ဂျင်းနံ့သင်းတဲ့ ပေါင်မုန့်၊ ကွတ်ကီးတို့ကို စားပေးတဲ့အခါ ခန္ဓာကိုယ်မှာ ဘယ်လိုပြောင်းလဲလာမလဲ

ခရစ်စမတ်နီးလာတဲ့အခါမှာ မုန့်တိုက်တွေက ခရစ်စမတ်ရာသီမုန့်တွေကို ပြုလုပ်လာကြပါတယ်။ အဲဒီအထဲမှာ ဂျင်းနံ့သင်းတဲ့ ပေါင်မုန့်၊ ကွတ်ကီးတွေလည်း ပါဝင်ပါတယ်။ ဂျင်းပေါင်မုန့်မှာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ လေးညှင်းပွင့်၊ သစ်ကြံပိုး၊ ဂျင်းနဲ့ အခြားသောအရာတွေလည်း ပါဝင်ပါတယ်။

ဂျင်းနံ့သင်းတဲ့ ပေါင်မုန့်၊ ကွတ်ကီးတွေကို စားပေးတဲ့အခါမှာ ခန္ဓာကိုယ်မှာ ဘယ်လိုပြောင်းလဲလာမလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ ဓမ္မတာကာလမှာ နာကျင်ကိုက်ခဲတာတွေကို သက်သာစေခြင်း

ဂျင်းပေါင်မုန့်၊ ကွတ်ကီးတွေက အရသာရှိရုံတင်မကပါဘူး။ အမျိုးသမီးတွေဓမ္မတာကာလမှာဖြစ်တတ်တဲ့ နာကျင်ကိုက်ခဲတာတွေကို သက်သာစေပါတယ်။ အစားမစားချင်တာ၊ ပင်ပန်းတာတွေကိုလည်း လျော့ပါးစေတာကြောင့် ဓမ္မတာရဲ့အစမှာကတည်းက စားပေးသင့်ပါတယ်။

၂။ အသည်းကို ပိုမိုကျန်းမာစေခြင်း

ဂျင်းနဲ့ပြုလုပ်ထားတဲ့ ပေါင်မုန့်၊ ကွတ်ကီးတို့ကို အများကြီးတော့ မစားပေးသင့်ပါဘူး။ ဂျင်းပေါင်မုန့်မှာ လေးညှင်းပွင့်ပါဝင်တာကြောင့် အသည်းနဲ့သက်ဆိုင်တဲ့ရောဂါတွေကိုလည်း ကုစားပေးနိုင်ပါတယ်။ အသည်းရဲ့လုပ်ငန်းတွေကို တိုးတက်စေပြီး အသည်းမှာ အဆီဖုံးတာကိုလည်း လျှော့ချပေးပါတယ်။

၃။ အစာမကြေတာကို သက်သာစေခြင်း

အစားစားပြီးနောက် အစာမကြေသလို နေရခက်တဲ့အခါမှာ ဂျင်းပေါင်မုန့်ကို စားလိုက်ပါ။ အစာမကြေရတဲ့အကြောင်းအရင်းတွေက အများကြီးရှိနိုင်ပါတယ်။ ဂျင်းပေါင်မုန့်ကို စားလိုက်တဲ့အခါမှာတော့ အစာမကြေတာက နေရထိုင်ရမခက်တော့ဘဲ တဖြည်းဖြည်းသက်သာသွားပါတယ်။

၄။ အသားအရေကို လှပစေခြင်း

သစ်ကြံပိုးကို ပုံမှန်စားသုံးပေးတဲ့သူတွေက အရွယ်မတိုင်ခင် အိုမင်းရင့်ရော်တာကို နှေးကွေးသွားစေပါတယ်။ သစ်ကြံပိုးမှာပါဝင်တဲ့ အင်တီအောက်ဆီးဒင့်တွေက အသားအရေအတွက် အန္တရာယ်ရှိစေတဲ့ free radical တွေကို ကာကွယ်ပေးတာကြောင့်ပါ။

နောက်ထပ်ကတော့ အသားအရေကို တင်းရင်းလှပစေပါတယ်။ ဂျင်းပေါင်မုန့်မှာ သစ်ကြံပိုးပါဝင်ပြီးသားဖြစ်တာကြောင့် အရသာလည်းရှိ၊ အသားအရေအတွက်လည်း အကျိုးပြုပြီးသားပါပဲ။

၅။ ဦးနှောက်ရဲ့လုပ်ငန်းတွေကို တိုးတက်စေခြင်း

ဂျင်းပေါင်မုန့်ကို စားပေးတဲ့အခါ အသားအရေလှပရုံတင်မကပါဘူး။ ဦးနှောက်ရဲ့လုပ်ငန်းတွေလည်း တိုးတက်လာပါတယ်။ ဂျင်းက မှတ်ဉာဏ်ကို တိုးတက်စေပါတယ်။ အဲဒါကြောင့် အယ်လ်ဇိုင်းမားရောဂါဖြစ်နိုင်ချေကိုလည်း လျော့ပါးသွားစေမှာပါ။

၆။ အရိုးကျန်းမာရေးအတွက် အကျိုးပြုခြင်း

ဂျင်းပေါင်မုန့်မှာ လေးညှင်းပွင့်ပါဝင်နေတာက အနည်းငယ်ပူစပ်စပ်အရသာဖြစ်စေပါတယ်။ လေးညှင်းပွင့်က နာကျင်ရောင်ရမ်းတာတွေကို ကုသတဲ့နေရာမှာ အစွမ်းတက်ပါတယ်။

အဆစ်ရောင်နာကြောင့် ဖြစ်လာတဲ့နာကျင်မှုတွေကို လျှော့ချပေးပါတယ်။ ဂျင်းပေါင်မုန့်က အရသာရှိတဲ့အပြင် အရိုးကျန်းမာရေးအတွက်ပါ ကောင်းမွန်စေပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments