ကြောင်လေးတွေရဲ့ မျက်လုံးကနေ သိနိုင်မယ့် ကြောင်လေးတွေရဲ့အကြောင်း

ကြောင်လေးတွေက မျက်လုံးနဲ့ ဆက်သွယ်တတ်ပါတယ်။ ကြောင်လေးတွေ ဒေါသထွက်နေတာလား၊ ပျော်ရွှင်နေတာလား၊ ရန်လိုနေတာလားဆိုတာကို သူတို့ရဲ့မျက်လုံးကနေ တစ်ဆင့်သိနိုင်ပါတယ်။

၁။ မျက်ခွံမှေးပြီးကြည့်ခြင်း

ကြောင်လေးက သင့်ကို ကြည့်တဲ့အခါ မျက်လုံးကို မှေးပြီး ကြည့်နေရင် သင့်ကို ယုံကြည်ကြောင်း၊ ပျော်ရွှင်ကြောင်း ဖော်ပြတာပါ။ မျက်လုံးကို မှေးကြည့်ရင်းနဲ့ တစ်ခါတရံ မျက်တောင်ခတ်တတ်ပါတယ်။ အဲဒါကတော့ သင့်ဆီက ဂရုစိုက်တာတွေကို လိုချင်နေတာပါ။

၂။ မျက်လုံးသူငယ်အိမ်က ကျယ်ကားလာပြီး မျက်လုံးမှေးခြင်း

ကြောင်လေးတွေမှာ မျက်လုံးသူငယ်အိမ်ကျယ်ကားလာပြီး မျက်လုံးက မှေးသွားရင် ခန္ဓာကိုယ်ထဲမှာ တစ်ခုခု နာကျင်ခံစားနေရတာပါ။

ကြောင်လေးတွေရဲ့နေမကောင်းတဲ့အခါ မျက်လုံးသူငယ်အိမ်ကို သတိထားပြီး ကြည့်ရှုသင့်ပါတယ်။ မျက်လုံးထဲမှာ ပြဿနာတစ်ခုခုဖြစ်ရင်လည်း ဒီအမူအရာကို ပြတတ်ပါတယ်။

၃။ တစ်စုံတစ်ခု သို့မဟုတ် တစ်စုံတစ်ယောက်ကို စိုက်ကြည့်ခြင်း

ကြောင်လေးတွေက သူတို့အတွက် အန္တရာယ်ပေးမယ့်အရာလား ဆိုတာကို စူးစမ်းဖို့ စိုက်ပြီး ကြည့်တတ်ပါတယ်။ အဲဒီအချိန်မှာ မျက်လုံးသူငယ်အိမ်က ကျယ်နေတတ်ပါတယ်။

ခန္ဓာကိုယ်က ကိုယ့်ကိုယ်ကိုယ်ကာကွယ်ဖို့အတွက် အသင့်အနေအထားယူတဲ့ပုံစံမျိုး ပြုလုပ်ထားတတ်ပါတယ်။ ကြောင်လေးက ရန်လိုနေတယ်ဆိုရင်တော့ မျက်လုံးသူငယ်အိမ်က ကျယ်လာပြီး မျက်မှောင်ကျုံ့နေပါတယ်။

၄။ မျက်လုံးပြူးကြည့်ခြင်း

ကြောင်လေးတွေက အရမ်းအံ့ဩနေတဲ့အခါမှာ မျက်လုံးက ပြူးနေတတ်ပါတယ်။ ဒါ့အပြင် ကြောင်လေးက သင့်ကို ပိုပြီးယုံကြည်တဲ့အကြောင်း ပြသခြင်းတစ်မျိုးပါပဲ။

ကြောင်လေးတွေက မျက်လုံးပြူးပြီး ကြည့်တဲ့အခါ မျက်လုံးတွေက ဝိုင်းစက်နေပြီး အရမ်းကို ချစ်စရာကောင်းနေတတ်ပါတယ်။

၅။ မျက်တောင်မခတ်ခြင်း

ကြောင်လေးတွေက မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေရင် တစ်စုံတစ်ရာကို ရန်ပြုဖို့အတွက် ပြင်ဆင်နေတာပါ။

အခြားကြောင်လေးတွေ အနီးအနားမှာ ရှိနေတဲ့အချိန် သင့်ကြောင်လေးက မျက်တောင်မခတ်ဘဲ ကြည့်နေရင် သူတို့ပိုင်နက်ဖြစ်ကြောင်း မျက်လုံးနဲ့ ဆက်သွယ်ပြောဆိုနေတာပါ။

Zombie (lovemedia)

Post a Comment

0 Comments