ခန္ဓာကိုယ်ရဲ့ကျန်းမာရေးကို အကျိုးပြုတဲ့ အသီးအနှံအစေ့ (၇) မျိုး

ကျန်းမာရေးကောင်းဖို့အတွက် အသီးအနှံတွေကို မရှိမဖြစ်စားပေးသင့်တဲ့အရာတွေပါပဲ။ အချို့သောအသီးအနှံတွေမှာ အသီးရဲ့အစေ့ကအစ ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။

ဘယ်လိုအသီးအနှံတွေရဲ့အစေ့တွေက ကျန်းမာရေးအတွက် အကျိုးပြုလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ ဖရဲသီးစေ့

ဖရဲသီးက ရေဓာတ်ပြည့်ဝပြီး အရသာလည်း ချိုပါတယ်။ ဖရဲသီးရဲ့အစေ့လေးတွေကို အရင်တုန်းကတော့ မစားဘဲ ဖယ်မိတတ်ကြပါတယ်။

ဖရဲသီးရဲ့အစေ့မှာ ဗီတာမင်စီနဲ့ အင်တီအောက်ဆီးဒင့်တွေ ပါဝင်တာကြောင့် ဝက်ခြံကို ကုသပေးနိုင်ပြီး အသားအရေကိုလည်း လှလှစေပါတယ်။ ဖရဲသီးစေ့ကို အချို့က လှော်ပြီးမှ စားကြပါတယ်။ ဖရဲသီးနဲ့အတူတူ တွဲပြီးစားလိုက်လို့လည်း ရပါတယ်။

၂။ သင်္ဘောသီးစေ့

သင်္ဘောသီးမှာ အာဟာရဓာတ်များစွာ ပါဝင်ပါတယ်။ သင်္ဘောသီးစေ့ကိုတော့ မစားခင်မှာ အားလုံးကို ဖယ်လိုက်လေ့ရှိကြပါတယ်။ သင်္ဘောသီးရဲ့အစေ့မှာ papain လို့ခေါ်တဲ့ အင်ဇိုင်းပါဝင်တာဖြစ်လို့ အစာချေစနစ်ကျန်းမာရေးကို အကျိုးပြုပါတယ်။

၃။ တလည်းသီး

အရောင်လည်းလှ စားလို့လည်း ကောင်းတဲ့ တလည်းသီးကို လူကြိုက်များပါတယ်။ အဆီကျ၊ ကိုယ်အလေးချိန်ကျဖို့ဆိုရင်တော့ တလည်းသီးကို မေ့မထားသင့်ပါဘူး။

တလည်းသီးစေ့က ကိုယ်အလေးချိန်ကျချင်သူတွေအတွက် အသင့်တော်ဆုံးပါပဲ။ တလည်းသီးစေ့ကို ဖျော်ရည်ပုံစံအနေနဲ့ သောက်သုံးပေးရင် အရသာလည်းရှိတဲ့အပြင် ကိုယ်ရည်လည်း စစ်သွားမှာပါ။

၄။ ထောပတ်သီးစေ့

ထောပတ်သီးက ကျန်းမာရေးနဲ့အညီညွတ်ဆုံးအစေ့တွေထဲက တစ်မျိုးအပါအဝင်ပါ။ ထောပတ်သီးက ကျန်းမာရေးအတွက် ကောင်းစေတဲ့အပြင် ထောပတ်သီးစေ့ကလည်း နှလုံးသွေးကြောနဲ့ ပတ်သက်တဲ့ကျန်းမာရေးတွေအတွက် ကောင်းကျိုးပေးပါတယ်။

ထောပတ်သီးစေ့ကို ပါးပါးလေးလှီးပြီး အခြောက်ခံထားပါ။ ခြောက်သွားပြီးနောက် အမှုန့်အဖြစ်ကြိတ်ပြီး ဖျော်ရည်အဖြစ်သောက်သုံးနိုင်ပါတယ်။

၅။ လိမ္မော်သီးစေ့

ချိုချိုအေးအေး လိမ္မော်သီးလေးတွေက လူကြိုက်အများဆုံးအသီးတွေထဲမှာ ပါဝင်ပါတယ်။ အရင်ကတော့ လိမ္မော်သီးစားတဲ့အခါမှာ လိမ္မော်စေ့တွေမပါအောင် ဖယ်စားလေ့ရှိပါတယ်။ လိမ္မော်သီးရဲ့အစေ့က ခန္ဓာကိုယ်က အားအင်တွေကို အချိန်တိုအတွင်း ပြည့်လာစေပါတယ်။

၆။ သစ်တော်သီးစေ့

သစ်တော်သီးစေ့မှာ ကယ်လ်ဆီယမ်ပါဝင်တာကြောင့် သွားကျန်းမာရေးအတွက် အထောက်အကူဖြစ်စေပါတယ်။ ကျန်းမာတဲ့သွားတွေရရှိဖို့ သစ်တော်သီးကို စားလို့ရသလို သစ်တော်သီးစေ့ကိုလည်း စားလို့ရပါတယ်။ ဒါ့အပြင် သစ်တော်သီးကို အခြေခံပြီးထုတ်လုပ်ထားတဲ့ ဆေးဝါးတွေကိုလည်း သောက်သုံးပေးနိုင်ပါတယ်။

၇။ အာကာဝတီသီးစေ့

ခရမ်းရောင်အာကာဝတီသီးရှိသလို စိမ်းဝါရောင်အာကာဝတီသီးလည်း ရှိပါတယ်။ နှစ်မျိုးလုံးက အရသာရှိပြီး ကျန်းမာရေးကိုလည်း ကောင်းမွန်စေပါတယ်။

အာကာဝတီသီးစေ့မှာ မဂ္ဂနီဆီယမ်ပါဝင်တဲ့အတွက် စိတ်ဖိစီးမှုတွေကို မကြာခဏခံစားရသူတွေအတွက် သင့်တော်ပါတယ်။ အာကာဝတီးသီးကို ဖျော်ရည်အဖြစ်ဖျော်ပြီး အစေ့တွေကို ထည့်သွင်းသောက်သုံးလို့ရပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments