သင့်ရဲ့ကြောင်လေး တစ်နေ့တာမှာ အရမ်းအိပ်နေရတဲ့အကြောင်းအရင်းများ

ကြောင်လေးတွေကို လိုက်ရှာလိုက်တဲ့အခါမှာ သူတို့က အိပ်ပျော်နေတတ်တာများပါတယ်။ ကြောင်လေးတွေက တစ်နေ့တာမှာ နာရီပေါင်းများစွာ အိပ်ကြပါတယ်။ သင့်ရဲ့ကြောင်လေး ဘာ့ကြောင့် အရမ်းအိပ်နေရလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်နော်။

ကြောင်တွေက ရှေးတုန်းက အမဲလိုက်လေ့ရှိပါတယ်။

ကြောင်တွေက တောထဲမှာ နေစဉ်တုန်းက အမြဲလိုလို အမဲလိုက်လေ့ရှိပါတယ်။ အမဲလိုက်တဲ့အခါ သူတို့ရဲ့စွမ်းအင်တွေကို ထုတ်သုံးရပါတယ်။ အိမ်မွေးကြောင်တွေ ဖြစ်လာတဲ့အခါမှာတော့ ကြောင်တွေက အမဲလိုက်စရာမလိုတော့ပါဘူး။

အရုပ်တွေနဲ့ဆော့ရုံ၊ ကြွက်တွေနောက်လိုက်ရုံ၊ ကြောင်အချင်းချင်းဆော့ရုံပဲ စွမ်းအင်တွေက အသုံးပြုရပါတော့တယ်။ စွမ်းအင်တွေကို အသုံးပြုပြီးနောက်မှာ စွမ်းအင်တွေ ပြန်လည်ရရှိဖို့အတွက် အိပ်စက်ကြပါတယ်။

ကြောင်တွေက ညဘက်မှာ မအိပ်ကြပါဘူး။

ကြောင်တွေက ညဘက်နဲ့ မနက်အရုဏ်တက်ချိန်တွေမှာ နိုးကြားတက်ကြွနေကြပါတယ်။ အဲဒီအခါမှာ ကြောင်တွေက အိမ်ခေါင်မိုးမှာ ပတ်ပြေးတာ၊ ကြောင်အချင်းချင်းရန်ဖြစ်တာတို့ ပြုလုပ်လေ့ရှိပါတယ်။ အဲဒါကြောင့် နေ့ဘက်အချိန်မှာတော့ အနားယူတဲ့အနေနဲ့ တစ်နေလုံးနီးပါး အိပ်စက်ကြပါတယ်။

ကြောင်တွေမှာ အိပ်စက်ပုံတွေက မတူညီကြပါဘူး။

ကြောင်တွေမှာလည်း ခဏတဖြုတ်အိပ်တာရှိသလို နှစ်နှစ်ခြိုက်ခြိုက်အိပ်စက်တာလည်း ရှိပါတယ်။ ခဏတဖြုတ်အိပ်တာဆိုရင် ကြောင်လေးတွေရဲ့ နားတွေက ထောင်မတ်နေပြီး ဘေးကအသံတွေကို နားစွင့်နေတတ်ပါတယ်။

တစ်ခါတရံ မျက်လုံးက ဖွင့်တစ်ဝက်ပိတ်တစ်ဝက်ဖြစ်နေပါတယ်။ နှစ်နှစ်ခြိုက်ခြိုက်အိပ်စက်တဲ့အခါမှာတော့ ကြောင်တွေအတွက် ပိုပြီး အနားရစေပါတယ်။ နှစ်နှစ်ခြိုက်ခြိုက်အိပ်နေချိန်မှာတော့ သူတို့ရဲ့ခြေထောက်လေးတွေက လှုပ်နေပါတယ်။

ကြောင်တွေ အိပ်စက်တဲ့နာရီက အသက်အရွယ်ပေါ်မူတည်ပြီး ပြောင်းလဲသွားပါတယ်။

ကြောင်ပေါက်စလေးတွက ၂၄ နာရီလုံးလုံး အိပ်နိုင်ပါတယ်။ ဆယ်ကျော်သက်ကြောင်တွေကလည်း အိပ်ချိန်မမှန်ကြပါဘူး။ ဆယ်ကျော်သက်ကြောင်တွေက ဆော့ဖို့ ပိုအားသန်ပါတယ်။

အရွယ်ရောက်ပြီးတဲ့ကြောင်တွေကတော့ တစ်နေ့ကို ၁၆ နာရီခန့် အိပ်ကြပါတယ်။ အသက်ကြီးတဲ့ကြောင်ကြီးတွေကတော့ သူတို့မှာ အားအင်တွေ နည်းလာတာကြောင့် လှုပ်ရှားမှုနည်းလာပါတယ်။ အဲဒါကြောင့် ကြောင်ပေါက်စလေးတွေလိုပဲ အမြဲလိုလို အိပ်နေတတ်ပါတယ်။

ကြောင်တွေက ရာသီဥတုပေါ်မူတည်ပြီးတော့လည်း အိပ်ကြပါတယ်။

လူသားတွေလိုပဲ ကြောင်တွေက မိုးရွာတဲ့နေ့၊ ရာသီဥတုအေးတဲ့နေ့တွေမှာ ပိုအိပ်ကြပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments