ကျန်းမာရေးကောင်းတာက ကံကောင်းခြင်းတစ်မျိုးပါပဲ။ ကျန်းမာရေးမကောင်းတဲ့အခါမှာ လုပ်ချင်တာတွေကို လုပ်ခွင့်မရနိုင်တော့ပါဘူး။
အသက်ကြီးတဲ့အခါ ကျန်းမာနေရင်တော့ တကယ့်ကို ကံကောင်းတာပါပဲ။ အဲဒါကြောင့် ကျန်းမာစွာ အသက်ကြီးစေဖို့အတွက် နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။
၁။ အသားအရေကို ဂရုစိုက်ပါ။
အရေပြားက ခန္ဓာကိုယ်မှာ အကြီးဆုံးခန္ဓာကိုယ်အစိတ်အပိုင်းပါ။ အဲဒါကြောင့် အသားအရေကိုလည်း ဂရုစိုက်ဖို့ လိုအပ်ပါတယ်။ အသက်ကြီးလာတာနဲ့အမျှ အသားအရေက ခြောက်သွေ့လာပြီး လျော့ရဲလာပါတယ်။
အမည်းစက်နဲ့ နေလောင်ဒဏ်တွေကလည်း ပေါ်လာပါတယ်။ သေသေချာချာ cleansing ပြုလုပ်တာ၊ ရေများများသောက်တာ၊ နေလောင်ကာခရင်မ်ကို နေ့စဉ်လိမ်းတာ၊ အသီးအနှံများများစားတာတို့က အသက်ကြိးတဲ့အထိ အသားအရေလှစေပါတယ်။
၂။ လှုပ်လှုပ်ရှားရှားနေထိုင်ပါ။
လေ့ကျင့်ခန်းလုပ်တာက အကျိုးကျေးဇူးတွေ အများကြီးရရှိစေပါတယ်။ လေ့ကျင့်ခန်းလုပ်တာကြောင့် စိတ်ရောကိုယ်ပါ ကျန်းမာလာစေပါတယ်။ အရိုးနဲ့ ကြွက်သားတွေ သန်စွမ်းလာပြီး ပင်ပန်းနွမ်းနယ်တာတွေ လျော့နည်းလာပါတယ်။
အသက်ကြီးတဲ့အခါဖြစ်လေ့ရှိတဲ့ စိတ်ဓာတ်ကျတာကိုလည်း လေ့ကျင့်ခန်းက ကုစားပေးနိုင်ပါတယ်။ ကတာ၊ စက်ဘီးစီးတာ၊ လမ်းလျှောက်တာ၊ ရေထဲမှာပြုလုပ်တဲ့ အေရိုးဗစ်ဆော့တာ စတဲ့လေ့ကျင့်ခန်းတွေက အရမ်းမပင်ပန်းဘဲ ကျန်းမာစေပါတယ်။
၃။ ကျန်းမာရေးနဲ့ ညီညွတ်စွာစားပါ။
ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာတွေကို စားတာက အသက်ကြီးတဲ့အထိ ကျန်းမာနေခြင်းရဲ့သော့ချက်ပါပဲ။ အသီးအနှံ၊ အသီးအရွက်၊ ဂျုံ၊ ပရိုတိန်း၊ ငါးစတဲ့အစားအစာတွေက ပုံမှန်စားသုံးပေးတာကလည်း သဘာဝအားဆေးတွေပါပဲ။
အသက်ကြီးတဲ့အထိ ကျန်းမာနေစေဖို့ အဆီ၊ ဆား၊ သကြား၊ ကြာရှည်ခံအစားအစာတို့ကို လျှော့စားသင့်ပါတယ်။
၄။ ဦးနှောက်ကို အလုပ်ပေးပါ။
အသက်ကြီးတဲ့အထိ ကျန်းမာနေစေဖို့ ဦးနှောက်ကိုလည်း ဂရုစိုက်ပေးသင့်ပါတယ်။ ဦးနှောက်ကို အလုပ်ပေးရတဲ့ စစ်တုရင်ကစားတာ၊ စကားလုံးတွေဆက်တာ၊ စာဖတ်တာ နည်းလမ်းတွေက အယ်လ်ဇိုင်းမားရောဂါကို ကာကွယ်ပေးပါတယ်။
၅။ သွားကျန်းမာရေးကို ဂရုစိုက်ပါ။
သွားကျန်းမာရေးကို ငယ်စဉ်ကတည်းက ဂရုစိုက်ရင် အသက်ကြီးတဲ့အထိ သွားနဲ့ပတ်သက်ပြီး ပူပန်မှုတွေနည်းပါးနေမှာပါ။
တစ်နေ့ကို နှစ်ကြိမ်သွားတိုက်တာ၊ ခံတွင်းသန့်စင်ဆေးရည်နဲ့ ဆေးကြောတွေက ကျန်းမာတဲ့သွားအတွက် မရှိမဖြစ်လိုအပ်တဲ့အရာတွေပါ။ ဒါ့အပြင် သွားကျန်းမာရေးနဲ့ပတ်သက်ပြီး သွားဆရာဝန်နဲ့လည်း အမြဲတမ်းစစ်ဆေးပေးသင့်ပါတယ်။
Zombie (lovemedia)
0 Comments