ကလေးတွေက စိတ်ပူပန်တဲ့အခါ ဗိုက်နာနေတယ်လို့ ဘာ့ကြောင့်ပြောတာလဲ

ကလေးပေါင်း တစ်သောင်းကို စစ်တမ်းကောက်တဲ့အခါ ၃၀ ရာခိုင်နှုန်းက အသက် ၁၈ နှစ်မတိုင်ခင်မှာ စိတ်ပူပန်မှုတွေ ခံစားရကြောင်း ဖြေဆိုကြပါတယ်။ ဒါပေမယ့် ၈၀ရာခိုင်နှုန်းသော ကလေးတွေက ကုသမှုကို မရရှိခဲ့ကြပါဘူး။

အချို့ကလေးတွေဆိုရင် စိတ်ပူပန်မှုခံစားနေရကြောင်း ကိုယ့်ကိုယ်ကိုယ်တောင် သတိမထားမိကြပါဘူး။ ကလေးတွေက စိတ်ပူပန်တာနဲ့ ဗိုက်နာတာကို မကွဲပြားတာကြောင့် စိတ်ပူပန်တာကို ခံစားရတိုင်း ဗိုက်နာတယ်လို့ ပြောတတ်ကြပါတယ်။

ကလေးအရွယ်မှာလည်း စိတ်ပူပန်မှု ဖြစ်ပေါ်လေ့ရှိပါတယ်။

ကလေးတွေမှာ စိတ်ပူပန်မှု ခံစားရတဲ့အခါ ဗိုက်နာလာပါတယ်။ ကလေးအများစုကတော့ သူတို့တကယ်ပဲ စိတ်ပူပန်နေတယ်ဆိုတာကို သတိမထားမိကြပါဘူး။ ဗိုက်နာတယ်လို့ပဲ သိကြပါတယ်။ အဲဒါကြောင့် ခံစားရတဲ့အတိုင်း ဗိုက်နာတယ်လို့ မိဘတွေကို ပြောပြကြပါတယ်။

ကလေးတွေမှာ စိတ်ပူပန်မှုဖြစ်ပေါ်တဲ့အခါ အခြားသော လက္ခဏာတွေ ပြလာပါတယ်။

- သူတို့ကိုယ်သူတို့ ဘာမှမလုပ်နိုင်တော့ဘဲ မိဘကိုပဲ အားလုံးတောင်းဆိုပါတော့တယ်။

- စိတ်ပူပန်မှုကြောင့် အစာချေစနစ်က နှေးသွားပြီး ဗိုက်လည်းမဆာတော့ပါဘူး။

- အမြဲလိုလိုပင်ပန်းနေပြီး အိပ်ပျော်ဖို့လည်း ခက်လာပါတယ်။

- ခေါင်းကိုက်တာ၊ ပူတာ၊ အသက်ရှူရခက်တာ၊ ရင်ဘတ်အောင့်တာ၊ မူးတာတို့လည်း ခံစားရပါတယ်။

- အဆက်မပြတ်ငိုပြီး ဂျီကျလာပါတယ်။

- ရွယ်တူတွေနဲ့ ပေါင်းဖို့ ငြင်းလာပါတယ်။

- အာရုံစိုက်နိုင်မှုလည်း အားနည်းလာပါတယ်။

- အမြဲလိုလို ပူပန်နေတတ်ပြီး ကြောက်ရွံ့ထိတ်လန့်နေတတ်ပါတယ်။

- စိတ်က ဆတ်ဆတ်ထိမခံဖြစ်လာပြီး စိတ်မတည်ငြိမ်တော့ပါဘူး။

- မိဘတွေနားကို အမြဲတမ်းတွယ်ကပ်နေပါတယ်။

ကလေးတွေမှာ စိတ်ပူပန်မှုဖြစ်ပေါ်စေတဲ့အကြောင်းအရင်းများ

အသက် ၆ လကနေ အသက် ၃ နှစ်အရွယ်အထိ ကလေးတွေမှာ စိတ်ပူပန်မှုတွေကို ခံစားလာရပါပြီ။ မိဘတွေကို မျက်စိအောက်ကနေ အပျောက်မခံဘဲ အမြဲတမ်းတွယ်ကပ်နေပါတယ်။

မိဘတွေ ထားခဲ့မှာကို ပူပန်တဲ့စိတ် အရမ်းများလာပါတယ်။ မူကြိုတက်တဲ့အရွယ်မှာတော့ တိရစ္ဆာန်တွေ၊ ပိုးမွှားတွေ၊ သဘာဝဘေးဒဏ်တွေ၊ သွေးတွေ၊ အမှောင်တွေကို ပူပန်ကြောက်ရွံလာပါတယ်။

ကလေးအချင်းချင်း အနိုင်ကျင့်တဲ့အခါ စိတ်ဖိစီးမှုတွေဖြစ်ပေါ်လာပါတယ်။ အဲဒါကြောင့် ကျောင်းသွားရမှာကို ကြောက်လာပါတယ်။ ဒါ့အပြင် စာမေးပွဲကြောင့်လည်း ပူပန်မှုကို ခံစားလာရပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments