ကလေးတွေကို နေရောင်ခြည်ကြောင့်ဖြစ်တတ်တဲ့ အသားအရေပြဿနာတွေကနေ ကာကွယ်ပေးနိုင်ဖို့နည်းလမ်းများ

ကလေးတွေရဲ့အသားအရေက အရမ်းနူးညံ့ပြီး ထိလွယ်ရှလွယ်တာကြောင့် ပိုမိုဂရုစိုက်ပေးဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် နေအရမ်းပူတဲ့ နွေရာသီမှာ ကလေးတွေက နေပူဒဏ်ကြောင့် အသားအရေပြဿနာတွေကို ခံစားရတတ်ပါတယ်။

အဲဒါကြောင့် ကလေးတွေကို နေရောင်ခြည်ကြောင့် ဖြစ်တတ်တဲ့ အသားအရေပြဿနာတွေကနေ ကာကွယ်နိုင်မယ့်နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ နေပူဒဏ်ကို ခံနိုင်မယ့်အကာအကွယ်

- ကလေးနဲ့အတူတူ အပြင်ထွက်တဲ့အခါမှာ အရိပ်ကောင်းတဲ့ နေရာကိုသာ ရွေးချယ်ပါ။ ဒါမှမဟုတ် ထီးကို အမြဲတမ်းတောင်ထားသင့်ပါတယ်။ ခရီးသွားတဲ့အခါမှာလည်း ကားရဲ့ပြူတင်းပေါက်တွေကို ကာထားပေးရင် ခရမ်းလွန်ရောင်ခြည်က ကလေးတွေနဲ့ ထိတွေ့တာ နည်းပါးသွားမှာပါ။

- နွေရာသီအပြင်ထွက်တဲ့အခါမှာတောင် ကလေးတွေကို အင်္ကျီလက်ရှည်နဲ့ ဘောင်းဘီရှည်ကို ဝတ်ပေးသင့်ပါတယ်။ ပွပွချောင်ချောင်အဝတ်အစားတွေက ကလေးတွေအတွက် အဆင်ပြေစေမှာပါ။ အပြင်သွားတဲ့အခါတိုင်းမှာလည်း ဦးထုပ်ကို ဆောင်းပေးသင့်ပါတယ်။

- ကလေးရဲ့မျက်လုံးကို ကာကွယ်ဖို့လည်း အရေးကြီးပါတယ်။ ကလေးရဲ့မျက်နှာနဲ့ အဆင်ပြေစေမယ့် နေကာမျက်မှန်တွေကို ရွေးချယ်ပေးနိုင်ပါတယ်။


- ပူပြင်းတဲ့နေ့ရက်တွေမှာ အပူလွန်ကဲတာကနေ ကာကွယ်နိုင်အောင် ကလေးတွေကို ရေများများတိုက်ပေးပါ။

၂။ နေလောင်ကာခရင်မ်

မနက် ၁၀ နာရီကနေ ညနေ ၄ နာရီကြားအချိန်က နေအပူဆုံးချိန်ပါပဲ။ အဲဒီလိုအချိန်တွေမှာတော့ ကလေးကို အိမ်ထဲမှာပဲ ထားသင့်ပါတယ်။ ကလေးကို အပြင်ခေါ်သွားဖို့ လိုအပ်တဲ့အခါ နေလောင်ကာခရင်မ်ကို လိမ်းပေးပါ။

- မွေးကင်းစကလေးနဲ့ အသက် ၆ လအောက်ကလေးတွေကို အပြင်ထွက်တဲ့အခါမှာ SPF 15 အနည်းဆုံးပါဝင်တဲ့ နေလောင်ကာခရင်မ်အနည်းငယ်သာ လိမ်းပေးပါ။

- အသက် ၆ လနဲ့အထက် ကလေးတွေကိုတော့ SPF ၃၀ ကနေ ၅၀ အထိရှိတဲ့နေလောင်ကာခရင်မ်ကို လိမ်းပေးနိုင်ပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments