အိမ်ကို သန့်ရှင်းရေးလုပ်တဲ့အခါမှာ မထင်ထားလောက်အောင် လွယ်ကူစေမယ့်နည်းလမ်း (၈) ခု

အိမ်ကို သန့်ရှင်းရေးလုပ်တဲ့အခါ အချိန်တွေ အများကြီးပေးရတတ်ပါတယ်။ အိမ်သန့်ရှင်းရေးလုပ်ဖို့အချိန်တွေနည်းသွားရင် အခြားအလုပ်တွေလုပ်ဖို့ အချိန်တွေ ပိုထွက်လာမှာပါ။

အဲဒါကြောင့် အိမ်ကို သန့်ရှင်းရေးလုပ်တဲ့အခါမှာ မထင်ထားလောက်အောင် လွယ်ကူစေမယ့်နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ Slime ကို အသုံးပြုပါ။

ရီမုအမျိုးမျိုး၊ ကွန်ပျူတာကီးကုတ်စတဲ့နေရာတွေမှာ ဖုန်တွေ ကပ်နေရင် သန့်ရှင်းရေးလုပ်ရခက်ပါတယ်။ အလွယ်ဆုံးနည်းလမ်းကတော့ slime ကို အသုံးပြုပြီး သန့်ရှင်းရေးလုပ်ပါ။

Slime က လိုသလိုပုံစံကို ပြောင်းဖို့ လွယ်ကူတာကြောင့် ဘယ်မျက်နှာပြင်ကိုမဆို သန့်ရှင်းဖို့ မခက်ခဲတော့ပါဘူး။ ဖုန်နဲ့ အညစ်အကြေးတွေကလည်း slime မှာ အလွယ်တကူ ကပ်လာနိုင်ပါတယ်။

၂။ ကြက်ဥခလောက်တံ

ဂျုံမှုန့်နဲ့ ကြက်ဥတွေကို မွှေပြီးနောက်မှာ ကြက်ဥခလောက်တံက ဆေးကြောဖို့ ခက်ခဲသွားပါတယ်။ ကြက်ဥခေါက်တံကို လိမ်လိုက်ပါ။ အဲဒီအခါ ပန်းကန်ဆေးဖော့နဲ့ အလွယ်တကူဆေးကြောလို့ရသွားပါတယ်။

၃။ ပန်းကန်ဆေးကန်

ပန်းကန်ဆေးကန်ပိတ်နေတဲ့အခါ သန့်ရှင်းရေးလုပိဖု့ မခက်ခဲတော့ပါဘူး။ ရှာလကာရည်နဲ့ မုန့်ဖုတ်ဆော်ဒါပဲ လိုအပ်ပါတယ်။ မုန့်ဖုတ်ဆော်ဒါကို ပန်းကန်ဆေးကန်ထဲက ပိုက်ထဲကို လောင်းချလိုက်ပါ။

ပြီးနောက် ရှာလကာရည်ကို ထပ်လောင်းပါ။ မုန့်ဖုတ်ဆော်ဒါနဲ့ ရှာလကာရည်ရောသွားပြီး အစားအစာအကြွင်းအကျန်တွေကို ဖယ်ရှားပေးသွားပါတယ်။

၄။ အိပ်ရာ

လူအများစုကတော့ အိပ်ရာနိုးနိုးချင်းမှာပဲ အိပ်ရာသိမ်းတတ်ကြပါတယ်။ အိပ်ရာနိုးနိုးချင်းမှာ အိပ်ရာကို မသိမ်းသေးဘဲ လေဝင်လေထွက်ကောင်းအောင် ထားလိုက်ပါ။ ခဏကြာပြီးမှသာ အိပ်ရာသိမ်းလိုက်ရင် အိပ်ရာခင်းတွေထဲမှာရှိတဲ့ ဘက်တီးရီးယားတွေ အနည်းငယ်လျော့သွားပါတယ်။

၅။ အိမ်တွင်းစိုက်အပင်

အိမ်တွင်းလေထုသန့်စင်ဖို့အတွက် လေသန့်စင်စက် ဝယ်ရတာ ငွေကုန်များနေမှာပါ။ အဲဒီအစားနွယ်ပင်၊ ဝါးပင်၊ Janet Craigs စတဲ့ အပင်တွေကို စိုက်ပျိုးထားလိုက်ပါ။ အဲဒီလိုအပင်တွေဟာ အိမ်တွင်းလေထုကို သဘာဝအတိုင်း သန့်စင်ပေးပါတယ်။

၆။ အင်္ကျီချိတ်

ခရစ္စမတ်ကာလမှာ မှိတ်တုတ်မှိတ်တုတ်မီးလေးတွေကို ဖွင့်ဖို့အတွက် အင်္ကျီချိတ်ကို အသုံးပြုနိုင်ပါတယ်။ အင်္ကျီချိတ်မှာ လျှပ်စစ်မီးကြိုးလေးတွေကို သွယ်တန်းလိုက်ရုံပါပဲ။ အလွယ်တကူဖြုတ်လို့လည်း လွယ်သလို ကြိုးလည်း မထိခိုက်တော့ပါဘူး။

၇။ စဉ်းတီတုံး

စဉ်းတီတုံးမှာ တစ်ခုခုကို လှီးရင်းနဲ့ ချော်ချော်ထွက်သွားတာကို ကြံဖူးပါသလား။ သရေပင်နှစ်ပင်ရှိရင် ဒီပြဿနာအတွက် ခေါင်းရုံးစရာမလိုတော့ပါဘူး။ သရေပင်နှစ်ပင်ကို စဉ်းတီတုံးရဲ့တစ်ဖက်တစ်ချက်စီမှာ ပတ်ထားလိုက်ပါ။ စဉ်းတီတုံးပေါ်မှာ လှီးတိုင်း ချော်မထွက်သွားတော့ပါဘူး။

၈။ ဓား

ဓားတွေက အသုံးပြုတဲ့အကြိမ်ရေများလာတဲ့အမျှ ဓားတွေက မထက်တော့ပါဘူး။ ဓားတွေကို ကော်ဖီခွက်အောက်ခြေအနားနဲ့ ပွတ်တိုက်ပေးပါ။ ဓားသွေးကိရိယာမရှိချိန်မှာ ဒီနည်းက အလွန်အသုံးဝင်ပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments