ကြောင်လေးတွေက လူသားတွေနဲ့အတူနေထိုင်ခဲ့တာ နှစ်ပေါင်းထောင်ချီကြာမြင့်နေပါပြီ။ ကြောင်လေးတွေက ချစ်စရာကောင်းပြီး သူတို့ရဲ့အလွဲလေးတွေကလည်း ရယ်ရခက်၊ ငိုရခက်ပါပဲ။ ကြောင်လေးတွေကို မွေးတဲ့အခါမှာ ပျော်ရွှင်မှုတွေအပြင် ကျန်းမာရေးအတွက်ပါ ကောင်းကျိုးတွေ ရရှိစေပါတယ်။
၁။ ကြောင်အော်သံက နာကျင်မှုတွေကို ကုစားပေးနိုင်ခြင်း
ကြောင်လေးတွေရဲ့ တညောင်ညောင်အော်သံတွေက အရိုးနာကျင်ကျင်မှုတွေ၊ ကြွက်သားနာကျင်မှုတွေကို ကုစားပေးနိုင်တဲ့အစွမ်းရှိကြောင်း လေ့လာချက်တစ်ခုမှာ ဖော်ပြထားပါတယ်။
ကြောင်လေးတွေက 20Hz ကနေ 140Hz အထိ အော်နိုင်ကြပါတယ်။ 18Hz ကနေ 35Hz အထိ ရှိတဲ့ကြောင်လေးတွေရဲ့အော်သံက အရိုးအဆစ်နာကျင်မှုတွေကို သက်သာစေပါတယ်။
၂။ လူသားတွေရဲ့စိတ်ကျန်းမာရေးကိုလည်း တိုးတက်စေခြင်း
ကြောင်မွေးထားသူနဲ့ ကြောင်မမွေးထားတဲ့သူတွေကို လေ့လာကြည့်တဲ့အခါမှာ ကြောင်မွေးထားတဲ့သူတွေက စိတ်ကျန်းမာရေးပိုကောင်းကြောင်း ဩစတေးလျသုတေသီအဖွဲ့တစ်ခုက ဖော်ပြထားပါတယ်။
ကြောင်မွေးထားတဲ့သူတွေက ပျော်ရွှင်မှုတွေကို နေ့စဉ်ရရှိနေပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေတိုးလာပါတယ်။ ဘဝမှာကြုံလာရတဲ့ပြဿနာတွေကိုလည်း ပိုပြီး ဖြေရှင်းလာနိုင်ပါတယ်။
၃။ စိတ်ဖိစီးမှုတွေကို ဖြေလျှော့ပေးခြင်း
ကြောင်လေးတွေက လူသားတွေရဲ့ပေါင်ပေါ်မှာ လာအိပ်ရင်းနဲ့ စိတ်ဖိစီးမှုတွေကို လျှော့ချပေးတာပါ။ သူတို့ကို ပွတ်သပ်ပေးတဲ့အခါမှာ စိတ်က ပိုတည်ငြိမ်လာပါတယ်။ ကြောင်လေးတွေရဲ့ ချစ်စရာအမူအရာလေးတွေကြောင့် ပူပန်သောကတွေလည်း အနည်းအကျဉ်းလျော့သွားပါတယ်။
၄။ နှလုံးရောဂါဖြစ်နိုင်ချေကို နည်းပါးစေခြင်း
ကြောင်လေးတွေက စိတ်ဖိစီးမှုတွေကို လျှော့ပေးရုံတင်မကပါဘူး။ နှလုံးရောဂါဖြစ်နိုင်ချေကိုပါ နည်းသွားစေပါတယ်။ ကြောင်လေးတွေက စိတ်ကျန်းမာရေးကိုသာမက ခန္ဓာကိုယ်ကျန်းမာရေးကိုပါ အထောက်အကူပြုပါတယ်။ ဒါပေမယ့် အချို့ကြောင်တွေက မြွေတွေကို လက်ဆောင်အဖြစ် အိမ်ကို ယူလာပေးတတ်ပါတယ်။
၅။ အိပ်ရတာ ပိုကောင်းလာခြင်း
ကြောင်လေးတွေနဲ့ အိပ်ရာထဲမှာ အတူတူအိပ်တာက ကျန်းမာရေးအတွက် မကောင်းပါဘူး။ ဒါပေမယ့် အိပ်ရာမတူဘဲ တစ်ခန်းတည်းအတူတူအိပ်တာကတော့ အိပ်ရတာ ပိုကောင်းစေမှာပါ။ ကြောင်လေးတွေရှိနေရင် အဖော်ရှိတယ်လို့ ခံစားရပြီး ညဘက်တွေလည်း ခဏခဏ လန့်နိုးတော့မှာမဟုတ်ပါဘူး။
၆။ နှစ်သိမ့်ပေးတတ်ခြင်း
ကြောင်လေးတွေက လူသားတွေရဲ့မျက်နှာအမူအရာကို နားလည်ပါတယ်။ သူတို့အပေါ်ကောင်းတဲ့သခင်ကိုလည်း မှတ်ထားလေ့ရှိပါတယ်။
ဝမ်းနည်းနေတဲ့အချိန်မှာ အမြဲတမ်းအဖော်ပြုပေးနေတတ်တာတော့ ကြောင်လေးတွေပါ။ ကြောင်လေးတွေက စကားမပြောတတ်ပေမယ့် လူသားတွေအတွက် သူငယ်ချင်းကောင်းတစ်ယောက်လိုပါပဲ။
၇။ ကလေးတွေကို ဓာတ်မတည့်မှုကနေ မဖြစ်အောင် ကာကွယ်ပေးခြင်း
အသက်တစ်နှစ်အောက် ကလေးတွေက ကြောင်လေးတွေနဲ့ ထိတွေ့ဖူးရင် ဓာတ်မတည့်မှုတွေ ဖြစ်တာ နည်းသွားကြောင်း လေ့လာမှုတစ်ရပ်မှာ ဖော်ပြထားပါတယ်။
ကလေးတွေမှာ ဓာတ်မတည့်မှုအပြင် ဖုန်နဲ့ အခြားအညစ်အကြေးတွေကြောင့် ဖြစ်တတ်တဲ့ဓာတ်မတည့်မှုတွေကိုလည်း နည်းပါးသွားစေပါတယ်။
Zombie (lovemedia)
0 Comments