လူတစ်ယောက်ကို တကယ်ချစ်မိနေချိန်မှာ အဆိုးအပြစ်တွေကို မမြင်မိနိုင်တော့ပါဘူး။ အချစ်စစ်က ရှားပါးလာပြီး ကစားမယ့်သူတွေကပဲ များလာပါတယ်။ အတုအယောင်အချစ်ရဲ့ လက္ခဏာတွေက ဘာတွေဖြစ်မလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်နော်။
၁။ ဆိုရှယ်မီဒီယာပေါ်မှာပဲ ချစ်ပြခြင်း
သင့်ရဲ့ပုံတွေကို ဆိုရှယ်မီဒီယာတွေပေါ်မှာ ခဏခဏတင်တာကလည်း တကယ်ချစ်တဲ့လက္ခဏာမဟုတ်ပါဘူး။ ဆိုရှယ်မီဒီယာမှာ သည်းသည်းလှုပ်ပြီး အပြင်မှာတော့ အမြဲတမ်းပစ်ထားသူတွေက အများကြီးပါပဲ။
ဆိုရှယ်မီဒီယာပေါ်မှာပဲ ချစ်ပြပြီး အပြင်မှာ အဖက်မလုပ်တာက အချစ်စစ်မဟုတ်တာကြောင့် သတိထားသင့်တဲ့အချက်ပဲ ဖြစ်ပါတယ်။
၂။ နှစ်ယောက်ကြားက ဆက်ဆံရေးတွေက ဆာဟာရသဲကန္တာရထက် ခြောက်သွေ့လာခြင်း
တကယ်ချစ်တဲ့စုံတွေကြားမှာ ပြောစရာစကားတွေက မကုန်ဆုံးနိုင်တော့ပါဘူး။ ဒါပေမယ့် သင့်ဘက်စကားစမပြောရင်၊ ဖုန်းမဆက်ရင် လုံးဝမဆက်သွယ်လာတာမျိုး၊ လိုမှဆက်သွယ်လာတာမျိုး၊ အချိန်ကြာကြာပစ်ထားတာမျိုးဆိုရင်တော့ ပြန်လည်သုံးသပ်သင့်ပါတယ်။ တကယ်ချစ်တဲ့သူတွေက အချိန်ကြာသွားလည်း မငြီးငွေ့သွားပါဘူး။
၃။ သင့်ကို ပြောင်းလဲပစ်ဖို့ ကြိုးစားခြင်း
ချစ်သူနှစ်ဦးကြားမှာ ဝါသနာတွေ၊ အတွေးအခေါ်တွေက မယုံကြည်နိုင်ပါဘူး။ အတုအယောင်အချစ်တွေမှာတော့ သင့်ရဲ့ဝါသနာတွေ၊ ရည်မှန်းချက်တွေကို မျက်ကွယ်ပြုပြီး သူ့စိတ်တိုင်းကျ ပြောင်းလဲပစ်ဖို့ ကြိုးစားတတ်ကြပါတယ်။
သူ့အတွက် အနစ်နာခံပေးဖို့ စကားလုံးလှလှလေးတွေနဲ့ တောင်းဆိုတတ်ကြပါတယ်။ သူ့အကြိုက်မလိုက်လျောရင်တော့ ငြိုငြင်သွားတတ်ပါတယ်။
၄။ ပြဿနာရဲ့အဖြေကို မရှာခြင်း
စုံတွဲတွေကြားမှာ စကားများရန်ဖြစ်တာ၊ ပြန်လည်အဆင်ပြေသွားတာက ပုံမှန်ပါပဲ။ ပြဿနာဖြစ်ပြီးတဲ့အခါ အလားတူပြဿနာမျိုးမဖြစ်အောင် အဖြေရှာတာ၊ ညှိနှိုင်းတာမျိုးလုပ်ရင် ပျော်စရာကောင်းတဲ့အချစ်ရေးကို ရရှိလာမှာပါ။
အဲဒီလိုမဟုတ်ဘဲ ပြဿနာပေါ် ပြဿနာဆင့်ရှာတာ၊ ပြဿာနာရဲ့အရင်းအမြစ်ကို မရှာတာ၊ အပြစ်တွေကို သင့်တစ်ယောက်တည်းအပေါ်ကိုသာ လွှဲချတာတွေက အစစ်အမှန်မဟုတ်တဲ့ အချစ်ပါပဲ။
၅။ ဦးစားမပေးခြင်း
စုံတွဲတွေကြားမှာ အလုပ်တွေလည်း ရှိနေနိုင်တာကြောင့် တစ်ခါတရံမအားလပ်တာမျိုး ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် သင့်အတွက်ဆိုရင် အမြဲတမ်း မအားတာ၊ အခြားသောကိစ္စတွေကိုသာ ဦးစားပေးနေတာ၊ အမြဲတမ်းရှောင်နေတာဆိုရင်တော့ သူဟာ စွန့်ခွာဖို့ ကြိုးစားနေပါပြီ။
၆။ ရ့ည်းစားဟောင်း အကြောင်းကို မကြာခဏပြောခြင်း
သင့်ရဲ့လက်တွဲဖော်က ရည်းစားဟောင်းအကြောင်းကို မကြာခဏပြောနေရင်တော့ သတိထားကြည့်သင့်ပါတယ်။ တကယ်မချစ်တဲ့သူတွေက သင့်ကို သူ့ရဲ့ရည်းစားဟောင်းနဲ့အမြဲနှိုင်းယှဉ်ပြီး အပြစ်ရှာနေတတ်ပါတယ်။ သူတို့ရဲ့စိတ်ထဲမှာ ရည်းစားဟောင်းကပဲ လွှမ်းမိုးနေပြီး သင့်ကို ခဏတာ အစားထိုးတာမျိုး ဖြစ်နေနိုင်ပါတယ်။
၇။ အနာဂတ်အစီအစဉ်မရှိခြင်း
တကယ်ချစ်တဲ့ချစ်သူတွေကြားမှာ အနာဂတ်အစီအစဉ်တွေ၊ အတူတူကြိုးစားဖို့အကြောင်းတွေကို အမြဲတိုင်ပင်နေတတ်ပါတယ်။ မိသားစုဝင်တွေနဲ့လည်း မိတ်ဆက်ပေးတတ်ပါတယ်။
ဒါပေမယ့် သင့်ရဲ့ချစ်သူက အနာဂတ်အစီအစဉ်တွေအကြောင်းပြောရင် ရှောင်နေတာ၊ ရေရာတဲ့အနာဂတ်မရှိတာ၊ စိတ်မဝင်စားတာမျိုးဆိုရင်တော့ ပြန်လည်စဉ်းစားသင့်ပါတယ်။
၈။ အကြွားသန်ခြင်း
အချို့တွေက ဆိုရှယ်မီဒီယာတွေပေါ်မှာ ကြွားရတာကို အရမ်းရူးသွပ်ကြပါတယ်။ သင့်ကို တကယ်ချစ်လို့ တွဲတာမဟုတ်ဘဲ သင့်ရဲ့အသုံးအဆောင်ပစ္စည်း၊ ပိုင်ဆိုင်မှုတွေကို မက်မောပြီး ကြွားချင်တာကြောင့် ပတ်သက်တာဖြစ်နိုင်ပါတယ်။
ဒီလိုလူတွေရဲ့ အပြုအမူတွေက အရမ်းကို သိသာနေတတ်ပါတယ်။ သူ့လို အသုံးအဖြုန်းကြီးပြီး အကြွားမသန်ရင် ဖယ်ထားခဲ့မှာပါ။
Zombie (lovemedia)
0 Comments