ပြီးသားဖြစ်တဲ့အပြင် ငွေကုန်လည်း သက်သာပါတယ်။
၃။ အညိုရောင် mascara
အမျိုးသမီးအများစုက အနက်ရောင် mascara အသုံးများကြပါတယ်။ နူးညံ့ပြီး မိန်းကလေးဆန်တဲ့အသွင်အပြင်ရဖို့ဆိုရင် အညိုရောင် mascara ကို ပြောင်းလဲအသုံးပြုကြည့်ပါ။
မိတ်ကပ်ကို အကျအနပြင်ဆင်ပြီးတဲ့နေ့တွေမှာ အနက်ရောင် mascara က ပိုမိုလိုက်ဖက်ပြီး နေ့စဉ်မိတ်ကပ်အတွက်တော့ အညိုရောင် mascara က ပိုမိုလှပစေမှာပါ။
၄။ ဖျော့တော့တော့ နှုတ်ခမ်းကောက်ကြောင်းလိုင်း
နှုတ်ခမ်းဘေးမျဉ်းတွေကို ခဲတံနဲ့ဆွဲပြီးမှ နှုတ်ခမ်းနီဆိုးရင် အသက်ပိုကြီးတယ်လို့ ထင်ရစေပါတယ်။ နှုတ်ခမ်းဘေးမျဉ်းတွေကို ဖျော့ဖျော့လေးခြယ်သပြီး lipbalm လိမ်းတဲ့အခါ ရှိရင်းစွဲအသက်ထက် အများကြီး နုပျိုသွားစေပါတယ်။
မျက်ခုံးကို အထူကြီးဆွဲထားတဲ့အခါမှာ နှုတ်ခမ်းဘေးမျဉ်းတွေကို မဆွဲသင့်တော့ပါဘူး။ နှုတ်ခမ်းဘေးမျဉ်းတွေကို ခဲတံနဲ့ဆွဲမယ်ဆိုရင် မျက်ခုံးအရောင်ကို အရမ်းအထူကြီး မခြယ်လိုက်ပါနဲ့။
၅။ ပိုနေတာတွေကို ဖယ်ရှားလိုက်ပါ။
အောက်ခံမိတ်ကပ်လိမ်းပြီးနောက်မှာ မျက်နှာကို ဆီစုပ်စက္ကူနဲ့ ခဏကပ်လိုက်ပါ။ အဲဒီအခါ ပိုနေတဲ့မိတ်ကပ်နဲ့ အဆီတွေပါသွားစေပါတယ်။ နှုတ်ခမ်းနီအရောင်အရမ်းတောက်နေတဲ့အခါမှာလည်း အနည်းငယ်ဖျက်လိုက်ပါ။ ပိုနေတာတွေကို ဖယ်ရှားလိုက်တာက သဘာဝဆန်ဆန်ပိုလှပစေပါတယ်။
၆။ ရေဓာတ်ဖြည့်ပါ။
မိတ်ကပ်ပြင်ပြီးနောက် ပိုမိုပေါ်လွင်ထင်ရှားစေဖို့ highlighters, lip glosses တို့ကို အသုံးပြုကြပါတယ်။ အသားအရေခြောက်သူတွေအတွက် highlighters ကို ခဏခဏအသုံးမပြုသင့်ပါဘူး။ ရေများများသောက်ပြီး ရေဓာတ်ဖြည့်ခရင်မ်တွေ လိမ်းရင် သဘာဝဆန်ဆန် အသားအရေက စိုပြေတောက်ပနေမှာပါ။
၇။ မျက်နှာက မပြည့်စုံမှုတွေကို ဒီတိုင်းပဲ ထားလိုက်ပါ။
အမျိုးသမီးတွေက မျက်နှာမှာ အမည်းစက်တွေ၊ မည့်ခြောက်တွေ ရှိလာရင် မိတ်ကပ်အထူကြီးတွေနဲ့ ဖုံးကြပါတယ်။ မိတ်ကပ်အထူကြီးတွေက ဝက်ခြံအမာရွတ်၊ အမည်းစက်တွေကို ဖုံးနိုင်ပေမယ့် သဘာဝတော့မ မဆန်စေပါဘူး။ မျက်နှာက မပြည့်စုံမှုတွေကို ဒီတိုင်းထားလိုက်တာက ရိုးရှင်းလှပတဲ့အသွင်အပြင်ကို ရရှိစေပါတယ်။
Zombie (lovemedia)
0 Comments