ကလေးတွေ ငိုနေတဲ့အခါမှာ ဘာ့ကြောင့် မချော့သင့်တာလဲ

ကလေးတွေ ငိုတဲ့အခါ မိဘတွေက ထိတ်ထိတ်ပျာပျာဖြစ်ပြီး ကလေးစိတ်ငြိမ်သွားအောင် မြန်မြန်ချော့တတ်ကြပါတယ်။ ဒါပေမယ့် ကလေးတွေ ငိုတဲ့အခါတိုင်း မချော့သင့်ဘဲ ဒီတိုင်းထားလိုက်တဲ့အခါ ထင်မထားလောက်တဲ့ အကျိုးကျေးဇူးတွေ ရရှိလာစေပါတယ်။

ငိုတာက စိတ်ဖိအားတွေ၊ မကောင်းတဲ့ခံစားချက်တွေကို လျော့ကျစေခြင်း

ကလေးတွေအတွက် ငိုတာက တစ်ခုခုမှားယွင်းနေကြောင်းကို ဖော်ပြတဲ့ သဘာဝနည်းလမ်းတစ်ခုပါ။ ငိုပြီးနောက် ကလေးတွေမှာ စိတ်ဖိအားတွေက လျော့ကျသွားပါတယ်။

ကလေးတွေအတွက် မျက်ရည်ကျလာတာက စိတ်ဖိစီးမှုဟော်မုန်းတွေကို လျော့ကျစေပါတယ်။ အဲဒါကြောင့် ငိုပြီးနောက် ကလေးတွေမှာ စိတ်က အနည်းငယ် ကြည်လင်လာပါတယ်။

အလိုက်သင့်ပြုမူနေထိုင်တတ်လာခြင်း

ကလေးတွေမကြိုက်တဲ့ စည်းမျဉ်းတွေ၊ စည်းကမ်းတွေ အများကြီးရှိပါတယ်။ ကလေးတွေက ကြောင်စာကို မစားရလို့၊ သစ်ပင်ပေါ်မအိပ်ရလို့၊ ရေတွေက ကြည်နေလို့ စတဲ့အကြောင်းပြချက်အမျိုးမျိုးနဲ့ ဂျီကျကြပါတယ်။

ကလေးတွေ ဂျီကျလာတဲ့အခါမှာ မျက်ရည်တွေ ကျလာပါတယ်။ တကယ်တော့ မျက်ရည်ကျလာတာဟာ လက်တွေ့ကျတဲ့အရာကို အလိုက်သင့်လက်ခံနိုင်ဖို့ ကူညီပေးတာပါပဲ။

ကလေးတွေက ဒေါသတွေကို မျက်ရည်အဖြစ် ပြောင်းလဲပြီးတဲ့အခါမှာ ဦးနှောက်က ပိုင်ဆိုင်လိုစိတ်ကနေ ဝမ်းနည်းမှုကို ပြောင်းလဲသွားပြီး ဖြစ်သင့်တဲ့အရာကို လက်ခံလာနိုင်ပါတယ်။

ပေါင်းသင်းဆက်ဆံရေးကို တိုးတက်လာစေခြင်း

ကလေးတွေရဲ့ ခံစားချက်ကို ဖော်ပြခွင့်ပေးသင့်ပါတယ်။ ကလေးတွေကို မထိခိုက်မနာကျင်စေဘဲ၊ ဘေးကလူတွေကိုလည်း မနာကျင်စေဘဲ ခံစားချက်တွေကို စည်းအတွင်းကနေ ဖော်ပြဖို့ ကူညီပေးသင့်ပါတယ်။

ကလေးတွေက ငိုပြီးနောက်မှာ သူတို့ရဲ့စိတ်ခံစားမှုတွေ လျော့ကျသွားပြီး ပေါင်းသင်းဆက်ဆံရေးလည်း တိုးတက်လာပါတယ်။

နာကျင်မှုတွေကို သက်သာစေခြင်း

ကလေးတွေ ငိုတဲ့အခါမှာ oxytocin နဲ့ endorphins ဟော်မုန်းတွေ ထွက်လာပါတယ်။ အဲဒါကြောင့် ငိုပြီးနောက်မှာ ခန္ဓာကိုယ်က နာကျင်မှုတွေရော၊ စိတ်ခံစားချက်တွေရော လျော့ကျသွားပါတယ်။ ကလေးက စက်ဘီးစီးရင်းနဲ့ လဲကျသွားလို့ ငိုတဲ့အခါမှာ မတားဘဲ ဒီတိုင်းပဲ ထားလိုက်သင့်ပါတယ်။

အပြုအမူတွေ တိုးတက်လာခြင်း

အချို့လူကြီးတွေက ကလေးတွေငိုတဲ့အခါ ငိုလို့ဆိုပြီးတော့ ဆူကြပါတယ်။ အဲဒီအခါ ကလေးက ပိုပြီး ငိုပါတယ်။ ငိုတဲ့ကလေးကို ဆူတဲ့အခါမှာ သူတို့ဆီမှာ မကောင်းတဲ့အပြုအမူတွေက ပိုတတ်လာပါတယ်။

တကယ်တော့ ငိုနေတဲ့ကလေးကို မချော့ဘဲ ဒီတိုင်းပဲ ထားလိုက်ပါ။ နောက်ပိုင်းမှာတော့ ကလေးတွေက ငိုပြီးနောက် သူ့အလိုလိုတိတ်သွားပြီး ကောင်းတဲ့အပြုအမူတွေကို အတုယူလာနိုင်ပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments