ဆံပင်က လူတယောက်ရဲ့ဒုတိယမျက်နှာပါပဲ။ ဆံပင်ပုံစံမလှရင် ရှိပြီးသားအလှတွေ မပေါ်လွင်တော့သလို အသက်ကြီးသလိုလည်း ထင်ရစေပါတယ်။ အဲဒါကြောင့် ဘယ်လိုဆံပင်ပုံစံတွေက အသက်ကြီးတဲ့ပုံစံ ဖြစ်စေလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ ဆိုးထားတဲ့ဆံပင်က အရောင်ရင့်ခြင်း

ဆံပင်အရောင်ရင့်တွေက အသားအရေတိုင်းနဲ့ မလိုက်ဖက်ပါဘူး။ သင်က ဆံပင်အနက်ရောင်ရှိသူဆိုရင်တောင် အညိုရောင်အနည်းငယ်ကို ထည့်ပြီး ဆိုးသင့်ပါတယ်။ အဲဒီအခါ မျက်နှာက ပိုလင်းလာစေတဲ့အပြင် ဆံပင်ထူတယ်လို့လည်း ထင်ရစေပါတယ်။

၂။ ဆံပင်အရောင်ဖျော့တွေ ဆိုးခြင်း

အသားညိုတဲ့သူတွေက ဆံပင်အရောင်ဖျော့တွေနဲ့ အရမ်းမလိုက်ဖက်ပါဘူး။ ဆံပင်အရောင်ဖျော့တွေ ဆိုးလိုက်ရင် မျက်နှာက အရမ်းဖြူဖျော့သွားသလိုပါပဲ။ အသားညိုတဲ့သူတွေက ပျားရည်ရောင်၊ ညိုဖျော့ဖျော့အရောင်တွေနဲ့ ပိုလိုက်ဖက်ပါတယ်။

adv

၃။ မာခေါက်ခေါက်ပုံစံဖြစ်နေတဲ့ဆံပင်

ဆံပင်ပုံသွင်းပစ္စည်းတွေနဲ့ ဆံပင်ကို မာခေါက်ခေါက်အသွင်အပြင်ရအောင်ပြုလုပ်ထားတာက သဘာဝမဆန်ပါဘူး။ ဒါ့အပြင် အဲဒီလိုမျိုး ဆံပင်ပုံစံတွေကလည်း ယနေ့ခေတ်မှာ လူကြိုက်မများတော့ပါဘူး။ အဲဒါကြောင့် ဆံပင်ဖျန်းဆေးတွေကို အများကြီးမသုံးသင့်ပါဘူး။

၄။ ဆံပင်ကို နောက်လှန်ဖြီးခြင်း

အသက်ငယ်ရွယ်သူတွေတောင် ဆံပင်ကို နောက်လှန်ပြီး ဖြီးထားရင် အသက်ကြီးတယ်လို့ ထင်ရစေပါတယ်။ ဆံပင်ကို နောက်ကိုလှန်ပြီး ဖြီးတာက မျက်နှာပုံစံတိုင်းနဲ့လည်း မလိုက်ဖက်ပါဘူး။ ဆံပင်ကို နောက်လှန်ပြီးဖြီးထားတာက မျက်နှာက မပြည့်စုံမှုတွေကို ပိုမိုပေါ်လွင်စေပါတယ်။

၅။ ဆံပင်ရှည်ပြီး ပါးနေခြင်း

အသက်ကြီးလာတဲ့အခါမှာ ဆံပင်ရဲ့မွှေးညှင်းပေါက်တွေက တက်တက်ကြွကြွအလုပ်မလုပ်နိုင်တော့ပါဘူး။ အဲဒါကြောင့် ဆံပင်က ပါးလာပါတယ်။ အသက်ကြီးလာတဲ့အခါမှာ ဆံပင်ကို တိုတိုနဲ့ ခပ်ပွပွပုံစံဖြစ်အောင် ညှပ်ရင် အသက်ငယ်သလို ထင်ရစေပါတယ်။

၆။ အသက်အရွယ်ကိုလိုက်ပြီး ဆံပင်အရောင်ကို မပြောင်းခြင်း

ဆံပင်နဲ့ အသားအရေအတွက်ရောင်ခြယ်ပစ္စည်းတွေက အသက်ကြီးလာတဲ့အခါမှာ အားနည်းလာပါတယ်။ အဲဒါကြောင့် အသက် ၂၀ကျော် ၃၀တုန်းက ဆံပင်အရောင်နဲ့ ၄၀ ကျော် ၅၀ အရွယ်တို့က မတူညီသင့်တော့ပါဘူး။ ဆံပင်အရောင်ကို အသက်အရွယ်ကိုလိုက်ပြီး ပြောင်းလဲရင် အသက်ကြီးတာကို ဖုံးကွယ်လို့ ရနိုင်ပါတယ်။

၇။ ခွဲကြောင်းတစ်မျိုးတည်းထားခြင်း

အသက်ကြီးလာတာနဲ့အမျှ ခန္ဓာကိုယ်က ကော်လဂျင်ထုတ်လုပ်နှုန်းက လျော့လာပါတယ်။ အဲဒါကြောင့် အသက်ကြီးလာတဲ့အခါမှာ မျက်နှာက ပိုရှည်လာသလို ဖြစ်လာပါတယ်။

အသက်ကြီးလာတဲ့အခါမှာ ဆံပင်ခွဲကြောင်းကို တစ်မျိုးတည်းမထားဘဲ မျက်နှာပုံစံနဲ့ လိုက်ဖက်တဲ့ ခွဲကြောင်းကို ပြောင်းလဲရွေးချယ်သင့်ပါတယ်။

၈။ ခေတ်မရှိတော့တဲ့ ဆံပင်ပုံစံ

အမျိုးသမီးအများစုက ထားနေကျဆံပင်ပုံစံကိုသာ ဆက်လက်ထားချင်ကြပါတယ်။ ဆံပင်အတိုကို ကောက်ထားတာ၊ ဆံနွယ်ခွေတွေထားတာ၊ အနီမှိုင်းမှိုင်းအရောင်ဆိုးတာ စတဲ့ဆံပင်ပုံစံတွေက ခေတ်ဟောင်းမှာ ကျန်ရစ်ခဲ့ပါပြီ။ အဲဒီဆံပင်ပုံစံတွေကို မေ့လိုက်ပြီး ခေတ်မီတဲ့ဆံပင်ပုံစံတွေက အသက်အရွယ်နုပျိုအောင် ပြုလုပ်ပေးနိုင်ပါတယ်။

Zombie (lovemedia)