စိတ်ဖိစီးမှုတွေကို လျော့နည်းစေတဲ့ အိမ်တွင်းစိုက်အပင် (၈) မျိုး

စိတ်ဖိစီးမှုတွေက စိတ်ရော ခန္ဓာကိုယ်ကိုပါ အများကြီး ဆိုးကျိုးပေးပါတယ်။ ဒါပေမယ့် အိမ်တွင်းစိုက်အပင်လေးတွေက စိတ်ဖိစီးမှုတွေကို လျော့နည်းအောင် ကူညီပေးနိုင်ပါတယ်။

ဘာ့ကြောင့်လဲဆိုတော့ ဒီအပင်လေးတွေမှာ outdoorphins ပါဝင်တာကြောင့်ပါ။ Outdoorphins တွေက စိတ်ဖိစီးမှုတွေကို သဘာဝအတိုင်း လျှော့ချပေးတဲ့အရာပါ။

၁။ လာဗင်ဒါပန်း

လာဗင်ဒါပန်းရဲ့ရနံ့က မွှေးပျံ့ပြီး သူ့ရဲ့အသွင်အပြင်ကလည်း စွဲဆောင်မှုရှိပါတယ်။ ဒီအပင်လေးကို အိမ်ထဲမှာ စိုက်ထားရင် စိတ်ကြည်လင်ပြီး မြန်မြန်အိပ်ပျော်လွယ်စေပါတယ်။ သူ့ရဲ့ရနံ့ကြောင့် စိတ်ဖိစိးမှုတွေက လျော့ကျသွားစေတာပါ။

၂။ နဂါးစက်ပင်

အိပ်ထဲမှာ အဆိပ်အတောက်ဖြစ်စေတဲ့ လေထုတွေ ရှိနေနိုင်ပါတယ်။ အဲဒီလို ညစ်ညမ်းတဲ့လေထုကြောင့် စိတ်က မကြည်မလင်ဖြစ်လာပါတယ်။

နဂါးစက်ပင်က အိမ်ထဲက မကောင်းတဲ့လေတွေကို စုပ်ယူပေးပါတယ်။ နဂါးစက်အပင်ကို စောင့်ရှောက်ရတာက အချိန်အများကြီး မပေးရပါဘဲ အရမ်းကို လွယ်ကူပါတယ်။

၃။ English ivy

ဒီနွယ်ပင်လေးက ခေါင်းကိုက်တာနဲ့ စိတ်ဖိစီးမှုတွေကို သက်သာစေပါတယ်။ အိပ်ပျော်ဖို့ ခက်တဲ့သူတွေအတွက် ဒီအပင်လေးကို အိမ်ထဲမှာ စိုက်ထားလိုက်ရုံနဲ့ လျင်လျင်မြန်မြန်အိပ်ပျော်စေပါတယ်။ ဒီနွယ်ပင်လေးက လေထုကို သန့်စင်ပေးတာကြောင့် ပန်းနာရင်ကျပ်ရှိတဲ့သူတွေအတွက်လည်း သင့်တော်ပါတယ်။

၄။ ပင်စိမ်း

ပင်စိမ်းပင်ကို ဟင်းခတ်အမွှေးအကြိုင်အဖြစ် ချက်ပြုတ်တဲ့နေရာမှာ အသုံးများပါတယ်။ ပင်စိမ်းက ဟင်းတွေကို ရနံ့မွှေးပျံ့စေရုံမကပါဘူး။ စိတ်ဖိစီးမှုတွေ၊ ပူပန်သောကများနေတာတွေကိုလည်း လျော့ကျစေပါတယ်။ ပင်စိမ်းပင်ရဲ့ရနံ့က စိတ်ကို တည်ငြိမ်စေပါတယ်။

၅။ ပက်ပါမင့်

အိမ်တွင်းစိုက်အပင်လေးတစ်မျိုးဖြစ်တဲ့ ပက်ပါမင့်က စိတ်ဖိစီးမှုတွေကို နည်းပါးစေပြီး အားအင်ပြည့်လာသလို ခံစားလာရစေပါတယ်။ အပင်လေးက သေးသေးလေးဖြစ်တာကြောင့် အလုပ်စားပွဲမှာထားလည်း အဆင်ပြေပါတယ်။ ပက်ပါမင့်အရွက်ခြောက်ကို ရေနွေးထဲမှာ ထည့်သောက်လို့လည်း ရပါတယ်။

၆။ ရှားစောင်းလက်ပတ်

ရှားစောင်းလက်ပတ်က အလှအပပစ္စည်းတွေမှာ အသုံးပြုတာ များပါတယ်။ ရှားစောင်းလက်ပတ်က နာကျင်ရောင်ရမ်းတာတွေကို သက်သာစေပါတယ်။

ဒါ့အပြင် အိမ်တွင်းလေထုကို သန့်စင်ပေးတာကြောင့် စိတ်ကိုလည်း ကြည်လင်လာစေပါတယ်။ ရှားစောင်းလက်ပတ်ပင်ကလည်း စောင့်ရှောက်ပြုစုရတာ အရမ်းလွယ်ကူတဲ့အပင်ပါ။

၇။ အုန်းပွား

အိမ်တွင်းလေထုကို သန့်စင်ပေးတဲ့နောက်ထပ်အပင်လေးကတော့ အုန်းပွားပင်ပါ။ အပင်လေးကို ကြည့်လိုက်ရုံနဲ့ စိတ်ပင်ပန်းတာတွေ ပြေပျောက်သွားစေတာပါ။

လတ်ဆတ်တဲ့လေကို ထုတ်ပေးနိုင်တာကြောင့် စိတ်လည်း ကြည်လင်လန်းဆန်းလာစေမှာပါ။ ဒါ့အပြင် အုန်းပွားပင်ကို ပြုစုရတာ မခက်ခဲဘဲ အပင်လေးက အရမ်းမကြီးတာကြောင့် အိမ်ထဲမှာ ထားလို့လည်း အဆင်ပြေပါတယ်။

၈။ ဂန္ဓာမာပန်း

ဂန္ဓာမာပန်းမှာ အရောင်တွေက အမျိုးစုံရှိပါတယ်။ ဂန္ဓာမာပန်းလေးတွေက လှပတဲ့အပြင် စိတ်ဖိစီးမှုတွေ လျော့နည်းအောင်လည်း ကူညီပေးပါသေးတယ်။

ဂန္ဓာမာပန်းပွင့်အခြောက်လေးတွေကိုလည်း ရေနွေးနဲ့ သောက်လို့ရပါသေးတယ်။ ဂန္ဓာမာပန်းတွေကို ရောင်စုံမြင်တွေ့နေရတဲ့အခါ စိတ်သောကတွေက အနည်းငယ် လျော့ပါးသွားမှာပါ။

Zombie (lovemedia)

Post a Comment

0 Comments