Daniel Kish ဆိုတဲ့အမျိုးသားတစ်ယောက်ဟာ အသက် ၁၃ လကတည်းက မျက်လုံးကွယ်သွားခဲ့ပါတယ်။ ဒါပေမယ့် သူဟာ မျက်လုံးကွယ်နေပေမယ့် အခက်အခဲတွေကို ကျော်လွှားနိုင်အောင် ကြိုးစားနိုင်သူပါ။
သူဟာ စက်ဘီးစီးပြီး အချိန်တွေကို တက်တက်ကြွကြွ ကုန်ဆုံးပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ Daniel Kish က လမ်းပေါ်မှာ စက်ဘီးစီးနိုင်ဖို့ အကြားအာရုံကို အသုံးချခဲ့တာကြောင့်ပါ။
Daniel Kish တစ်ယောက် အသံမျိုးစုံပြုလုပ်တာကို သူ့အမေက မတားမြစ်ရက်ခဲ့ပါဘူး။
အမြင်အာရုံပျောက်ကွယ်သွားတဲ့ကလေးတွေက ကမ္ဘာကြီးနဲ့ ထိတွေ့ခွင့်ရတဲ့အခါမှာ အသံတွေကို အမျိုးမျိုးပြုလုပ်တတ်ကြပါတယ်။ Daniel Kish ကလည်း အသက် ၂ နှစ်ကတည်းက အသံမျိုးစုံကို ပြုလုပ်ခဲ့ပါတယ်။
ဒါပေမယ့် သူ့အမေကတော့ ပါးစပ်နဲ့ အသံမျိုးစုံလုပ်တာ၊ အရာဝတ္တုတွေနဲ့ အသံမျိုးစုံလုပ်တာကို မတားရက်ခဲ့ပါဘူး။ အဲဒီလိုမတားမြစ်ခဲ့တာကြောင့် Daniel Kish က အမြင်အာရုံပျောက်ကွယ်ပေမယ့် အကြားအာရုံနဲ့ ကိုယ့်ကိုယ်ကိုယ် ရပ်တည်လာနိုင်ပါတယ်။
Daniel Kish ဟာ လင်းနို့လူသားတစ်ယောက်လို ဖြစ်လာပါတယ်။
Daniel Kish က လင်းနို့တွေအသုံးပြုတဲ့နည်းလမ်းတစ်ခုကို အသုံးချခဲ့ပါတယ်။ သိပ္ပံနည်းအရ အဲဒါကို echolocation လို့ခေါ်ပါတဘ်။ သူဟာ အသံတစ်သံကို ပြုလုပ်ပြီး သူ့အနီးအနားက ရှိတဲ့အရာတွေကနေ ပဲ့တင်သံက ပြန်ထွက်လာပါတယ်။
အဲဒီနည်းလမ်းကို အသုံးချနိုင်တာကြောင့် လမ်းပေါ်မှာ စက်ဘီးတောင် စီးလာနိုင်ပါတယ်။ အဲဒါကြောင့် သူ့ကို လူအများက လင်းနို့လူသားလို့တောင် ခေါ်ကြပါတယ်။
Daniel Kish က ပညာရေးအဖွဲ့အစည်းတစ်ခုကို တည်ထောင်နိုင်ခဲ့ပါတယ်။
Daniel Kish က echolocation ကို ကောလိပ်မှာ ကျယ်ကျယ်ပြန့်ပြန့်လေ့လာခဲ့ပါတယ်။ အဲဒီကောလိပ်မှာပဲ မဟာဘွဲ့နှစ်ဘွဲ့ကို ရရှိခဲ့ပါတယ်။ ဒါ့အပြင် သူကျွမ်းကျင်တဲ့အရာတွေကိုလည်း အခြားသူတွေကို သင်ကြားပေးနိုင်ဖို့ လုပ်ဆောင်ခဲ့ပါတယ်။
Daniel Kish က အမြင်အာရုံပျောက်ကွယ်သူတွေအပေါ် ကန့်သတ်ချက်တွေ ထားတာကို သဘောမကျပါဘူး။ World Access For the Blind (WAFTB) ဆိုတဲ့ ပညာရေးအဖွဲ့အစည်းကို Daniel Kish တည်ထောင်ခဲ့ပြီး ကမ္ဘာတစ်ဝှမ်းက လူပေါင်း ၇ ထောင်ကျော်ကို ကူညီနိုင်ခဲ့ပါတယ်။
Daniel Kish က သုတေသနတွေ ပြုလုပ်ဖို့လည်း တိုက်တွန်းခဲ့ပါတဘ်။
Daniel Kish ရဲ့ကြိုးစားအားထုတ်မှုကြောင့် echolocation နဲ့ပတ်သက်တဲ့ သုတေသနတွေအများကြီး ပေါ်ထွက်လာပါတယ်။ သုတေသနတစ်ခုမှာဆိုရင် echolocation အတွက် အထိရောက်ဆုံးအသံတစ်ခုကို သိပ္ပံပညာရှင်တွေ ရှာဖွေတွေ့ရှီခဲ့ပါတယ်။
Daniel Kish ကိုယ်တိုင်လည်း အခြားသောသုတေသနတွေမှာ ပါဝင်ခဲ့ပါတယ်။ သူ့ရဲ့ဦးနှောက်ကို scan ဖတ်ပြီး ပဲ့တင်သံနဲ့ ပတ်သက်တဲ့သုတေသနလုပ်ငန်းတွေမှာ အသုံးပြုနိုင်ခဲ့ပါတယ်။
စိတ်ခွန်အားဖြစ်စေဖို့လည်း Daniel Kish က တိုက်တွန်းလေ့ရှိပါတယ်။
TED Talk နဲ့ PopTech တို့မှာလည်း Daniel Kish က အခြားသူတွေကို တိုက်တွန်းအားပေးစကားတွေ ပြောကြားဖူးပါတယ်။ Daniel Kish က အမြင်အာရုံ လုံးဝပျောက်ကွယ်သူဖြစ်ပေမယ့်လည်း အားမလျှော့ဘဲ ကြိုးစားခဲ့သူပါ။
သူ့ရဲ့ကြိုးစားအားထုတ်မှုတွေက အမြင်အာရုံပျောက်ကွယ်သူတွေအတွက်သာမက အားလုံးအတွက်ပါ အရှုံးမပေးဖို့ အားအင်တွေ ဖြစ်စေပါတယ်။
Zombie (lovemedia)
0 Comments