ခံတွင်းနံ့မဆိုးအောင်လို့ အမြဲပြုလုပ်သင့်တဲ့အရာ (၅) ခု

ခံတွင်းနံ့ဆိုးတာက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေကို လျော့နည်းစေပါတယ်။ ခံတွင်းနံ့မဆိုးစေဖို့ ခံတွင်းကျန်းမာရေးကို အမြဲတမ်း ဂရုစိုက်သင့်ပါတယ်။ ခံတွင်းနံ့မဆိုးစေဖို့အတွက် ပြုလုပ်သင့်တဲ့အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ အာသီးကျောက်တွေကို ဖယ်ရှားပါ။

အာသီးကျောက်ဆိုတာက အာသီးထဲမှာ တည်ရှိနေတဲ့ အဖြူရောင်အရည်ပျစ်တွေပဲ ဖြစ်ပါတယ်။ အာသီးကျောက်တွေက အထဲမှာ ခိုင်မြဲနေတာကြောင့် တွေ့ဖို့ခက်ခဲ့ပါတယ်။ အာသီးကျောက်က ဘက်တီးရီးယားတွေကို ဆွဲဆောင်ပြီး ခံတွင်းအနံ့ဆိုးတွေ ထွက်ပေါ်လာပါတယ်။

အာသီးကျောက်တွေကို ဖယ်ရှားဖို့ သဘာဝနည်းလမ်းကတော့ ပန်းသီးရှာလကာရည် သို့မဟုတ် ဆားရည်နဲ့ ပလုပ်ကျင်းတာပါ။ ပလုပ်ကျင်းပေးတာက အာသီးကျောက်တွေဖြစ်ပေါ်လာတာကို ကာကွယ်ပြီးသားဖြစ်စေပါတယ်။

၂။ မနက်စာ စားပါ။

မနက်စာက ခန္ဓာကိုယ်အတွက် အားအင်တွေ အများကြီးဖြစ်စေပါတယ်။ မနက်စာကို မစားတဲ့သူတွေမှာ ခံတွင်းနံ့ဆိုးတွေ ပိုဖြစ်လေ့ရှိပါတယ်။

မနက်စာကို ကျန်းမာရေးနဲ့ညီညွတ်အောင် သကြားနည်းပါးတဲ့အစားအစာ၊ သကြားမပါဝင်တဲ့ ဆလပ်ရွက်၊ ပန်းသီး၊ ဒိန်ချဉ်၊ နွားနို့နဲ့ အမျှင်ဓာတ်များပြားတဲ့အစားအစာတွေကို စားသုံးပေးသင့်ပါတယ်။

၃။ နှာခေါင်းကနေပဲ အသက်ရှူပါ။

နှာခေါင်းကနေ အသက်မရှူဘဲ ပါးစပ်ကနေ အသက်ရှူသူတွေမှာ ခံတွင်းနံ့ဆိုးတွေ ကြာရှည်ဖြစ်ပေါ်နေလေ့ရှိပါတယ်။

ပါးစပ်ကနေ အသက်ရှူတာကြောင့် တံတွေးထဲမှာ ဘက်တီးရီးယားတွေက ကြာရှည်ခိုအောင်းနေပါတယ်။ ပါးစပ်နဲ့အသက်ရှူတာက သွားဖုံးကျန်းမာရေးကိုလည်း ထိခိုက်စေပြီး မေးရိုးလည်း မလှမပဖြစ်လာပါတယ်။

၄။ ရေများများသောက်ပါ။

အပူအစပ်အစားအစာ၊ ကာဖိန်းဓာတ်များတဲ့အစားအစာ၊ အသား၊ ငါးတို့ကို စားသုံးပြီးနောက်မှာ ရေကို များများသောက်ပေးသင့်ပါတယ်။ အဲဒီလိုအစားအစာတွေက ခံတွင်းနံ့ဆိုးတွေ ပိုဖြစ်စေတာကြောင့်ပါ။

အစပ်တွေစားပြီးနောက်မှာ ခံတွင်းနံ့မဆိုးအောင် သကြားမပါတဲ့ပီကေကို ဝါးပေးနိုင်ပါတယ်။ အသား၊ ငါးတွေကို စားပြီးနောက်မှာ သံပုရာရည်သောက်ရင် ခံတွင်းနံ့ဆိုးတာ သက်သာစေပါတယ်။

၅။ ပလုပ်ကျင်းပါ။

အစားစားပြီးတိုင်းမှာ ပလုပ်ကျင်းတာက သွားကျန်းမာရေး၊ ခံတွင်းကျန်းမာရေးအတွက်အကောင်းဆုံးပါ။ ပလုပ်ကျင်းတာကြောင့် အစားအစာအကြွင်းအကျန်တွေက သွားကြားထဲမှာ ကပ်ပြီးမကျန်နေတော့ပါဘူး။ ခံတွင်းနံ့က အမြဲလိုလိုဆိုးနေတဲ့အခါမှာတော့ သွားဆရာဝန်နဲ့ ပြသသင့်ပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments