လတ်ဆတ်တဲ့ငါးကို ဘယ်လိုအချက်တွေနဲ့ ရွေးချယ်သင့်လဲ

ငါးတွေက အချိန်တိုတိုအတွင်းမှာ ပုပ်လွယ်ပါတယ်။ ငါးတွေကို အအေးခန်းထဲမှာ ခဲပြီးသိမ်းထားရင်တော့ ၂ ရက်အထိပဲ ထားသင့်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ ငါးရဲ့အရသာတွေက လျော့ပါးလာမှာပါ။

ဆော်လမွန်ငါးလို အဆီများတဲ့ငါးတွေက ခပ်မြန်မြန်ပုပ်လွယ်တာကြောင့် သေချာသိမ်းဆည်းထားသင့်ပါတယ်။ လတ်ဆတ်တဲ့ငါးကို ဘယ်လိုနည်းလမ်းတွေနဲ့ ရွေးချယ်သင့်လဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ အနံ့

ပင်လယ်ငါးတွေမှာ ငါးညှီနံ့ထွက်တာက ပုံမှန်ပါပဲ။ ဒါပေမယ့် ငါးညှီနံ့က အရမ်းဆိုးနေပြီး အခြားသောအနံ့တွေပါ ရနေရင်တော့ မဝယ်သင့်ပါဘူး။

၂။ မျက်နှာပြင်

လတ်ဆတ်တဲ့ငါးရဲ့မျက်နှာပြင်ကို ဖိကြည့်လိုက်ရင် ချိုင့်ရာခွက်ရာ မကျန်ဘဲ ပုံမှန်အနေအထားအတိုင်း ပြန်ဖြစ်ပါတယ်။

လတ်ဆတ်တဲ့ငါးရဲ့အရောင်က တောက်ပနေပြီး ကိုင်ကြည့်လိုက်ရင် ခြောက်သွေ့နေပါတယ်။ ငါးကို ကိုင်ကြ့ည့်တဲ့အခါမှာ ချွဲနေရင်တော့ စတင်ပြီး ပုပ်နေပါပြီ။

၃။ ရေယက်နဲ့ အကြေးခွံ

လတ်ဆတ်တဲ့ငါးမှာ ကြေးခွံတွေက တစ်ခုနဲ့တစ်ခု နီးကပ်နေပါတယ်။ ဒါပေမယ့် ငါးရဲ့မျက်နှာပြင်က အက်ကွဲသလို ဖြစ်နေရင်တော့ ပုပ်ချင်နေပါပြီ။

လတ်ဆတ်တဲ့ငါးမှာ ရေယက်တွေက စိုနေပါတယ်။ ရေယက်တွေက ခြောက်နေရင်တော့ ငါးက ရက်တော်တော်ကြာနေကြောင်း ဖော်ပြတာပါ။

၄။ ပါးဟက်

လတ်ဆတ်တဲ့ငါးမှာ ပါးဟက်တွေက နီရဲနေပါတယ်။ ပုပ်နေပြီး မစားသင့်တဲ့ငါးမှာတော့ ပါးဟက်က အညိုရောင်ဖြစ်နေတတ်ပါတယ်။

၅။ မျက်လုံး

လတ်ဆတ်တဲ့ငါးရဲ့မျက်လုံးက တောက်ပနေပါတယ်။ ဒါပေမယ့် မျက်လုံးက ခြောက်သွေ့ပြီး အရောင်ကမွဲနေရင် မလတ်ဆတ်တော့ပါဘူး။

Bonus

- အထဲက ကလီစာတွေမထုတ်ရသေးတဲ့ငါးက မြန်မြန်ပုပ်သိုးလွယ်ပါတယ်။

- ငါးအသေးနဲ့ ငါးအကြီးဆိုရင် ငါးအကြီးတွေက အချိန်ကြာကြာ ပိုအထားခံပါတယ်။

- အရိုးအများကြီးပါတဲ့ငါးတွေကလည်း ကြာရှည်ခံပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments