အလှအပပစ္စည်းတွေကို ဝယ်ယူတဲ့အခါမှာ အသားအရေအမျိုးအစားနဲ့ အရေပြားဆရာဝန်တို့ရဲ့ထောက်ခံချက်ပေါ်မူတည်ပြီးတော့သာ ရွေးချယ်သင့်ပါတယ်။
အလှအပပစ္စည်းမကောင်းတာကြောင့် အသားအရေထိခိုက်သွားရင် အချိန်ကုန်လူပန်းတဲ့အပြင် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုတွေပါ အားနည်းလာစေပါတယ်။ အလှအပပစ္စည်းနဲ့ပတ်သက်ပြီး အရေပြားဆရာဝန်တွေ ဘယ်တော့မှမညွှန်းတဲ့ပစ္စည်းတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။
၁။ Hand and body lotion
အရေပြားဆရာဝန်တွေက lotion ထက် ပိုမိုစေးပျစ်တဲ့ခရင်မ်တွေကို အသုံးများကြပါတယ်။ ခရင်မ်တွေက အသားအရေထဲထိ စိမ့်ဝင်ပြီး ခန္ဓာကိုယ်မှာ အချိန်ကြာကြာ ရေဓာတ်ထိန်းပေးထားပါတယ်။
Body lotion တွေမှာ ရေပါဝင်မှုများပါတယ်။ Body lotion လိမ်းပြီးတဲ့အခါမှာ စေးကပ်ကပ်ခံစားမှုကိုလည်း ရရှိတာကြောင့်ပါ။
၂။ Charcoal face mask
Charcoal face mask ကို သုံးစွဲဖို့ အရေပြားဆရာဝန်တွေက မညွှန်းကြပါဘူး။ Charcoal face mask က နာကျင်စေတဲ့အပြင် အသားအရေရဲ့ဖွဲ့စည်းပုံကိုလည်း အနည်းငယ်ထိခိုက်သွားစေတာကြောင့်ပါ။ သူ့ရဲ့ပါဝင်ပစ္စည်းတွေက အရေပြားဆဲလ်တွေနဲ့ သဘာဝအဆီတွေကိုပါ ဖယ်ရှားပစ်ပါတယ်။
၃။ Sunscreen spray
Sunscreen spray နဲ့ Sunscreen cream ကို ယှဉ်လာရင် Sunscreen cream ကို ရွေးချယ်သင့်ပါတယ်။ Sunscreen spray ကို ဖျန်းလိုက်ရင် အရေပြားထိမရောက်ခင် လေထဲမှာတင်ပဲ အလေအလွင့်တွေ အများကြီးဖြစ်သွားပါတယ်။
ဇင့်ပါဝင်တဲ့ Sunscreen က အသားအရေကို နူးညံ့စေပြီး ပိုပြီးထိရောက်တယ်လို့ အရေပြားဆရာဝန်တွေက ယုံကြည်ကြပါတယ်။
၄။ Tanning oil
အသားညိုစေတဲ့ Tanning oil တွေက အသားအရေကို ခရမ်းလွန်ရောင်ခြည်ဒဏ်ကနေ မကာကွယ်ပေးနိုင်ပါဘူး။ ဒါ့အပြင် ချွေးပေါက်တွေ ပိတ်စေပြီး အသားအရေကို ပိုဆိုးလာစေပါတယ်။
၅။ Hydrocortisone cream
ဒီခရင်မ်က စတီးရွိုက်တွေပြင်းထန်တဲ့အမျိုးအစားတစ်ခုပါပဲ။ အရေပြားပြဿနာကြီးကြီးမားမားကရှိတဲ့သူတွေပဲ အသုံးများကြပါတယ်။ ဒါပေမယ့် အချို့တွေက ဆရာဝန်ရဲ့လမ်းညွှန်ချက်မပါဘဲ ဝက်ခြံကုသဖို့အတွက် အသုံးပြုကြပါတယ်။ ဒါပေမယ့် ဝက်ခြံမပျောက်တဲ့အပြင် ပိုဆိုးလာစေမှာပါ။
၆။ Foot mask
အရေပြားဆရာတွေက Foot mask ကိုလည်း သုံးဖို့ မညွှန်းပါဘူး။ Foot mask အစား ခရင်မ်ကို လိမ်းပေးရင်လည်း အာနိသင်က အတူတူပါပဲ။
၇။ အုန်းဆီ
အုန်းဆီက အရမ်းကို လူကြိုက်များပါတယ်။ ဒါပေမယ့် မျက်နှာအရေပြားအတွက်တော့ အုန်းဆီကို မသုံးသင့်ပါဘူး။ အုန်းဆီက မျက်နှာအသားအရေကို အဆီပြန်စေပြီး ချွေးပေါက်တွေ ပိတ်စေပါတယ်။ အဲဒီကနေ ဝက်ခြံတွေ ဖြစ်စေတာကြောင့်ပါ။
Zombie (lovemedia)
0 Comments