အိမ်သန့်ရှင်းရေးလုပ်ဖို့ အချိန်မရှိသူတွေအတွက် ၁၅ မိနစ်ထဲနဲ့ သန့်ရှင်းအောင်ပြုလုပ်နည်း

အိမ်သန့်ရှင်းရေးရတာက အချိန်တွေအများကြီး ပေးရတတ်ပါတယ်။ ဒါပေမယ့် အိမ်ကို သန့်ရှင်းရေးလုပ်ဖို့ အချိန်မရတဲ့အခါမှာ ၁၅ မိနစ်တည်းအချိန်ပေးရုံနဲ့ သန့်ရှင်းသွားစေဖို့ နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

သန့်ရှင်းရေးလုပ်ရမယ့်နေရာတွေကို သတ်မှတ်လိုက်ပါ။

သန့်ရှင်းရေးလုပ်တဲ့အခါ ဟိုနေရာလည်း လုပ်ချင်၊ ဒီနေရာလည်း သန့်ရှင်းချင်ဖြစ်နေတဲ့အခါ အချိန်တွေကုန်ပြီး အရာမထင်တော့ပါဘူး။

အဲဒါကြောင့် သန့်ရှင်းရေးလုပ်မယ့်နေရာတွေကို တစ်ခါတည်းသတ်မှတ်လိုက်ပါ။ ပြီးတော့ သင့်အတွက် အဆင်ပြေဆုံးဖြစ်မယ့်နေရာကနေ စတင်သန့်ရှင်းလိုက်ပါ။

အနံ့အသက်

အိမ်ထဲမှာ အနံ့အသက်မကောင်းရင်လည်း သန့်ရှင်းမှုမရှိသလို ခံစားရစေပါတယ်။ အဲဒါကြောင့် ပြူတင်းပေါက်တွေကို ဖွင့်ပြီး လေဝင်လေထွက်ကောင်းအောင် ပြုလုပ်ပါ။

ပြူတင်းပေါက်ဖွင့်ရုံနဲ့ မလုံလောက်တဲ့အခါ အမွှေးနံ့ပါဝင်တဲ့ဖယောင်းတိုင်၊ ရေမွှေးတို့ကို အသုံးပြုနိုင်ပါတယ်။ သံပုရာသီး၊ ယူကလစ်တို့ကလည်း အနံ့ဆိုးတွေကို စုပ်ယူပေးနိုင်ပါတယ်။ ဒါမှမဟုတ် ရနံ့ဆီလေးတွေကိုလည်း ဖျန်းထားပေးလို့ရပါတယ်။

ပြန့်ကျဲနေတဲ့အရာတွေကို စုစည်းလိုက်ပါ။

အိမ်မှာ ဖုန်တွေ၊ အမှိုက်တွေမရှိပေမယ့်လည်း ပစ္စည်း‌တွေက ပြန့်ကျဲနေတဲ့အခါ ညစ်ပတ်သလို ထင်ရစေပါတယ်။ အဲဒါကြောင့် ပစ္စည်းတွေကို သူ့နေရာနဲ့သူ ပြန်စီတာ၊ ပြန်စီဖို့အချိန်မရတဲ့အခါ ပုံးအကြီးကြီးတစ်လုံးထဲမှာ အားလုံးကို စုထည့်ထားလိုက်တာတို့ ပြုလုပ်နိုင်ပါတယ်။

ကြမ်းပြင်

အိမ်မှာ ကြမ်းပြင်ကို သန့်ရှင်းရေးလုပ်ဖို့ အချိန်မရှိတဲ့အခါမှာ ဒီနည်းကအလွယ်ဆုံးပါ။ ကြမ်းတိုက်ဝတ်၊ သို့မဟုတ် အဝတ်စတစ်ခုနဲ့ လမ်းသွားတဲ့အခါတိုင်း ပွတ်သွားလိုက်ပါ။

အဲဒီအခါ ကြမ်းမှာ ဖုန်တွေက တစ်ခါတည်းပြောင်ပြီးသားဖြစ်ပြီး သန့်ရှင်းရေးလုပ်ရင်လည်း အကြာကြီးလုပ်စရာမလိုတော့ပါဘူး။

Zombie (lovemedia)

Post a Comment

0 Comments