ဆိတ်တွေက လူသားတွေရဲ့မျက်နှာအမူအရာကို ခွဲခြားနိုင်လား

လေ့လာချက်တစ်ခုအရ ဆိတ်လေးတွေက လူတွေရဲ့မျက်နှာအမူအရာကို ခံစားသိရှိနိုင်ပါတယ်။ လူသားတွေ ပျော်ရွှင်နေလား၊ ဝမ်းနည်းလေးလား၊ ပြုံးနေလားဆိုတာကို ဆိတ်လေးတွေက ခွဲခြားနိုင်ပါတယ်။

တိရစ္ဆာန်တွေက လူသားတွေရဲ့ မျက်နှာအမူအရာကို ဖတ်နိုင်လားဆိုတာကို သိရှိဖို့အတွက် သိပ္ပံပညာရှင်တွေက လေ့လာခဲ့ကြပါတယ်။ လန်ဒန်တက္ကသိုလ် Queen Mary က သုတေသီတွေက ဒီအကြောင်းကို သိဖို့အတွက် သုတေသနပြုလုပ်ခဲ့ပါတယ်။


ဆိတ်ခြံတစ်ခုမှာ ပြုံးနေတဲ့လူမျက်နှာဓာတ်ပုံနဲ့ ဒေါသထွက်နေတဲ့ လူမျက်နှာဓာတ်ပုံတွေကို ဆိတ်တွေကို ပြသခဲ့ပါတယ်။ ဆိတ်လေးတွေအားလုံးက ပြုံးနေတဲ့မျက်နှာရှိတဲ့ ဓာတ်ပုံဘက်ကို ရောက်သွားကြောင်း တွေ့ခဲ့ရပါတယ်။


ဆိတ်လေးတွေက ပြုံးပျော်ရွှင်နေတဲ့လူသားတွေကို သဘောကြပါတယ်။ ဒီသုတေသနကို Royal Society Open Science ဂျာနယ်မှာ ဖော်ပြခဲ့ပါတယ်။ နောက်ထပ်လေ့လာမှုအရ ဆိတ်တွေက လူသားတွေရဲ့မျက်နှာအမူအရာကိုပါ ခွဲခြားသိနိုင်ပါတယ်။


ဒါပေမယ့် သုတေသနပြုလုပ်တဲ့အတောအတွင်းမှာ ပြုံးနေတဲ့လူမျက်နှာဓာတ်ပုံကို ဆိတ်တွေရဲ့ညာဘက်မှာ ထားခဲ့တာပါ။


ဆိတ်တွေက ပြုံးနေတဲ့ဓာတ်ပုံ ရှိတဲ့ဘက်ကိုပဲ ရောက်သွားပါတယ်။ အဲဒါကြောင့် ဆိတ်တွေရဲ့ညာဘက်ဦးနှောက်ကပဲ အလုပ်လုပ်လားဆိုတာကို ဆက်လက်လေ့လာနေဆဲပါပဲ။

ဆိတ်လေးတွေကပဲ လူသားတွေရဲ့ မျက်နှာအမူအရာကို နားလည်တာမဟုတ်ပါဘူး။ ၂၀၁၅ ခုနှစ်က ပြုလုပ်ခဲ့တဲ့လေ့လာချက်တစ်ခုအရ ခွေးလေးတွေကလည်း လူသားတွေရဲ့မျက်နှာအမူအရာကို နားလည်ပါတယ်။


ခွေးလေးတွေကိုလည်း လေ့လာမှုပြုလုပ်တဲ့အခါ အမြဲတမ်းပြုံးနေတဲ့လူတွေဆီကိုပဲ ခွေးလေးတွေက ပိုခင်တွယ်ကြောင်းတွေ့ခဲ့ရပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments