ညအိပ်နေရင်းအံကြိတ်တာကို ရပ်တန့်သွားစေမယ့်နည်းလမ်း (၇) ခု

မနက်အိပ်ရာထတဲ့အခါမှာ ခေါင်းကိုက်တာ၊ မေးရိုးတွေညောင်းနေတာကို ကြုံဖူးနိုင်ပါတယ်။ ညဘက်အိပ်နေရင်း အံကြိတ်တဲ့အခါ အိပ်ရာနိုးလာရင် ခေါင်းကိုက်နေတတ်ပါတယ်။

ညအိပ်နေရင်းအံကြိတ်တာကို ဘယ်လိုနည်းလမ်းတွေနဲ့ ရပ်တန့်နိုင်မလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်နော်။

အံကြိတ်ခြင်း

ညဘက်အိပ်နေရင်းနဲ့ အံကြိတ်တာကို burxism လို့ခေါ်ကြပါသေးတယ်။ ကမ္ဘာလူဦးရေရဲ့ ၈ရာခိုင်နှုန်းကနေ ၃၁ရာခိုင်နှုန်းခန့်က ညဘက်မှာ အိပ်နေရင်းနဲ့ အံကြိတ်တတ်ကြပါတယ်။ ညဘက်အိပ်နေရင်းအံကြိတ်တာနဲ့ နိုးနေချိန်မှာ အံကြိတ်တာဆိုပြီး နှစ်မျိုးရှိပါတယ်။

အံကြိတ်တာက စိတ်ပိုင်းဆိုင်ရာအခြေအနေ၊ မျိုးရိုးဗီဇတို့နဲ့လည်း ဆက်စပ်နေတတ်ပါတယ်။ အံကြိတ်တာများတဲ့အခါမှာ သွားက အထိမခံဖြစ်လာပြီး မကြာခဏနာကျင်လာပါတယ်။ မေးရိုးကြွက်သားတွေလည်း ရောင်ရမ်းလာပါတယ်။ ‌မကြာခဏလည်း ခေါင်းကိုက်လာပါတယ်။

၁။ ကာဖိန်းကို ရှောင်ပါ။

အံကြိတ်တာကို ဟန့်တားနိုင်ဖို့ အလွယ်ကူဆုံးနည်းလမ်းကတော့ ကာဖိန်းဓာတ်ကို ရှောင်လိုက်တာပါ။ ကာဖိန်းဓာတ်မှာ လှုံ့ဆော်ပေးနိုင်တဲ့အစွမ်းတွေရှိပါတယ်။

အားဖြည့်အချိုရည်တွေမှာလည်း ကာဖိန်းဓာတ်တွေ အများကြီးပါဝင်နေတတ်ပါတယ်။ ခန္ဓာကိုယ်မှာ ကာဖိန်းဓာတ်များနေရင် ခန္ဓာကိုယ်က အရမ်းတက်ကြွပြီး အလိုအလျောက် အံကြိတ်နေမိတတ်ပါတယ်။

၂။ စိတ်ဖိစီးမှုကို လျှော့ချပါ။

စိတ်ဖိစီးမှုတွေများတဲ့အခါမှာ အလိုအလျောက်အံကြိတ်လာပါတယ်။ နေ့စဉ်ဘဝမှာ စိတ်ဖိစီးမှုတွေက တစ်နည်းမဟုတ်တစ်နည်းနဲ့ ဝင်လာတတ်ပါတယ်။

တိုင်ပင်ဆွေးနွေးမှုခံယူတာ၊ လေ့ကျင့်ခန်းပြုလုပ်တာ၊ တရားထိုင်တာတို့က စိတ်ဖိစီးမှုတွေကို လျောနည်းစေပါတယ်။ အဲဒီအခါ ညဘက်အံကြိတ်တာလည်း လျော့ပါးသွားမှာပါ။

၃။ စားလို့မရတဲ့အရာဝတ္တုတွေအ‌ပေါ် ကိုက်တာကို ရှောင်ကြဉ်ပါ။

ဘောပင်ကိုက်တာ၊ မျက်မှန်ကိုက်တာ၊ ခဲတံကိုက်တာတို့က ငယ်စဉ်ကတည်းက စွဲလာတဲ့အကျင့်တွေပါပဲ။ အဲဒီလိုအရာဝတ္တုတွေကို အမြဲလိုလိုကိုက်နေတဲ့အခါ ညဘက်မှာလည်း ယောင်ပြီး အံကြိတ်နေတတ်ပါတယ်။

