လွန်ခဲ့တဲ့ ၁၂ နှစ်တုန်းက လမ်းဘေးကြောင်လေး Bobo ကို New York,Chinatown က ဆိုင်ပိုင်ရှင်တစ်ယောက်က တွေ့ပြီး မွေးစားခဲ့ပါတယ်။ နောက်ပိုင်းမှာ Bobo က အလုပ်ရသွားပြီး ၁၀ နှစ်ခန့် သခင်ရဲ့ဆိုင်မှာ အလုပ်လုပ်ပေးခဲ့ပါတယ်။
Bobo က ဆိုင်စောင့်ပေးတဲ့အလုပ်ကို လုပ်ပါတယ်။ ဆိုင်ရဲ့နေရာတိုင်းမှာ ထိုင်ပြီး ပြူတင်းပေါက်ကို ကြည့်တာ၊ ဈေးဝယ်လာသူတွေကို တညောင်ညောင်အသံပေးပြီး နှုတ်ဆက်တာတို့ ပြုလုပ်ပါတယ်။
ဒါ့အပြင် ဆိုင်ကို ဈေးဝယ်လာသူတွေနောက်ကို တကောက်ကောက်လိုက်ပြီး ဘာလုပ်တယ်၊ ဘယ်သွားတယ်ဆိုတာလည်း ထော်လှမ်းလေ့ရှိပါတယ်။
Bobo က ဆိုင်မှာ တစ်ကောင်တည်းရှိတဲ့ကြောင်လေးဖြစ်တာကြောင့် သူ့ကို King Bobo လို့လည်း နာမည်ပေးထားပါသေးတယ်။
Bobo က ဆိုင်မှာ ၁၀ နှစ်ကျော်အလုပ်လုပ်ပေးခဲ့ပြီး တစ်ရက်မှ မပျက်ကွက်ခဲ့ပါဘူး။ Bobo ကြောင့် ဆိုင်က လူသိများလာပြီး ရောင်းအားလည်း တက်လာခဲ့ပါတယ်။
Bobo ကိုချစ်တဲ့ ဈေးဝယ်သူရှေ့နေတစ်ယောက်က သူ့အတွက် အစာတွေကို အမြဲတမ်းဝယ်ပေးပြီး ကျန်းမာရေးစစ်ဆေးမှုတွေလည်း ပြုလုပ်ပေးပါတယ်။
နောက်ပိုင်းမှာတော့ Annie Liao ဆိုတဲ့ မိန်းကလေးက ဆိုင်ကို ၂၀၁၄ ခုနှစ်မှာ ရောက်လာပါတယ်။ သူမက Bobo ရဲ့ အရင်းနှီးဆုံးသူငယ်ချင်းဖြစ်လာခဲ့ပါတယ်။
Annie က ကြောင်လေးကို အရမ်းချစ်ပြီး သူ့အတွက် Instagram အကောင့်တစ်ခုလည်း ဖွင့်ပေးခဲပါတယ်။ အဲဒီအကောင့်မှာ Bobo အလုပ်လုပ်နေပုံတွေ၊ ချစ်စရာကောင်းတဲ့ပုံလေးတွေကို တင်ထားပါတယ်။
Bobo က ဆိုင်မှာ ကြောင်အဖော်မရှိပေမယ့် မပျင်းပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ သူ့သခင်နဲ့ ဈေးဝယ်သူတွေက အရမ်းကို ချစ်ပေးတာကြောင့်ပါ။ တစ်ခါတရံမှာတော့ Bobo ရဲ့သူငယ်ချင်း Sushi က ဆိုင်ကို လာလည်လေ့ရှိပါတယ်။
Bobo က ဆိုင်အပေါက်ဝမှာထိုင်ပြီး ဈေးဝယ်လာသူတွေကို အသံပေးပြီး နှုတ်ဆက်ပါတယ်။ Bobo က သခင်ရဲ့ဆိုင်မှာ ၁၀ နှစ်ကျော်ကြာ အလုပ်လုပ်ပြီးနောက် သခင်အသစ်က မွေးစားသွားခဲ့ပါတယ်။ အခုတော့ Bobo က အလုပ်ကနေ အနားယူပြီး သခင်အသစ်နဲ့ ပျော်ရွှင်နေပါပြီ။
Zombie (lovemedia)
0 Comments