မြေးတွေနဲ့အချိန်အတူတူကုန်တဲ့ အဘိုးအဘွားတွေက ဘာ့ကြောင့်အသက်ပိုရှည်တာလဲ

လူအများစုရဲ့ငယ်ဘဝအမှတ်တရတွေမှာ အဘိုးအဘွားတွေ ပါဝင်လေ့ရှိပါတယ်။ အဘိုးအဘွားတွေက မြေးတွေကို ထိန်းကျောင်းရင်းနဲ့ ပျော်ရွှင်နေခဲ့ကြပါတယ်။ လေ့လာချက်တစ်ခုအရ မြေးတွေကို ထိန်းတဲ့အဘိုးအဘွားတွေက အသက်ပိုရှည်ကြောင်း တွေ့ရပါတယ်။

မြေးတွေက အဘိုးအဘွားတွေအတွက် အသက်ရှည်ဆေးပါပဲ။ ဘာ့ကြောင့်လဲဆိုတော့ မြေးတွေကို ထိန်းတဲ့အဘိုးအဘွားတွေက အသက်ပိုရှည်နိုင်ချေ ၃၇ ရာခိုင်နှုန်းပိုများလာလို့ပါ။


ဒီလေ့လာမှုမှာ အသက် ၇၀ နဲ့အထက် အဘိုးအဘွား ၅၀၀ ပါဝင်ခဲ့ပါတယ်။ အဘိုးအဘွားတွေကို ၁၉၉၀ ခုနှစ်ကနေ ၂၀၀၉ ခုနှစ်အထိ နှစ်နှစ်တစ်ကြိမ် အင်တာဗျူးလုပ်ခဲ့ပါတဘ်။ ရလဒ်အရ မြေးတွေနဲ့ အချိန်ကုန်လေ့ရှိတဲ့အဘိုးအဘွားတွေက ၁၀ နှစ်ခန့် အသက်ပိုရှည်ကြပါတယ်။


မြေးတွေနဲ့ အချိန်ကုန်ရတာကြောင့် အဘိုးအဘွားတွေမှာ ပျော်ရွှင်မှုတွေရလာပါတယ်။ စိတ်ဓာတ်ကျတာလည်း နည်းပါးလာပါတယ်။ အထီးကျန်တာလည်း မရှိတော့ပါဘူး။ စိတ်ရောကိုယ်ပါ နုပျိုလာစေပါတယ်။

အောက်စဖို့ဒ်တက္ကသိုလ်ရဲ့လေ့လာချက်အရ အဘိုးအဘွားတွေရဲ့ ပြုစုစောင့်ရှောက်မှု၊ ထိန်းကျောင်းမှုနဲ့ ကြီးပြင်းလာရတဲ့ကလေးတွေမှာလည်း အကျိုးကျေးဇူးတွေ ရရှိလာကြပါတယ်။


အဘိုးအဘွားတွေက မြေးတွေရဲ့ဘဝမှာ အရေးပါသူတွေပါပဲ။ အဘိုးအဘွားတွေရဲ့ပြုစုစောင့်ရှောက်မှုနဲ့ ကြီးလာတဲ့ကလေးတွေက စိတ်ခံစားချက်နဲ့ပတ်သက်တဲ့ပြဿနာ၊ အပြုအမူနဲ့သက်ဆိုင်တဲ့ပြဿနာတွေ လျော့ပါးလေ့ရှိကြပါတယ်။


အဘိုးအဘွားတွေနဲ့ မြေးတွေ အတူတူအချိန်ကုန်ဆုံးတာက နှစ်ဦးနှစ်ဖက်လုံးအတွက် အကျိုးကျေးဇူးတွေရှိစေပါတယ်။ ဒါပေမယ့် အဘိုးအဘွားတွေက တကယ်ပဲ မြေးတွေနဲ့ အချိန်ကုန်ဆုံးချင်လားဆိုတာကိုတော့ သေချာအောင် ပြုလုပ်သင့်ပါတယ်။


အေးအေးဆေးဆေးနေချင်တဲ့အဘိုးအဘွားတွေအတွက် မြေးတွေကို ထိန်းကျောင်းရတဲ့အခါ စိတ်ဖိအားတွေဖြစ်လာပြီး ကျန်းမာရေးကို ပိုဆိုးလာစေနိုင်တာကြောင့်ပါ။

Zombie (lovemedia)

Post a Comment

0 Comments