အစားအစာတွေကို အကြာကြီး ထိန်းသိမ်းထားလို့ရတဲ့အခါ ငွေကုန်သက်သာစေပါတယ်။ ဘယ်လိုအစားအစာတွေက နှစ်နဲ့ချီကြာအောင် သိမ်းထားလို့ရလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်နော်။
အသင့်သောက်ကော်ဖီမှုန့်
အထုပ်ဖောက်ထားတဲ့ကော်ဖီစေ့တွေကို ၂ ပတ်ထက်ပိုပြီး သိမ်းထားရင် အရသာနဲ့ ရနံ့မကောင်းတော့ကြောင်း ကျွမ်းကျင်တဲ့ကော်ဖီပညာ့ရှင်တွေက အကြံပေးထားပါတယ်။ ဒါပေမယ့် အထုပ်ကို မဖောက်ရသေးရင် ကော်ဖီစေ့တွေကို ၆ လကနေ ၉ လအထိ သိမ်းထားလို့ရပါတယ်။
ကော်ဖီအကြမ်းမှုန့်ကိုတော့ ၃ လကနေ ၅ လအထိ သိမ်းထားလို့ရပါတယ်။ အသင့်ဖျော်ကော်ဖီမှုန့်တွေကို အစိုဓာတ်မဝင်အောင် မြင့်မားတဲ့အပူချိန်မှာ ထားရင် ၂ နှစ်ကနေ နှစ်ပေါင်း ၂၀ အထိ သိမ်းထားနိုင်ပါတယ်။
ပျားရည်
ပျားရည်အစစ်ကိုတော့ နှစ်နဲ့ချီပြီး သိမ်းလို့ရပါတယ်။ အစိုဓာတ်မဝင်အောင်နဲ့ အေးမြတဲ့နေရာမှာ သိမ်းထားဖို့ပဲ လိုအပ်ပါတယ်။ အချိန်ကြာလာတဲ့အခါမှာတော့ ပျားရည်တွေက ပုံဆောင်ခဲတွေ ဖြစ်လာပါတယ်။ ဒါပေမယ့် သူ့ရဲ့အာနိသင်ကတော့ မပြောင်းလဲသွားပါဘူး။
မုန့်ဖုတ်ဆော်ဒါ
မုန့်ဖုတ်ဆော်ဒါကိုလည်း နှစ်နဲ့ ချီပြီးသိမ်းဆည်းလို့ ရပါတယ်။ အစိုဓာတ်မဝင်အောင် သေချာထုပ်ပိုးပြီး သိမ်းမယ်ဆိုရင် အကြာကြီးအထားခံပါတယ်။
မုန့်ဖုတ်ဆော်ဒါ ခွက်ရဲ့၄ ပုံ ၁ ပုံကို ရှာလကာရည်နှစ်စွန်းနဲ့ရောမွှေလိုက်တဲ့အခါ ပူဖောင်းလေးတွေ ထလာရင် ဆော်ဒါက အသုံးပြုလို့ရပါသေးတယ်။
ပြောင်းဖူးမှုန့်
ပြောင်းဖူးမှုန့်ကို အေးမြတဲ့နေရာ၊ မှောင်တဲ့နေရာမှာသိမ်းထားရင် နှစ်ပေါင်းများစွာ ခံပါတယ်။ ပြောင်းဖူးမှုန့်ကို သုံးပြီးရင် လေလုံအောင်၊ အစိုဓာတ်မဝင်အောင် သေချာပိတ်ဖို့ပဲ လိုအပ်တာပါ။
ပဲစေ့များ
ပဲစေ့အခြောက်တွေကို ၅ နှစ်အထိ သိမ်းထားနိုင်ပါတယ်။ စံချိန်မီအောင် ထုတ်ပိုးထားနိုင်ရင် နှစ်ပေါင်း ၂၀ ထက် ကြာရှည်ပိုခံပါတယ်။ နှစ်ပေါင်းများစွာကြာတဲ့အထိ သိမ်းထားတာတောင် ပဲတွေမှာရှိတဲ့ အာဟာရတန်ဖိုးက လျော့မသွားပါဘူး။
ဆန်
လေလုံတဲ့ဘူးထဲမှာ ဆန်တွေကို သိမ်းထားရင် ၅ နှစ်အထိ အထားခံပါတယ်။ ဆန်လုံးညိုက ပိုပြီးအာဟာရဖြစ်စေပမယ့် အကြာကြီးအထားမခံပါဘူး။ လေလုံအောင်လို့ သေချာပိတ်ထားရင်တောင် ၆ လကနေ ၈ လလောက်သာ သိမ်းထားလို့ရပါတယ်။
သကြား
သကြားကိုလည်း နှစ်များစွာ သိမ်းထားလို့ရပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ သကြားထဲမှာ ဘက်တီးရီးယားတွေ မပေါက်ဖွားနိုင်လို့ပါ။ ဒါပေယ့် သကြားတွေက ကြာတဲ့အခါမှာတော့ အခဲတွေ ဖြစ်သွားတတ်ပါတယ်။ သကြားကို လေလုံအောင် သေချာပိတ်ထားရင်တော့ အကြာကြီး သိမ်းထားနိုင်ပါတယ်။
ရှာလကာရည်
ရှာလကာရည်ကို အေးပြီး အလင်းရောင်မရတဲ့နေရာ၊ အပူနဲ့ဝေးတဲ့နေရာမှာထားရင်အချိန်ကြာကြာ သိမ်းထားနိုင်ပါတယ်။ ရှာလကာရည်ကို အချိန်ကြာတဲ့အထိ လတ်ဆတ်နေစေဖို့အတွက် ရှာလကာရည်ပုလင်းတွေကို ကပ်ထားသင့်ပါတယ်။
ဆား
ပင်လယ်ဆား၊ ရိုးရိုးဆားနဲ့ အခြားသောဆားတွေကိုလည်း အကြာကြီး သိမ်းထားလို့ရပါတယ်။ ခြောက်သွေ့တဲ့နေရာမှာ အစိုဓာတ်မဝင်အောင် သိမ်းထားဖို့ပဲ အရေးကြီးတာပါ။
Zombie (lovemedia)
0 Comments