မုတ်ဆိတ်ရှိတဲ့အမျိုးသားတွေက ဘာ့ကြောင့် ပိုဆွဲဆောင်မှုရှိနေတာလဲ

အမျိုးသားတွေ မုတ်ဆိတ်ထားတာကို ရှေးတုန်းက အမြင်အမျိုးမျိုးနဲ့ ဝေဖန်ခဲ့ကြပါတယ်။ ယနေ့ခေတ်မှာတော့ မုတ်ဆိတ်ထားတဲ့ အမျိုးသားတွေက ဆွဲဆောင်မှုရှိပြီး ဖက်ရှင်ကျကြောင်း ယူဆလာကြပါတယ်။

အဲဒါကြောင့် မုတ်ဆိတ်ရှိတဲ့အမျိုးသားတွေက ဘာ့ကြောင့် ပိုဆွဲဆောင်မှုရှိနေလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်နော်။

ကိန်းဂဏန်းတွေအရ မုတ်ဆိတ်ရှိတဲ့အမျိုးသားတွေက သူတို့ဘဝရဲ့ ၃၃၅၀ နာရီလောက်ကို ရေချိုးခန်းထဲမှာ မုတ်ဆိတ်ရင်းနဲ့ ကုန်ဆုံးကြပါတယ်။

မုတ်ဆိတ်တွေကို သပ်သပ်ရပ်ရပ်ထားတဲ့အခါမှာတော့ အမျိုးသမီးတွေရဲ့အမြင်မှာ ညစ်ပတ်တယ်လို့ မမြင်တော့ဘဲ ဆွဲဆောင်မှုရှိတယ်လို့တောင် ထင်လာကြပါတယ်။


ဒါ့အပြင် စစ်တမ်းတွေအရ အမျိုးသမီးတွေရဲ့စိတ်ကူးထဲက အမျိုးသားတွေရဲ့ပုံစံမှာ မုတ်ဆိတ်ပါလေ့ရှိပါတယ်။ အမျိုးသားတွေမှာ မုတ်ဆိတ်ရှိတာနဲ့ မရှိတာရဲ့ကြားမှာ ရုပ်ရည်သွင်ပြင်က ကွဲပြားသွားပါသေးတယ်။


ဒီအကြောင်းကို ဩစတေးလျနိုင်ငံက သုတေသနပညာရှင်တွေက လေ့လာခဲ့ကြပါတယ်။ အဲဒီလေ့လာချက်မှာ အမျိုးသမီးပေါင်း ၈၅၀၀ ပါဝင်ပါတယ်။


မုတ်ဆိတ်ရိတ်ထားတဲ့အမျိုးသားရဲ့ဓာတ်ပုံ၊ မုတ်ဆိတ်တိုတိုလေးတွေရှိတဲ့ အမျိုးသားရဲ့ဓာတ်ပုံ၊ မုတ်ဆိတ်အရှည်ကြီးရှိတဲ့အမျိုးသားရဲ့ဓာတ်ပုံ၊ မုတ်ဆိတ်ကို သပ်သပ်ရပ်ရပ်ထားတဲ့ အမျိုးသားရဲ့ဓာတ်ပုံတွေကို အမျိုးသမီးတွေကို ပြသခဲ့ပါတယ်။


ဒါ့အပြင် စစ်တမ်းမှာ ပါဝင်တဲ့အမျိုးသမီးတွေကို ဘယ်အမျိုးသားက ဆွဲဆောင်မှုရှိသလဲဆိုတာကို မေးမြန်းခဲ့ပါတယ်။


အမျိုးသမီးအများစုက မုတ်ဆိတ်ထားတဲ့အမျိုးသားတွေကို ဆွဲဆောင်မှုရှိတယ်လို့ မှတ်ချက်ပေးပြီး မုတ်ဆိတ်ရှိတဲ့အမျိုးသားနဲ့ ရေရှည်လက်တွဲသွားချင်ကြောင်း၊ မုတ်ဆိတ်မရှိတဲ့အမျိုးသားနဲ့တော့ ခဏတာပဲ တွဲချင်ကြောင်း ဖြေဆိုပါတယ်။


အမျိုးသမီးအများစုရဲ့အမြင်မှာ မုတ်ဆိတ်ရှိတဲ့အမျိုးသားတွေက ယောက်ျားပီသကြောင်း၊ ဆွဲဆောင်မှုရှိကြောင်း သတ်မှတ်ထားကြပါတယ်။ မုတ်ဆိတ်ထားတာက အမျိုးသားတွေအတွက် ပိုပြီးခန့်ငြားတည်ငြိမ်မှုရှိကြောင်းကို ပြသသလိုပါပဲ။


ဒါ့အပြင် မုတ်ဆိတ်ရှိတဲ့အမျိုးသားတွေကလည်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေ ပိုရှိကြပါတယ်။ အဲဒါကြောင့် သင်လည်း မုတ်ဆိတ်ထားပြီး အထာကျတဲ့ဘီးကျဲအဖြစ် ဖက်ရှင်ကျနိုင်ပါပြီ။

Zombie (lovemedia)

Post a Comment

0 Comments