မိဘတွေ အဝေးရောက်နေတဲ့အချိန်မှာ ကလေးနဲ့ရင်းနှီးနေစေဖို့ နည်းလမ်းများ

ကလေးငယ်လေးတွေက မိဘတွေကို အရမ်းတွယ်တာပြီး မိဘတွေနဲ့ပဲ အချိန်ကုန်ချင်ကြပါတယ်။ မူကြိုတက်ရတဲ့အချိန် မိဘနဲ့ခဏလေး ခွဲခွာရတာတောင် ကလေးတွမှာ စိတ်ဖိစီးမှုတွေ မြင့်တက်လာကြောင်း လေ့လာချက်တစ်ရပ်မှာ ဖော်ပြထားပါတယ်။

မိဘနဲ့ အဝေးမှာ အကြာကြီးနေရတဲ့ကလေးတွေက စိတ်ဖိစီးမှုတွေကို ပိုခံစားရပြီး ဦးနှောက်ဖွံ့ဖြိုးတိုးတက်မှုမှာလည်း သက်ရောက်မှုတွေ ရှိလာစေပါတယ်။ အဲဒါကြောင့် မိဘတွေက အဝေးရောက်နေရင်တောင် ကလေးနဲ့ စိမ်းမသွားစေဖို့ နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ ကလေးဆီက အာရုံစိုက်မှုကို ရယူပါ။

ကလေးတွေက မိဘတွေဆီက အာရုံစိုက်မှုကို ရယူလိုပါတယ်။ ဒါပေမယ့် မိဘနဲ့ အနေဝေးသွားတဲ့အခါမှာတော့ စိမ်းသွားလေ့ရှိကြပါတယ်။ အနေဝေးနေရင်တောင် ကလေးနဲ့မစိမ်းစေဖို့ ကလေးဆီက အာရုံစိုက်မှုကို ရရှိအောင် အမြဲပြုလုပ်သင့်ပါတယ်။

ကလေးနဲ့ မျက်လုံးချင်းစကားပြောတာ၊ ပုံပြင်ပြောပြတာ၊ အတူတူကစားတာတွေကို ရတဲ့အချိန်လေးမှာ ပြုလုပ်ပေးရင် ကလေးရဲ့စိတ်ဖိစီးမှုတွေလည်း လျော့ကျသွားမှာပါ။

၂။ ကလေးကို ပြောရဲဆိုရဲရှိအောင် လေ့ကျင့်ပေးပါ။

မိဘတွေက ကလေးတွေနဲ့အချိန်ပြည့် မရှိပေးနိုင်ပါဘူး။ အဲဒါကြောင့် ကလေးနဲ့ ယုံကြည်ရသူအချို့ကို ရင်းနှီးအောင် လေ့ကျင့်ပေးထားသင့်ပါတယ်။ ကလေးတွေက သူစိမ်းတွေဆိုရင် ကြောက်တာ၊ ရှက်တာ၊ စကားမပြောရဲတာတို့ ဖြစ်လေ့ရှိပါတယ်။

- ကလေးတွေကို စကားပြောရဲဆိုရဲရှိအောင် ဦးဆောင်ပြီးပြောဖို့ခွင့်ပေးတာက အခြားသူတွေနဲ့ ရင်းနှီးလာစေမှာပါ။

- ကလေးတွေက မိဘတွေကို အတုယူလေ့ရှိပါတယ်။ မိဘတွေက ကလေးတွေရဲ့ရှေ့မှာ ယုံကြည်မှုရှိရှိနေပြတာကိုလည်း ကလေးတွေက အတုယူပါတယ်။

- အပြင်သွားခါနီးတိုင်းမှာလည်း ကလေးတွေကို အမြဲတမ်းနှုတ်ဆက်တာ၊ ပွေ့ဖက်တာတို့ ပြုလုပ်ပေးနိုင်ပါတယ်။

ကလေးတွေက ပတ်ဝန်းကျင်မှာ ရှိတဲ့လူတွေနဲ့ ရင်းနှီးလာတဲ့အခါ၊ စကားပြောဖို့ မကြောက်တော့တဲ့အခါမှာ စိတ်ဖိစီးမှုတွေ လျော့နည်းလာပါတယ်။ မိဘတွေကိုလည်း ပိုပြီးတော့ နားလည်မှုရှိလာပါတယ်။

၃။ ကလေးနဲ့ အဆက်အသွယ်မပြတ်အောင် နေပေးပါ။

အသက် ၆ နှစ်အောက် ကလေးတွေက မိဘတွေနဲ့ခွဲခွာပြီးနေရတာက သူတို့အတွက် တကယ်ကိုအဆင်မပြေတဲ့ခံစားချက်ပါ။ ကလေးနဲ့ ခဏလောက်ခွဲနေရတော့မယ်ဆိုရင် ယုံကြည်ရသူ၊ ကလေးကို ဂရုစိုက်တတ်သူထံမှာအပ်နှံထားသင့်ပါတယ်။

ကလေးနဲ့ အဆက်အသွယ်မပြတ်အောင် ဖုန်းကို နေ့စဉ်ပြောတာ၊ video call ပြောတာ၊ အရုပ်နဲ့လက်ဆောင်တွေ ဝယ်ပို့ပေးတာတို့ ပြုလုပ်ပေးတဲ့အခါ အနေဝေးနေပေမယ့် စိတ်ထဲမှာ ရင်းနှီးနေမှာပါ။

Zombie (lovemedia)

Post a Comment

0 Comments