ကြောင်လေးတွေက ကတ်ထူပုံးထဲမှာ အိပ်ရတာကို အရမ်းကြိုက်နေရတဲ့ အကြောင်းအရင်းများ

ကြောင်လေးတွေအတွက် သခင်တွေက အိပ်ရာလှလှလေးတွေ ဝယ်ပေးတတ်ကြပါတယ်။ ဒါပေမယ့် ကြောင်လေးတွေကတော့ ကတ်ထူပုံးထဲမှာ နေရတာကို ပိုနှစ်သက်ကြပါတယ်။

ကြောင်လေးတွေက ကတ်တူပုံးကို ချစ်စရာကောင်းတဲ့အိပ်ရာတွေထက် ဘာ့ကြောင့် ပိုကြိုက်သလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်နော်။

တိရစ္ဆာန်တွေရဲ့ပင်ကိုအသိစိတ်

ကြောင်လေးတွေရဲ့ ဝိုင်းစက်စက်မျက်လုံး၊ အမွှေးဖွားဖွားအမြီး၊ ပန်းရောင်ခြေဖဝါးတွေက လူသားတွေအတွက် အရမ်းချစ်စရာကောင်းနေပါတယ်။ ကြောင်လေးတွေက အိမ်ထောင့်မှာပုန်းပြီး တိုက်ခိုက်ဖို့အဆင်သင့်ဖြစ်နေတာ၊ ပန်းအိုး၊ သစ်ပင်လေးတွေကို စားတာတွေကို ကြောင်ပိုင်ရှင်တွေ မကြာခဏမြင်ဖူးပါတယ်။

အဲဒီလိုအပြုအမူတွေက သူတို့ရဲ့သဘာဝပါပဲ။ ကတ်ထူပုံးတွေက ကြောင်လေးတွေပုန်းဖို့အတွက် လုံခြုံတဲ့နေရာလို့ ခံစားရစေပါတယ်။ ကြောင်လေးတွေသာမက တိရစ္ဆာန်ရုံကခြင်္သေ့တွေတောင် ကတ်ထူပုံးထဲနေရတာကို ပိုကြိုက်ပါတယ်။

လုံခြုံမှု

ခပ်ကျဉ်းကျဉ်းကတ်ထူပုံးနေထဲမှာနေပြီး အပေါက်ကျဉ်းကျဉ်းလေးကနေ အပြင်ကို ချောင်းကြည့်ရတာက ကြောင်လေးတွေအတွက် အရမ်းလုံခြုံတယ်လို့ ခံစားရစေပါတယ်။ ကတ်ထူပုံးလေးတွေက သူတို့အတွက် သီးသန့်နေရာလို့လည်း ထင်မြင်တတ်ကြပါတယ်။

ကတ်ထူပုံးထဲရောက်တဲ့အခါ ကြောင်လေးတွေရဲ့ စိတ်ဖိစီးမှုက လျော့ပါးသွားပါတယ်။ အဲဒါကြောင့် ကတ်ထူပုံးကို ချစ်စရာကောင်းတဲ့အိပ်ရာထက် ပိုကြိုက်ကြပါတယ်။

လိုက်လျောညီတွေမှု

ကြောင်လေးတွေကို နေရာအသစ်တစ်ခုကို ခေါ်သွားတော့မယ်ဆိုရင် ကတ်ထူပုံးတစ်ပုံးကိုသာ ယူခဲ့လိုက်ပါ။ ကြောင်လေးတွေက ဘယ်နေရာကိုပဲရောက်ရောက် ကတ်ထူပုံးကို မြင်ရင် ပျော်သွားလေ့ရှိပါတယ်။ ခပ်ကြီးကြီးကတ်ထူပုံးက ကြောင်လေးတွေအတွက် အရမ်းအဆင်ပြေစေပါတယ်။

အိပ်စက်တဲ့အခါ နွေးခြင်း

ကြောင်လေးတွေက တစ်ရက်ကို ၁၄ နာရီလောက်အိပ်ပါတယ်။ တချို့ကြောင်တွေဆိုရင် တစ်ရက်ကို နာရီ ၂၀ ခန့်အိပ်ပါတယ်။ အဲဒါကြောင့် ကတ်ထူပုံးက သူတို့အတွက်အံဝင်ခွင်ကျပြီး နွေးထွေးတဲ့နေရာဖြစ်စေပါတယ်။ ဆိုဖာပေါ်မှာ အိပ်ရတာထက် ကတ်ထူပုံးထဲဝင်အိပ်ရတာ ပိုနွေးထွေးတယ်လို့ ကြောင်လေးတွေက ယုံကြည်ကြပါတယ်။

ကုတ်ခြစ်ဖို့ လွယ်ကူခြင်း

ကြောင်လေးတွေက ကတ်ထူပုံးကို ကြိုက်ရတဲ့အကြောင်းအရင်းတစ်ခုကတော့ သူတို့အတွက် အရမ်းဆော့လို့ ကောင်းလို့ပါ။ ကတ်ထူပုံးထဲမှာ သူတို့စိတ်ကြိုက်ကုတ်ခြစ်လို့ ရနိုင်ပါတယ်။

ကြောင်လေးတွေအတွက် အရုပ်မရှိတဲ့အခါမှာ ကတ်ထူပုံးသာ ပေးထားလိုက်ပါ။ ဈေးမကြီးတဲ့ ကတ်ထူပုံးလေးတွေက ကြောင်လေးတွေကို ပျော်ရွှင်စေပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments