နှုတ်ခမ်းနီဆိုးတဲ့အခါ အမြဲတမ်းလှပနေစေဖို့နည်းလမ်း (၆) ခု

နှုတ်ခမ်းနီဆိုးတာက အမျိုးသမီးတွေအတွက် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတိုးစေပါတယ်။ တစ်ခါတရံမှာ နှုတ်ခမ်းနီက အရောင်မှိန်သွားတာ၊ အရောင်မလှတော့တာတို့ ကြုံရတတ်ပါတယ်။ အဲဒါကြောင့် နှုတ်ခမ်းနီဆိုးတဲ့အခါမှာ အမြဲတမ်းလှပနေစေဖို့ နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ နှုတ်ခမ်းနီမဆိုးခင်မှာ နှုတ်ခမ်းကို ကြေးချွတ်ပါ။

လိုအပ်သောပစ္စည်းများ

- Lip balm

- သွားတိုက်တံအဟောင်းတစ်ချောင်း

- တစ်ရှူးစက္ကူ

- နှစ်သက်ရာနှုတ်ခမ်းနီ

Lip balm ကို နှုတ်ခမ်းမှာ ဆိုးပေးပြီး သွားတိုက်တံအဟောင်းတစ်ချောင်းနဲ့ စက်ဝိုင်းပုံစံပွတ်တိုက်ပေးပါ။ သွားတိုက်တံအဟောင်းနဲ့ နှုတ်ခမ်းကို ပွတ်တိုက်ပေးတာက သွေးလည်ပတ်မှုအားကောင်းပြီး နုုတ်ခမ်းကို နူးညံ့လာစေပါတယ်။

နှုတ်ခမ်းက lip balm တွေကို တစ်ရှူးစက္ကူနဲ့ သုတ်လိုက်ပါ။ ပြီးနောက် နှစ်သက်ရာနှုတ်ခမ်းနီကို ဆိုးလိုက်လို့ရပါပြီ။

၂။ Concealer ကို အသုံးပြုပါ။

လိုအပ်သောပစ္စည်းများ

- Concealer သို့မဟုတ် အောက်ခံမိတ်ကပ်

- မိတ်ကပ်ဘရက်ရှ်

- နှုတ်ခမ်းနီ

နှုတ်ခမ်းညိုတဲ့သူတွေအတွက် နှုတ်ခမ်းနီမဆိုးခင်မှာ နှုတ်ခမ်းပေါ်ကို concealer သို့မဟုတ် အောက်ခံမိတ်ကပ်လိမ်းလိုက်ပါ။ ပြီးနောက် နှစ်သက်ရာနှုတ်ခမ်းနီကို ဆိုးလိုက်လိုက်ရုံပါပဲ။ အဲဒီအခါ နူးညံ့ချောမွေ့တဲ့နှုတ်ခမ်းသားလေးရတဲ့အပြင် နှုတ်ခမ်းနီကလည်း ကြာရှည်ခံပါတယ်။

၃။ နှုတ်ခမ်းကို ပုံဖော်ပါ။

အနည်းငယ်ပြုံးလိုက်ပြီးအပေါ်နှုတ်ခမ်းရဲ့အလယ်မှာ X ပုံစံဆွဲလိုက်ပါ။ ဆွဲထားတဲ့ X ပုံစံ ဘေးအစွန်းနှစ်ဖက်ကို ဆက်လိုက်ပါ။ အောက်နှုတ်ခမ်းကိုလည်း ဆက်ဆွဲလိုက်ပါ။

ပြီးနောက် မျဉ်းအတိုင်းနှုတ်ခမ်းနီကို ဆိုးလိုက်ပါ။ ညီညာသေသပ်တဲ့ နှုတ်ခမ်းတစ်စုံကို အလွယ်တကူရရှိမှာပါ။ နှုတ်ခမ်းဘေးမှာလည်း နှုတ်ခမ်းနီတွေ မပေနေတော့ပါဘူး။

