အလေ့အထတစ်ခုကို ၂၁ ရက်ခန့် စွဲစွဲမြဲမြဲလုပ်ရင် အကျင့်ပါသွားတတ်ပါတယ်။ အချို့သော အပြုအမူအလေ့အကျင့်တွေက မကောင်းဘူးလို့ ထင်ရပေမယ့် လက်တွေ့မှာတော့ ကျန်းမာရေးအတွက် ကောင်းနေစေပါတယ်။
၁။ တံတွေးထွေးခြင်း
လူအများရှေ့မှာ တံတွေးထွေးတာကတော့ ရိုင်းတဲ့အပြုအမူပါ။ ဒါပေမယ့် လေ့ကျင့်ခန်းလုပ်ပြီးတဲ့အခါမှာ တံတွေးထွေးတာက အသက်ရှူရတာကို ပိုပြီး လွယ်ကူလာစေပါတယ်။
တံတွေးထွေးလိုက်တဲ့အခါမှာ ခံတွင်းထဲမှာ စိုထိုင်းမှုတွေ ပိုများလာပြီး အောက်ဆီဂျင်တွေကို ပိုစုပ်ယူလာနိုင်ပါတယ်။ အချိန်အကြာကြီးပြေးပြီးနောက် ပါးစပ်ထဲက အချွဲတွေကို ထွေးထုတ်လိုက်တာက အသက်ရှူရတာ ပိုကောင်းလာစေပါတယ်။
၂။ ပီကေဝါးခြင်း
ပီကေဝါးတာက ခန္ဓာကိုယ်အတွက် ဘာအာဟာရမှ မရရှိစေပါဘူး။ ဒါပေမယ့် ပီကေဝါးတာကြောင့် အာရုံစိုက်မှု ပိုကောင်းလာပြီး မှတ်ဉာဏ်အားကောင်းလာပါတယ်။ စိတ်ဖိစီးမှုတွေ လျော့နည်းလာပြီး ကော်တီဇောဟော်မုန်းကိုလည်း ညီမျှသွားစေပါတယ်။
၃။ လေလည်ခြင်း
သင်ကိုယ်တိုင်သတိမထားမိပေမယ့် ပျမ်းမျှအားဖြင့် တစ်နေ့ကို ၂၅ ကြိမ်ခန့် လေလည်လေ့ရှိပါတယ်။ အစာစားပြီး ၆ နာရီအကြာမှာ အစာချေလမ်းကြောင်းက ကာဗွန်ဒိုင်အောက်ဆိုက်ကို ထုတ်လွှတ်ပါတယ်။
လေလည်တာကို အောင့်ထားရင် ဝမ်းဗိုက်ထဲမှာ နာကျင်တာ၊ လေပွတာ၊ လေထိုးတာကို ခံစားရနိုင်ပါတယ်။
၄။ လေတက်ခြင်း
အစားတွေကို အများကြီးစားပြီးရင် လေတက်လေ့ရှိကြပါတယ်။ အစားစားပြီးတဲ့အချိန်မှာ လေတက်တာက အစာအိမ်အတွက် တကယ်ကို ကောင်းကျိုးဖြစ်စေပါတယ်။ ဒါပေမယ့် တစ်ရက်တည်းမှာ အကြိမ်ပေါင်းများစွာ လေတက်နေရင်တော့ ဆရာဝန်နဲ့ ပြသသင့်ပါတယ်။
၅။ ရေမချိုးခြင်း
ရေကို နေ့တိုင်းချိုးရင် ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ သဘာဝအဆီတွေ နည်းပါးသွားပါတယ်။ ရေပူနဲ့ နေ့တိုင်းရေချိုးတာက အသားအရေကို ခြောက်သွေ့စေပါတယ်။
အဲဒါကြောင့် တစ်ခါတလေ ရေမချိုးဖြစ်တာကလည်း အရေပြားအတွက် သဘာဝအဆီတွေ ထိန်းသိမ်းပေးသလိုဖြစ်စေပါတယ်။
Zombie (lovemedia)
0 Comments