ကိုယ်နေဟန်ထားမှန်ကန်တာ ကျန်းမာရေးကိုပဲ အထောက်အကူပြုတာမဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုတွေပါ တိုးလက်စေပါတယ်။
ကိုယ်နေဟန်ထားမှန်ကန်တာက စိတ်ဓာတ်ကျနေတာတွေကိုပါ သက်သာစေပါတယ်။ ဒါပေမယ့် နေ့စဉ်အပြုအမူတချို့ကြောင့် ကိုယ်နေဟန်ထားက မမှန်ကန်နိုင်တော့ပါဘူး။
၁။ စလွယ်သိုင်းအိတ်တွေ လွယ်ခြင်း
စလွယ်သိုင်းအိတ်တွေ လွယ်တာက ခန္ဓာကိုယ်ရဲ့အလေးချိန်ကို မညီမျှစေတော့ပါဘူး။ ပိုလေးတဲ့အိတ်ကို လွယ်လေ၊ ကျောရိုးနဲ့ပတ်သက်တဲ့ပြဿနာတွေကို ကြုံတွေ့ရလေပါပဲ။ အိတ်ကို စလွယ်သိုင်းလွယ်တာက လည်ပင်း၊ ပခုံးတို့မှာက နာကျင်မှုတွေ ဖြစ်ပေါ်စေပြီး ခေါင်းကိုက်စေပါတယ်။
၂။ ဖုန်းကို နားနဲ့လည်ပင်းကြားမှာ ညှပ်ပြီးပြောခြင်း
အလုပ်များနေတဲ့အချိန်မှာ ဖုန်းကို နားနဲ့လည်ပင်းကြားမှာ ညှပ်ပြီး အချိန်ကြာကြာပြောတာက ကိုယ်နေဟန်ထားကို မလှမပဖြစ်စေပါတယ်။ အချိန်ကြာကြာပြောလေ နောက်ကျောနာကျင်လာလေပါပဲ။ ဖုန်းကို နားနဲ့လည်ပင်းကြားမှာ ညှပ်ပြောတာက ကြွက်သားတွေကိုလည်း အားနည်းလာစေပါတယ်။
၃။ Laptop နဲ့အလုပ်လုပ်ခြင်း
Laptop ကို အလွယ်တကူ သယ်ယူနိုင်တာကြောင့် အလုပ်လုပ်ဖို့လည်း အဆင်ပြေလာစေပါတယ်။ ဒါပေမယ့် laptop ကို အသုံးပြုရင်းနဲ့ ခန္ဓာကိုယ်က ကိုင်းမှန်းမသိ ကိုင်းလာပါတယ်။
Laptop screen ကိုလည်း အချိန်ကြာကြာငုံ့ပြီးကြည့်ရတာကြောင့် လည်ပင်းမှာ ဖိအားတွေ အများကြီးဖြစ်ပေါ်လာပါတယ်။
၄။ ကော်ဖီထဲမှာ နွားနို့ထည့်သောက်ခြင်း
နို့နဲ့ နို့ထွက်ပစ္စည်းတွေက ကျန်းမာရေးနဲ့ ညီညွတ်ပါတယ်။ ဒါပေမယ့် လိုအပ်တာထက် ပိုများများသောက်ရင်တော့ ခါးနာလာစေပါတယ်။ ကော်ဖီကတော့ နာတာရှည်ခါးနာတာကို သက်သာစေပါတယ်။
၅။ မကြာခဏမီးပူတိုက်ခြင်း
ခန္ဓာကိုယ်ကို ကိုင်းပြီး မီးပူတိုက်တာက ရေရှည်မှာတော့ ခါးနာလာစေပါတယ်။ မကြာခဏမီးပူတိုက်မယ်ဆိုရင် ထိုင်ခုံနဲ့ထိုင်ပြီး မီးပူတိုက်တာက ခါးနာတာကို သက်သာစေမယ့်အပြင် ခါးကိုင်းလာတာကိုလည်း ကာကွယ်ပြီးသား ဖြစ်စေပါတယ်။
၆။ လေးလံတဲ့စောင်တွေကို ခြုံခြင်း
လေးလံတဲ့စောင်တွေကို ခြုံရတာက နွေးနွေးထွေးထွေးရှိပြီး အိပ်စက်ရတာ ပိုကောင်းပါတယ်။ ဒါပေမယ့် ခါးနာတာကို ကာကွယ်ဖို့ ပေါ့ပေါ့ပါးပါးနဲ့ နွေးထွေးမယ့်စောင်တွေကိုသာ ရွေးချယ်သင့်ပါတယ်။
၇။ တင်းနစ်ကစားခြင်း
တင်းနစ်ကို ပုံမှန်ကစားရင် ကြွက်သားတွေက နာကျင်လာပါတယ်။ တင်းနစ်ကစားတဲ့အချိန်မှာ လက်နဲ့ ခြေထောက်အဆစ်တွေမှာ ဖိအားတွေ ဖြစ်ပေါ်လာပါတယ်။
အဲဒါတွေကို ကာကွယ်ဖို့ ဖိနပ်ကိုလည်း သေသေချာချာရွေးချယ်သင့်သလို တင်းနစ်မကစားခင်နဲ့ ကစားပြီးနောက်မှာ အကြောလျှော့သင့်ပါတယ်။
၈။ မျက်မှန်တပ်ခြင်း
မျက်လုံးနဲ့ မကိုက်ညီတဲ့မျက်မှန်ကို တပ်တာက လည်ပင်းကြွက်သားတွေကို နာကျင်လာစေတဲ့အပြင် ကိုယ်နေဟန်ထားကိုလည်း မမှန်မကန်ဖြစ်စေပါတယ်။
မျက်မှန်ကိုချွတ်ပြီး အနားပေးတာ၊ လည်ပင်းလေ့ကျင့်ခန်းလုပ်တာ၊ လမ်းလျှောက်တာတို့က လည်ပင်းကြွက်သားနာကျင်တာကို သက်သာစေပါတယ်။
Zombie (lovemedia)
0 Comments