အဝတ်အစားတွေမှာစွဲနေတဲ့အနံ့ဆိုးတွေကို ဖယ်ရှားနိုင်မယ့် အလွယ်ဆုံးနည်းလမ်း (၇) ခု

အဝတ်အစားတွေကို သိမ်းထားတာကြာတဲ့အခါ၊ မခြောက်တဲ့အခါ၊ မှိုစွဲတဲ့အခါ အနံ့ဆိုးတွေ ထွက်လာပါတယ်။ အဲဒီအခါ ဝတ်ရတာလည်း အဆင်မပြေတော့ပါဘူး။ ဒါပေမယ့် အဝတ်အစားတွေမှာစွဲနေတဲ့ အနံ့ဆိုးတွေကို ဖယ်ရှားနိုင်မယ့် အလွယ်ဆုံးနည်းလမ်းတွေ ရှိပါတယ်။

နည်းလမ်း ၁

အဖြူရောင်အဝတ်အစားတွေနဲ့ အရောင်ရင့်ပါဝင်တဲ့အဝတ်အစားတွေကို ခွဲထားလိုက်ပါ။ ဇလုံတစ်လုံးထဲမှာ ရေနွေးထည့်ပြီး မုန့်ဖုတ်ဆော်ဒါ လက်ဖက်ရည်ဇွန်း ၂ ဇွန်း ထပ်ထည့်ပါ။

ရေနွေးနဲ့ မုန့်ဖုတ်ဆော်ဒါကို ရောမွှေလိုက်ပြီး အနံ့ဆိုးတွေစွဲနေတဲ့အဝတ်အစားတွေကို နာရီအနည်းငယ်ကြာထည့်စိမ်ထားလိုက်ပါ။ ပြီးနောက် ပုံမှန်လျှော်နေကျဆပ်ပြာနဲ့ လျှော်လိုက်ရုံပါပဲ။

နည်းလမ်း ၂

ဖျန်းဘူးထဲမှာ ရှာလကာရည်၊ ဟိုက်ဒရိုဂျင်ပါအောက်ဆိုက်၊ isopropyl alcoholတို့ကို ရောထည့်လိုက်ပါ။ အနံ့ဆိုးထွက်နေတဲ့ အဝတ်အစားတွေကို ဖျန်းပေးပြီး သဘာဝလေနဲ့ အခြောက်ခံထားလိုက်ပါ။ အနံ့ဆိုးတွေက တဖြည်းဖြည်း လွင့်ပျယ်သွားပါတယ်။

နည်းလမ်း ၃

အဝတ်အစားတွေမှာ အနံ့ဆိုးတွေ စွဲနေရင် ရှာလကာရည်တစ်မျိုးတည်းနဲ့လည်း အနံ့ဆိုးပြောင်စင်နိုင်ပါတယ်။ ရှာလကာရည်အနည်းငယ်နဲ့ ရေရောပြီး အဝတ်အစားတွေကို လျှော်လိုက်ရုံပါပဲ။

ဒါပေမယ့် ရှာလကာရည်နဲ့ အဝတ်အစားတွေ တိုက်ရိုက်မထိတွေ့သင့်ပါဘူး။ အချို့သော အဝတ်အစားတွေက ရှာလကာရည်နဲ့ထိတွေ့ရင် ဝတ်လို့မရနိုင်တော့ပါဘူး။

နည်းလမ်း ၄

အနံ့ဆိုးထွက်နေတဲ့အဝတ်အစားတွေကို ချိတ်နဲ့ချိတ်ပြီး နေရောင်အောက်မှာ လှန်းထားလိုက်ပါ။ သဘာဝလေက အနံ့ဆိုးတွေကို ပြောင်စင်စေပါတယ်။

နည်းလမ်း ၅

ကော်ဖီမှုန့်ကို ပန်းကန်လုံးတစ်လုံးထဲမှာ ထည့်လိုက်ပါ။ အနံ့ဆိုးတွေ စွဲနေတဲ့အဝတ်အစားကို ခေါက်လိုက်ပြီး ပန်းကန်လုံးပေါ်မှာ တစ်ညခန့် တင်ထားလိုက်ပါ။ ကော်ဖီမှုန့်က အနံ့အသက်ဆိုးတွေကို စုပ်ယူနိုင်စွမ်းရှိပါတယ်။

နည်းလမ်း ၆

သတင်းစာအဟောင်းလေးတွေကလည်း အသုံးဝင်ပါတယ်။ သတင်းစာအဟောင်းလေးကိုလုံးပြီး အနံ့အသက်စွဲနေတဲ့အဝတ်အစားရဲ့ ချိုင်းနေရာ၊ လက်နေရာတို့မှာ တစ်ညခန့် ထားလိုက်ပါ။

ဖိနပ်တွေမှာ အနံ့အသက်ဆိုးတွေရှိနေရင်လည်း သတင်းစာအဟောင်းကို လုံးပြီး ထည့်ထားလို့ရပါတယ်။ သတင်းစာကလည်း အနံ့ဆိုးတွေကို စုပ်ယူပေးပါတယ်။

နည်းလမ်း ၇

ဂျင်းအဝတ်အစားတွေမှာ အနံ့အသက်ဆိုးတွေစွဲနေရင် ဒီနည်းလမ်းက အရမ်းအသုံးဝင်ပါတယ်။ ဂျင်းအဝတ်အစားတွေကို ပလက်စတစ်အိတ်တစ်လုံးထဲမှာ ထည့်ပြီး ရေခဲသေတ္ထာထဲမှာ ထည့်ထားလိုက်ပါ။ အေးတဲ့အပူချိန်က အနံ့ဆိုးတွေဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို ဖယ်ရှားပေးပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments