ညအိပ်တဲ့အခါ အခန်းမီးကို ဖွင့်ပြီးအိပ်တာက အားရှိသလိုခံစားရပြီး ကြောက်စိတ်တွေနည်းသွားပါတယ်။ အချို့တွေက အခန်းမီးကို ဖွင့်ထားမှသာ အိပ်တတ်ကြပါတယ်။ ဒါပေမယ့် အခန်းမီးကို ညစဉ်ဖွင့်ပြီးအိပ်တဲ့အခါ ကျန်းမာရေးအတွက် ထိခိုက်လာစေမှာပါ။
၁။ မျိုးပွားကျန်းမာရေးကို ထိခိုက်စေခြင်း
လေ့လာချက်တစ်ခုမှာ မီးအလင်းရောင်တွေက မျိုးပွားကျန်းမာရေးကို ထိခိုက်စေကြောင်း ရေးသားထားပါတယ်။ ကြွက်မလေးတွေကို စမ်းသပ်ကြည့်တဲ့အခါမှာ ညစဉ်မီးဖွင့်ပြီးအိပ်တဲ့အခါ မျိုးပွားနိုင်ချေက နည်းသွားတာကို တွေ့ရပါတယ်။
ဒါ့အပြင် ညဘက်အလင်းရောင်တွေအောက်မှာ အလုပ်လုပ်ရတဲ့အမျိုးသမီးတွေက ဓမ္မတာစက်ဝန်းမမှန်ကန်တတ်တာကို ဖော်ပြထားပါတယ်။
၂။ နှလုံးနဲ့ပတ်သက်သောရောဂါများကို ဖြစ်ပွားစေခြင်း
ညဘက်မှာ မီးဖွင့်ပြီး အိပ်တာက ခန္ဓာကိုယ်ထဲက melatonin တွေကို နည်းသွားစေပါတယ်။ အဲဒါကြောင့် သွေးဖိအားတွေကို တိုးလာစေပါတယ်။ ရလဒ်အနေနဲ့ နှလုံးနဲ့ပတ်သက်တဲ့ရောဂါနဲ့ လေဖြတ်ခြင်းကို ခံစားရစေနိုင်ပါတယ်။
၃။ ကိုယ်အလေးချိန်တက်လာခြင်း
မီးအလင်းရောင်နဲ့အိပ်စက်တာက ခန္ဓာကိုယ်ထဲက ဇီဝကမ္မဖြစ်စဉ်ကို နှေးကွေးလာစေပါတယ်။ ဒါ့အပြင် အိပ်စက်မှုစက်ဝန်းကို ကမောက်ကမဖြစ်စေတာကြောင့် အဝလွန်ခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။
ညဘက်မှာ တစ်ညလုံးတီဗွီဖွင့်အိပ်တဲ့အမျိုးသမီးပေါင်း ၄၃၀၀၀ ဟာ ကိုယ်အလေးချိန်တက်လာကြောင်း တွေ့ရပါတယ်။
၄။ ဟော်မုန်းပြောင်းလဲလာခြင်း
ညဘက်မှာ အလင်းရောင်နည်းနည်းလေး ဖွင့်ထားရင်တောင် ဟော်မုန်းအပြောင်းအလဲ ဖြစ်ပေါ်စေပါတယ်။ ဖုန်း၊ ကွန်ပျူတာ၊ တီဗွီတို့ကနေ ထွက်တဲ့အလင်းရောင်တွေက melatonin ချို့တဲ့တာကို ခံစားရစေတဲ့အကြောင်းအရင်းတစ်ခုပါပဲ။
အဲဒီအလင်းရောင်တွေကြောင့် တော်တော်နဲ့အိပ်မပျော်နိုင်တော့ဘဲ အသက်အရွယ်အိုမင်းစေတဲ့ ဟော်မုန်းတွေလည်း တိုးလာပါတယ်။
၅။ စိတ်ဖိစီးမှုကို ခံစားရစေခြင်း
လေ့လာချက်တစ်ခုအရ ညဘက်မှာ မီးအလင်းရောင်ကို ဖွင့်အိပ်သူတွေက စိတ်ဖိစီးမှုကို ခံစားရတာ ပိုများကြေင်း တွေ့ရပါတယ်။
ညဘက်အလင်းရောင်တွေက ခန္ဓာကိုယ်ထဲက သဘာဝစည်းချက်ကို ထိခိုက်စေပြီး စိတ်ဖိစီးမှုကို ခံစားရစေတာပါ။ ညဘက်မှာ မီးအလင်းရောင်ကို ဖွင့်အိပ်တာက ခန္ဓာကိုယ်ကျန်းမာရေးကို ဆိုးကျိုးများစွာ ရရှိစေပါတယ်။
Zombie (lovemedia)
0 Comments