အစားစားနေချိန်မှာ ရေမသောက်သင့်ကြောင်း၊ အစားစားနေချိန် ရေသောက်ရင် အစာမကြေဖြစ်တတ်ကြောင်း၊ ပိုဝလာတတ်ကြောင်း အချို့တွေက လမ်းညွှန်ပြောဆိုကြသလို အစားစားနေချိန်မှာ ရေသောက်သင့်ကြောင်းကိုလည်း အချို့တွေက ယူဆကြပါတယ်။
အဲဒါကြောင့် အစားစားနေချိန်မှာ ရေသောက်သင့်လား၊ မသောက်သင့်ဘူးလားဆိုတာကို ဖော်ပြပေးလိုက်ပါတယ်နော်။
အစားအစားတစ်ခုခုကို ဝါးလိုက်တဲ့အခါမှာ အစားအစာတွေက တံတွေးနဲ့ ရောသွားပါတယ်။ တံတွေးမှာ အစာချေဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ အင်ဇိုင်းပါဝင်ပါတယ်။ အစာတွေက ဝါးပြီးနောက်မှာတော့ နူးညံ့သွားပြီး အစာအိမ်ထဲကို ရောက်သွဦးပါတယ်။
အစာအိမ်က အစားအစာတွေကို အစာချေဖို့အတွက် အချိန် ၄ နာရီယူရပါတယ်။ အစာချေပြီးနောက် အာဟာရတွေဖြစ်ပေါ်လာပြီး ခန္ဓာကိုယ်ရဲ့အစိတ်အပိုင်းတွေဆီကို ရောက်သွားပါတယ်။
ရေသောက်တဲ့အခါမှာတော့ ရေက အစာအိမ်ထဲမှာ အကြာကြီးမနေပါဘူး။ ရေ၁၀ အောင်စက အစာအိမ်ထဲမှာ ၁၀ မိနစ်လောက်သာ နေပါတယ်။ အစားစားနေချိန် ရေသောက်တယ်ဆိုရင် ရေတွေက အစာအိမ်ထဲမှာ ကြာကြာမနေဘဲ ဝါးစားထားတဲ့အစားအစာတွေကြားထဲကနေ လျင်လျင်မြန်မြန် ရွေ့လျားသွားပါတယ်။
အရည်တွေက အက်ဆစ်ဓာတ်ကို မလျော့ကျစေပါဘူး။
လူသားရဲ့ခန္ဓာကိုယ်က ရှုပ်ထွေးပေမယ့် စနစ်ကျပါတယ်။ အစာအိမ်ထဲမှာ တစ်ခုခုကိုအစာမချေနိုင်တော့ဘူးလို့ ခံစားလာရတဲ့အခါမှာ အင်ဇိုင်းတွေကို ပိုထုတ်လုပ်ပြီး အက်ဆစ်ဓာတ်တွေက ပိုထွက်လာပါတယ်။
ရေတစ်ဂါလံလောက် သောက်ရင်တောင် အစာအိမ်ထဲက အက်ဆစ်ဓာတ်တွေက မလျော့ကျသွားပါဘူး။ အစာအိမ်ထဲက အက်ဆစ်ဓာတ်တွေကို လျော့ကျစေတဲ့ အချို့အစားအစာတွေ ရှိပါတယ်။ ဒါပေမယ့်လည်း အချိန်ခဏလေးအတွင်းမှာ လျင်လျင်မြန်မြန်ပဲ ပုံမှန်လို ပြန်ဖြစ်သွားပါတယ်။
အရည်က အစာချေစနစ်ရဲ့အစာချေနှုန်းကိုလည်း မထိခိုက်စေပါဘူး။
အစားစားနေချိန်မှာ ရေသောက်လိုက်လို့ အစာအိမ်က အစာကို ကောင်းကောင်းမချေဖျက်နိုင်တာ မရှိပါဘူး။ ရေတွေက အစာအိမ်ထဲမှာ ခဏပဲနေတာဖြစ်လို့ အစာချေစနစ်ရဲ့ အစာချေနှုန်းကိုလည်း သက်ရောက်မှုမရှိပါဘူး။
အစားစားနေချိန်မှာ ရေသောက်သင့်လား။
အစားစားနေချိန်မှာ ရေသောက်ရင်လည်း အစာချေစနစ်အတွက် ဘာမှထိခိုက်မှု မဖြစ်စေပါဘူး။ ဝါးထားတဲ့အစာတွေကိုတောင် ပိုမိုနူးညံ့သွားအောင် ကူညီပေးပါတယ်။
အစားမစားခင် ရေသောက်ထားရင် ဗိုက်ပြည့်သလို ခံစားရတာကြောင့် အစားအစာတွေကိုလည်း များများ မစားဖြစ်တော့ပါဘူး။ အဲဒါကြောင့် အစားစားနေချိန်မှာ ရေအေးလည်း သောက်လို့ရသလို ရေနွေးကိုလည်း သောက်လို့ရပါတယ်။
Zombie (lovemedia)
0 Comments