Arya Permana လို့ခေါ်တဲ့ အင်ဒိုနီးရှားဆယ်ကျော်သက်လေးက ကိုယ်အလေးချိန် ၄၂၁ ပေါင်အထိ ဝဖူးခဲ့သူပါ။ သူ့အတွက် အပြင်မှာ သီးသန့်ဆောက်လုပ်ပေးထားတဲ့ရေကန်မှာတောင် ရေချိုးဖို့ခက်ခဲခဲ့ပါတယ်။
Arya Permana ကို ကမ္ဘာ့အဝဆုံးကလေးလို့ သတ်မှတ်ခဲ့ကြပေမယ့် သူ့ရဲ့ဇွဲထက်သန်မှုကြောင့် ကိုယ်အလေးချိန်ပေါင်းများစွာ ကျသွားခဲ့ပါတယ်။
Arya Permana က အသက် ၁၅ နှစ်အရွယ်ပဲ ရှိပါသေးတယ်။ တစ်နေ့ကို ထမင်း ၅ ခါစားပြီး စားတဲ့အစားအစာတွေထဲမှာ ငါး၊ ဆန်၊ အသားနဲ့ အချိုတွေ များနေခဲ့ပါတယ်။ အရွယ်ရောက်ပြီးသားလူတွေအတွက် တစ်နေ့ကို ၂ ကြိမ်စားရုံနဲ့ လုံလောက်ပါတယ်။
Arya Permana က အရမ်းဝတာကြောင့် ကျောင်းနာလိုက်ရပြီး လမ်းလျှောက်ရင်တောင် အရမ်းမောနေတတ်ပါတယ်။ သူနဲ့ ကိုက်ညီမယ့် အဝတ်အစားတွေလည်း မရှိတော့တာကြောင့် အင်ဒိုနီးရှားပုဆိုးကလွဲလို့ ဘာမှမဝတ်ဖြစ်တာ နှစ်အတော်ကြာခဲ့ပါတယ်။
ဒါပေမယ့် နောက်ဆုံးမှာတော့ သူကိုယ်တိုင်ပြောင်းလဲဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
သူ့ရဲ့ trainer ဖြစ်တဲ့ Ade Rai က Arya Permana ကို ခန္ဓာကိုယ်လှုပ်လှုပ်ရှားရှားနေဖို့၊ အစားအစာမျှတဖို့အတွက် လမ်းညွှန်ပြသပေးခဲ့ပါတယ်။
သူ့ရဲ့အကူအညီနဲ့ Arya Permana က ကိုယ်အလေးချိန် ၁၈၃ ပေါင်တောင် ချနိုင်ခဲ့ပါတယ်။ အခြားသူတွေကိုတောင် ကိုယ်အလေးချိန်ချဖို့အတွက် Arya Permana က အားပေးတိုက်တွန်းနိုင်ခဲ့ပါတယ်။
Arya Permana က ကိုယ်အလေးချိန်ချချင်သူတွေအတွက် စံပြတစ်ယောက်ဖြစ်သွားပါတယ်။
Arya Permana က ကိုယ်အလေးချိန်ချနေစဉ်အတွင်း စိတ်ဓာတ်ခိုင်မာမှုကြောင့် ဒီလောက်ပေါင်ချိန်အများကြီးကို ချနိုင်သွားတာပါ။
အခုဆိုရင် "Arya Permana တောင် ကိုယ်အလေးချိန်ချနိုင်သေးတာပဲ။ ငါက ဘာလို့မချနိုင်ရမှာလဲ" ဆိုပြီးတော့ Arya Permana ကို အားကျပြီး ကိုယ်အလေးချိန်တွေ ချလာကြပါတယ်။
Arya Permanaက ပြင်းထန်တဲ့ ကိုယ်ကာယလေ့ကျင့်ခန်းတွေနဲ့ အာဟာရမျှတတဲ့အစားအစာတွေကို စားခဲ့ပါတယ်။ အရင်တုန်းကဆိုရင် Arya Permana က သူ့ရဲ့အလေးချိန်ကြောင့် မတ်တပ်တောင် ကောင်းကောင်းမရပ်နိုင်ပါဘူး။
အခုဆိုရင်တော့ ကိုယ်အလေးချိန်ကျပြီး ပိန်သွားတာကြောင့် ဘောလုံးနဲ့ အခြားသော အားကစားနည်းတွေကိုပါ ကစားလာနိုင်ပါပြီ။ ကျောင်းလည်း ပြန်တက်နိုင်တဲ့အထိ ကျန်းမာသွားတာကြောင့် မိဘတွေက အရမ်းဝမ်းသာနေကြပါတယ်။
Zombie (lovemedia)
0 Comments