၄။ Concealer နဲ့ ဖုံးအုပ်ပါ။

နှုတ်ခမ်းနီဆိုးပြီးနောက်‌ ဘေးနေရာတွေမှာ နှုတ်ခမ်းနီတွေ ပေသွားရင်၊ စွန်းသွားရင် လက်နဲ့သုတ်လိုက်တာက ပိုပြီးရုပ်ဆိုးသွားစေပါတယ်။ နှုတ်ခမ်းနီတွေ နှုတ်ခမ်းဘေးသားမှာပေနေရင် concealer နဲ့ အလွယ်တကူဖုံးအုပ်လိုက်ပါ။

၅။ ပေါင်ဒါမှုန့်ကို အသုံးပြုပါ။

လိုအပ်သောပစ္စည်းများ

- ပေါင်ဒါမှုန့်

- မိတ်ကပ်ဘရက်ရှ်

- တစ်ရှူးစက္ကူ

နှုတ်ခမ်းနီဆိုးပြီးနောက်မှာ တစ်ရှူးစက္ကူကို နှုတ်ခမ်းပေါ်မှာ အုပ်လိုက်ပါ။ ပြီးနောက် ပေါင်ဒါမှုန့် အနည်းငယ်နဲ့ တစ်ရှူးစက္ကူပေါ်ကို ပုတ်လိုက်ပါ။ အဲဒီအခါ နှုတ်ခမ်းနီတွေ လွယ်လွယ်နဲ့ မပျက်တော့ဘဲ တစ်နေကုန်နီးပါး ကြာရှည်ခံစေပါတယ်။

၆။ နှုတ်ခမ်းအလှကို ပိုမိုပေါ်လွင်စေမယ့် နည်းလမ်း (၃) မျိုး

(၁)နှုတ်ခမ်းနီဆိုးပြီးတဲ့အခါမှာ နှုတ်ခမ်းဆွဲခဲတံနဲ့ နှုတ်ခမ်းရဲ့အလယ်နေရာကို ခြယ်လိုက်ပါ။ ပြီးနောက် အောက်နှုတ်ခမ်းရဲ့အလယ်ကိုလည်း နှုတ်ခမ်းဆွဲတံနဲ့ခြယ်ပါ။

(၂) Eyeshadow ထဲမှာ အရောင်ရင့်တစ်ရောင်ကို ရွေးပြီး နှုတ်ခမ်းရဲ့ဘေးအစွန်းဘက်ကို ခြယ်လိုက်ပါ။

(၃) နှုတ်ခမ်းနီအဖျော့ကို အရင်ဆုံးဆိုးလိုက်ပါ။ နှုတ်ခမ်းအတွင်းဘက်ကို အရောင်ရင့်ဆိုးပြီး ဘေးဘက်ကို ဖြန့်ပြီးဆွဲလိုက်ပါ။ အဲဒီအခါ ဆယ်ကျော်သက်တွေလို နုနယ်လှပတဲ့နှုတ်ခမ်းလေးကို ရရှိမှာပါ။

နှုတ်ခမ်းပုံစံပေါ်မူတည်ပြီး နှုတ်ခမ်းနီဆိုးနည်း

လူတစ်ယောက်နဲ့တစ်ယောက် နှုတ်ခမ်းပုံစံချင်းမတူတာကြောင့် နှုတ်ခမ်းနီဆိုးပုံချင်းလည်း ကွဲပြားသွားမှာပါ။ နှုတ်ခမ်းကို ဖူးဖူးပြည့်ပြည့်လေးဖြစ်စေဖို့ ပုံမှာပြထားတဲ့ အစက်လေးအတိုင်း နှုတ်ခမ်းနီကို ဆိုးနိုင်ပါတယ်။

Lip liner

နှုတ်ခမ်းကို ဖူးဖူးပြည့်ပြည့်လေးဖြစ်အောင်လို့ lip liner ကို အသုံးပြုပြီး နှုတ်ခမ်းနီဆိုးကြပါတဘ်။ ဒါပေမယ့် lip linerက အရမ်းပေါ်လွင်နေရင် ကြည့်လို့မလှတော့ပါဘူး။ Lip liner ကို ပျောက်သွားအောင်လို့ အပေါ်ကနေ lip gloss ကို အသုံးပြုနိင်ပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments