နားထဲမှာ အချိန်ကြာကြာသန့်ရှင်းနေစေဖို့ နည်းလမ်း (၅) ချက်

နားထဲမှာ အညစ်အကြေးတွေ ရှိနေတာက ပုံမှန်ပါပဲ။ နားထဲက အညစ်အကြေးတွေက နားထဲကို ပိုးတွေမဝင်အောင်လို့ ကာကွယ်ပေးပါတယ်။ ဒါပေမယ့် နားထဲကို သန့်ရှင်းရေးလုပ်ဖို့အတွက် နားကြပ်တံတွေကို အသုံးပြုကြပါတယ်။

တကယ်တော့ နားကြပ်တံအသုံးပြုတာက နားကျန်းမာရေးအတွက် မကောင်းပါဘူး။ အဲဒါကြောင့် နားထဲမှာ အချိန်ကြာကြာသန့်ရှင်းနေစေဖို့ နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ ကာဖိန်းဓာတ်ကို လျှော့ချလိုက်ပါ။

ကော်ဖီက မနက်ခင်းကို ပြည့်စုံစေတဲ့အရာတစ်ခုပါ။ ဒါပေမယ့် ကော်ဖီအရမ်းသောက်တဲ့အခါ နားထဲမှာ အညစ်အကြေးတွေ ပိုစုဝေးလာပါတယ်။

ကော်ဖီကို မဖြတ်တောက်နိုင်တဲ့အခါမှာတော့ နားသန့်ရှင်းရေးလုပ်ဖို့အတွက် ကျွမ်းကျင်သူတွေနဲ့ပဲ ပြသသင့်ပါတယ်။ ဒါမှမဟုတ် နားထဲမှာ အညစ်အကြေးတွေ မစုဝေးလာနိုင်အောင်လို့ ကော်ဖီကို လျှော့သောက်နိုင်ပါတယ်။

၂။ နားကြပ်တံနဲ့ သန့်ရှင်းရေးလုပ်တာကို ရှောင်ပါ။

နားထဲကို နားကြပ်တံနဲ့သန့်ရှင်းရေးလုပ်တာက အလွယ်ဆုံးနဲ့ အမြန်ဆုံးနည်းလို့ ထင်ရပါတယ်။ လက်တွေ့မှာတော့ ဆန့်ကျင်ဘက်ပါပဲ။ နားကြပ်တံက နားထဲက အညစ်အကြေးတွေကို အတွင်းထဲအထိရောက်အောင် တွန်းပို့လိုက်သလိုပါပဲ။ အဲဒါကြောင့် ဖယ်ရှားရတာလည်း ပိုခက်လာမှာပါ။

၃။ သံလွင်ဆီကို အသုံးပြုပါ။

သံလွင်ဆီက ကျန်းမာရေးအတွက် အများကြီး အကျိုးကျေးဇူးဖြစ်စေပါတယ်။ သံလွင်ဆီက အသားအရေကို စိုပြေစေရုံတင်မကပါဘူး။ နားထဲမှာ အချိန်ကြာကြာသန့်ရှင်းနေစေဖို့လည်း ကူညီပေးပါတယ်။

သံလွင်ဆီအစက်အနည်းငယ်ကို နားထဲ တစ်ပတ်တစ်ကြိမ်ခန့် ထည့်ပေးရင် နားထဲက အညစ်အကြေးတွေက နူးညံ့လာပြီး သူ့အလိုလို အပြင်ကို ထွက်လာပါတယ်။

၄။ ရေဓာတ်ပြည့်ဝအောင် နေထိုင်ပါ။

ရေများများသောက်တာက ကျန်းမာရေးအတွက်သာမက အသားအရေကိုပါ စိုပြေစေပါတယ်။ ဒါ့အပြင် နားကိုလည်း သန့်ရှင်းစေပါတယ်။

ရေဓာတ်ပြည့်ဝတာက နားထဲကို သန့်ရှင်းနေအောင် လှုံ့ဆော်ပေးတာကြောင့်ပါ။ နားထဲအညစ်အကြေးတွေ စုဝေးလာတာကိုလည်း လျော့ကျသွားစေပါတယ်။

၅။ နားရဲ့အတွင်းဘက်ကို သန့်ရှင်းရေးမလုပ်သင့်ပါဘူး။

နားအတွင်းဘက်ထဲကို သန့်ရှင်းရေးလုပ်တာက ကောင်းကျိုးထက် ဆိုးကျိုးပိုများစေပါတယ်။ နားရဲ့အပြင်ဘက်ကိုသာ သန့်ရှင်းရေးလုပ်ပေးသင့်ပါတယ်။

နားရွက်ရဲ့အပြင်ဘက်၊ အနောက်ဘက်တစ်ဝိုက်ကို ရေစိုဝတ်နဲ့ သန့်ရှင်းရေးလုပ်ပေးရုံနဲ့ လုံလောက်ပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments