မိုးပျံပူဖောင်းတွေကို မလွှတ်သင်တဲ့အကြောင်းအရင်းများ

အခမ်းအနားတွေ ကျင်းပကြတဲ့အခါမှာ မိုးပျံပူဖောင်းတွေ လွှတ်တင်လေ့ရှိတာကို နေရာတော်တော်များများမှာ တွေ့နိုင်ပါတယ်။

မိုးပျံပူဖောင်းတွေ ကောင်းကင်မှာ လွှင့်တက်သွားက ကြည့်လို့လှပပေမယ့် သဘာဝပတ်ဝန်းကျင်ကိုတော့ ထိခိုက်စေပါတယ်။ အဲဒါကြောင့် မိုးပျံပူဖောင်းတွေကို မလွှတ်သင့်တဲ့ အကြောင်းအရင်းတွေကို ဖော်ပြလိုက်ပါတယ်နော်။

၁။ မိုးပျံပူဖောင်းတွေက ရေနေသတ္တဝါတွေအတွက် အကြီးမားဆုံးအန္တရာယ်ပါ။

မိုးပျံပူဖောင်းတွေက ပင်လယ်ထဲကို ကျလာတဲ့အခါမှာ ပင်လယ်ပျော်ငှက်တွေနဲ့ အခြားသော ရေနေသတ္တဝါတွေအတွက် အသက်ဆုံးတဲ့အထိ အန္တရာယ်ဖြစ်စေပါတယ်။

မိုးပျံပူဖောင်းတွေက အကွာအဝေးများစွာအထိ ခရီးနှင်နိုင်ကြပါတယ်။ မိုးပျံပူဖောင်းမှာပါဝင်တဲ့ ဖဲကြိုးတွေကလည်း ငှက်လေးတွေနဲ့ ရေနေသတ္တဝါအတွက် အသက်အန္တရာယ်ကို ထိခိုက်စေတဲ့အရာပါ။

သေဆုံးနေတဲ့ ပင်လယ်ပျော်ငှက်၊ လင်းပိုင်၊ ဝေလငါးတွေရဲ့ ဗိုက်တွေက မိုးပျံပူဖောင်း အပိုင်းအစတွေကို တွေ့ရပါတယ်။ မိုးပျံပူဖောင်းတွေကို ရေနေသတ္တဝါတွေက စားမိတဲ့အခါမှာ အစာမချေနိုင်တော့ဘဲ သေဆုံးသွားတတ်ကြပါတယ်။

၂။ မိုးပျံပူဖောင်းတွေက မဆွေးမြေ့လွယ်ပါဘူး။

မိုးပျံပူဖောင်းတွေကို latex သို့မဟုတ် mylar တို့နဲ့ ပြုလုပ်ပါတယ်။ မိုးပျံပူဖောင်းတွေက မြေကြီးပေါ်နဲ့ ရေထဲကို ကျသွားရင်တောင် ၆ လကနေ ၄ နှစ်အထိ မဆွေးမြည့်ပါဘူး။ အဲဒါကြောင့် သဘာဝပတ်ဝန်းကျင်နဲ့ မြေဆီလွှာတွေကို ထိခိုက်စေပါတယ်။

၃။ ပွဲတွေမှာ မိုးပျံပူဖောင်းတွေအစား အခြားအရာဝတ္တုတွေနဲ့ အလှဆင်နိုင်ပါတယ်။

ပွဲတွေမှာ မိုးပျံပူဖောင်းတွေကို အသုံးများကြပါတယ်။ ဒါပေမယ့် သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေဘဲ ပွဲကိုလည်း တင့်တယ်စေမယ့် အခြားအရာတွေ ရှိပါတယ်။

ဆပ်ပြာပူဖောင်းလေးတွေ လွှတ်တာ၊ စွန်လွှတ်တာ၊ ပန်းတွေကို ကျဲတာ စတဲ့နည်းလမ်းတွေနဲ့  အခမ်းအနားတွေကို ဖွင့်တဲ့အခါ သဘာဝပတ်ဝန်းကျင်ကို မထိခိုက်တဲ့အပြင် အမြင်အသစ်နဲ့ ပိုမိုလှပနေမှာပါ။

Zombie (lovemedia)

Post a Comment

0 Comments