စားလို့မရတဲ့အရာဝတ္တုတွေကို ကိုက်တဲ့အခါ အဲဒီအရာဝတ္တုတွေမှာပါဝင်တဲ့ ဘက်တီးရီးယားတွေက ပါးစပ်ထဲဝင်ပြီး ကျန်းမာရေးကိုလည်း ထိခိုက်လာစေမှာပါ။

၄။ ကယ်လ်ဆီယမ်နဲ့ မဂ္ဂနီဆီယမ်တို့ကို ထည့်သွင်းစားသုံးပါ။

ခန္ဓာကိုယ်မှာ ကယ်လ်ဆီယမ်နဲ့ မဂ္ဂနီဆီယမ်တို့ လိုအပ်နေတဲ့အခါမှာလည်း အလိုအလျောက်အံကြိတ်မိသွားတတ်ပါတယ်။ ဒါပေမယ့် ကယ်လ်ဆီယမ်နဲ့ မဂ္ဂနီဆီယမ်ကို ခန္ဓာကိုယ်မှာ တကယ်လိုအပ်လားဆိုတာကို စမ်းသပ်ပြီးမှသာ သောက်သုံးသင့်ပါတယ်။

ကယ်လ်ဆီယမ်နဲ့ မဂ္ဂနီဆီယမ်က ကြွက်သားရဲ့လုပ်ငန်းတွေနဲ့ အာရုံကြောကျန်းမာရေးကို အထောက်အကူပြုပါတယ်။

၅။ အံကြိတ်တာကို သတိထားကြည့်ပါ။

တစ်ခါတရံမှာ အလိုအလျောက်အံကြိတ်မိနေတာကို သတိမထားမိနိုင်ဘဲ ဖြစ်နေတတ်ပါတယ်။ အံကြိတ်မိနေတာကို သတိထားမိတဲ့ချက်ချင်းပဲ ရပ်လိုက်ပါ။

တစ်ခုခုကို အလေးအနက်တွေးခေါ်နေတဲ့အခါ သို့မဟုတ် အလုပ်တစ်ခုခုကို အာရုံအရမ်းစိုက်မိတဲ့အခါမှာ ကိုယ်တိုင်တောင်သတိမထားမိဘဲ အံကြိတ်မိနေပါတယ်။ နောက်ပိုင်းမှာတော့ အံကြိတ်တတ်တဲ့အကျင့်က ပျောက်သွားပါတယ်။

၆။ အိပ်ရာမဝင်ခင်မှာ ကောင်းစွာ အနားယူပါ။

ညဘက်မအိပ်ခင်မှာ စိတ်တည်ငြိမ်ပြီး အနားယူလေ အိပ်နေစဉ်အံကြိတ်ဖို့ အခွင့်အရေးနည်းလမ်းလာလေပါပဲ။ မအိပ်ခင်မှာ အလုပ်တွေအရမ်းများပြီး စိတ်ရှုပ်စရာတွေရှိနေရင် အိပ်နေရင်းနဲ့ အံကြိတ်နေမိတတ်ပါတယ်။

အိပ်ခါနီးမှာ ချာမိုမိုင်းလက်ဖက်ရည်သောက်တာ၊ လည်ပင်း၊ ပုခုံးတို့ကိုနှိပ်နယ်ပေးတာက စိတ်ရောကိုယ်ပါ အနားရစေပါတယ်။

၇။ အံကြိတ်တာကို သက်သာစေမယ့် ကိရိယာကို အသုံးပြုပါ။

ညဘက်မှာ အံကြိတ်တာက ညစဉ်ဖြစ်နေတဲ့အခါမှာတော့ အံကြိတ်တာကို သက်သာစေမယ့် ကိရိယာရှိပါတယ်။ ဆီလီကွန်နဲ့ပြုလုပ်ထားတဲ့ အဲဒီကိရိယာလေးကို ပါးစပ်ထဲမှာ ထည့်ပြီး အိပ်တဲ့အခါ အံကြိတ်တာ လျော့ပါးသွားမှာပါ။ ညဘက်မှာလည်း ကောင်းကောင်းအိပ်ပျော်ပြီး ခေါင်းကိုက်တာလည်း သက်သာသွားစေပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments